မြန်မာစစ်အစိုးရမှ ၎င်းတို့နှင့် နီးစပ်သည့်စီးပွားရေးလုပ်ငန်းရှင် ထူးထရေးဒင်းကုမ္ပဏီသို့ လွှဲပြောင်းရောင်းချထားသော လှော်ကားဥယျာဉ်တွင် ကျားမွေးမြူရန်စီစဉ်နေကြောင်း ဦးတေဇပိုင် ထူးထရေးဒင်းမှ တာဝန်ရှိသူတဦးက ဆိုသည်။
လှော်ကားဥယျာဉ်အတွင်း ကျားမွေးမြူခြင်းကို လှောင်အိမ်စနစ်ဖြင့်မွေးမြူမည်မဟုတ်ဘဲ ကြိုးဝိုင်းစနစ်ဖြင့် မွေးမြူမည်ဖြစ်ကြောင်းသိရသည်။
"တိရစ္ဆာန်ရုံတွေလိုတော့ မွေးမှာမဟုတ်ဘူး။ ကျားတွေအတွက် သတ်မှတ်ထားတဲ့နေရာတော့ ရှိမှာပါ" ဟု ယင်းဥယျာဉ်မှ တာဝန်ရှိသူတဦးကပြောသည်။
အပန်းဖြေဥယျာဉ်အဖြစ် သစ်တောရေးရာဝန်ကြီးဌာနက သတ်မှတ်ခဲ့ပြီး ယခုနှစ် ဧပြီလအတွင်းက ထူးကုမ္ပဏီသို့လွှဲပြောင်း၍ နှစ်ရှည်လုပ်ကိုင်ခွင့်ပြုခဲ့သည်။
ယင်းဥယျာဉ်၏ ဧရိယာအကျယ်အ၀န်းကို သုံးမျိုးခွဲခြားထားမည်ဖြစ်ပြီး တိရစ္ဆာန်ဥယျာဉ်အပိုင်းကို ၆၂ဧက သတ်မှတ်ထားကာ ကျားနှင့် ကျားသစ်များမွေးမြူမည်ဖြစ်ကြောင်းသိရသည်။
"ဒီလိုမျိုးမွေးတာတော့ ကောင်းပါတယ်။ ဒါပေမယ့် လည်ပတ်သူတွေ အန္တရာယ်မကျအောင် ဘယ်လိုလုပ်မယ်ဆိုတာတော့ ကြေညာထားသင့်တယ်" ဟု လှော်ကားဥယျာဉ်သို့ သွားရောက်လည်ပတ်ဖူးသူ တဦးကပြောသည်။
မင်္ဂလာဒုံမြို့နယ်ရှိဧကပေါင်း ၁၅ဝဝ ကျော် ကျယ်ဝန်းသော လှော်ကားဥယျာဉ်ကို ၁၉၈ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည်။
ဥယျာဉ်ဧရိယာအတွင်း ငှက်မျိုးစိတ်ပေါင်း ၂ဝဝ ကျော်ရှိပြီးအရေးပါသော ရေဝေရေလဲ ဒေသတခုဖြစ်သည်။
ကျားမွေးတာတော့ကောင်းပါတယ်..ဒါပေမဲ့စနစ်တကျတော့မွေးသင့်တယ်..လွတ်သွားရင်တော့အားလုံးသေပြီသာမှတ်
ReplyDeleteမွေးမွေး.. ၀က်ပြေးတိရိစ္ဆာန်ပြည်တော်ကြီးဖြစ်ဖို့ ..... ၀က်သန်းရွှေက ဆင်မွေး..စားဖားတေဇက ကျားမွေး... ပြီးရင် ဘယ်သူတွေက ဘာတိရိစ္ဆာန် မွေးကြဦး မလဲ ဗျို့ ...........
ReplyDeleteactually they dont have anything to do for public"s future.just doing such as zero..stupid and crazy people(Tay za and groups).
ReplyDeleteလှော်ကားကို ငယ်ငယ်ကတည်းက မကြာခဏ ရောက်ဖူးတယ်။ အရင်ကလည်း ကျားတွေ ကျားသစ်တွေ ၀က်ဝံတွေ ရှိပါတယ်။ နေပြည်တော်ကို ရွှေ့မှ အကောင်တွေ ပါသွားလို့ ဘာမှ မရှိဘဲ ဟောင်းလောင်းဖြစ်ကျန်ခဲ့တာပါ။ သူက လှောင်အိမ်နဲ့ မဟုတ်ဘဲ ကျုံးလိုပုံစံမျိုးမွေးတာပါ။ မြေကြီးထဲမှာ ပေ ၃၀လောက် နက်ပါတယ်။ အပေါ်ကနေ ငုံ့ကြည့်ရတာပါ။ ရန်ကုန်တိရိစ္ဆာန်ရုံထက်တောင် နေရာက ပိုကောင်းသေးတယ်။
ReplyDelete