
ဒီနေ့ အလံဟောင်းကိုဖြုတ် အလံသစ်တင်မယ့် အခမ်းအနားမှာ အင်္ဂါသားသမီးတွေက အလံဟောင်းကို ဖြုတ်ပြီး ဗုဒ္ဓဟူးသားသမီးတွေက အလံသစ်ကို တင်ရမယ်တဲ့။ တင်မယ့်အချိန်က ညနေ ၃ နာရီ ဆိုတော့ ၃ ဂဏန်းက အင်္ဂါပါပဲ။ ဒါ့အပြင် အလံဟောင်းတွေ အားလုံးကို မီးရှို့ မြေမြှုပ်တဲ့အခမ်းအနားလည်း လုပ်ဦးမယ် ပြောပါတယ်။ လုပ်မယ့်အချိန်ကလည်း ညနေ ၃ နာရီပါပဲ။ မီးရှို့တော့ ဘာဖြစ်မလဲဆိုတော့ ညှော်ကြမှာပေါ့နော်။ မြေမြှုပ်တော့ကော ... တွင်းတူးရတဲ့သူတွေ လက်ညောင်းမှာပေါ့။ ကြည့်ရတာ ချိုကုပ်ဒူးကြီးက အိပ်မက်ထဲမှာ မီးရှို့မြေမြှုပ်ခံရတယ်လို့ အိပ်မက်ဆိုးတွေ မက်ပုံရတယ်။ သနားပါတယ်နော် (အလံဟောင်းလေးတွေ ပြောပါတယ်)
Yin Nar dal Byar
ReplyDeleteရူးတာမှ ကမ်းကုန်အောင် ရူးကြတဲ့ စစ်ဘီလူးတွေ..အသက်မရှိတဲ့ အလံတောင် မြေမြှုပ်အုံးမတဲ့.. အော်သနားစရာ
ReplyDeleteမဆလ ပါတီ ရဲ့ အမှတ်တံဆိပ်= တစညပါတီ အမှတ်တံဆိပ် ပါတဲ့ အလံ ဆိုတော့
ReplyDeleteတစည ကို နာမ် နိမ် လိုက်တာ ထင်တယ်။