Pages

Thursday, October 21, 2010

အလံဟောင်းကိုပါ မီးရှို့မြေမြှုပ် အစတုံးတော့မတဲ့


ဒီနေ့ အလံဟောင်းကိုဖြုတ် အလံသစ်တင်မယ့် အခမ်းအနားမှာ အင်္ဂါသားသမီးတွေက အလံဟောင်းကို ဖြုတ်ပြီး ဗုဒ္ဓဟူးသားသမီးတွေက အလံသစ်ကို တင်ရမယ်တဲ့။ တင်မယ့်အချိန်က ညနေ ၃ နာရီ ဆိုတော့ ၃ ဂဏန်းက အင်္ဂါပါပဲ။ ဒါ့အပြင် အလံဟောင်းတွေ အားလုံးကို မီးရှို့ မြေမြှုပ်တဲ့အခမ်းအနားလည်း လုပ်ဦးမယ် ပြောပါတယ်။ လုပ်မယ့်အချိန်ကလည်း ညနေ ၃ နာရီပါပဲ။ မီးရှို့တော့ ဘာဖြစ်မလဲဆိုတော့ ညှော်ကြမှာပေါ့နော်။ မြေမြှုပ်တော့ကော ... တွင်းတူးရတဲ့သူတွေ လက်ညောင်းမှာပေါ့။ ကြည့်ရတာ ချိုကုပ်ဒူးကြီးက အိပ်မက်ထဲမှာ မီးရှို့မြေမြှုပ်ခံရတယ်လို့ အိပ်မက်ဆိုးတွေ မက်ပုံရတယ်။ သနားပါတယ်နော် (အလံဟောင်းလေးတွေ ပြောပါတယ်)

3 comments:

  1. ရူးတာမှ ကမ်းကုန်အောင် ရူးကြတဲ့ စစ်ဘီလူးတွေ..အသက်မရှိတဲ့ အလံတောင် မြေမြှုပ်အုံးမတဲ့.. အော်သနားစရာ

    ReplyDelete
  2. မဆလ ပါတီ ရဲ့ အမှတ်တံဆိပ်= တစညပါတီ အမှတ်တံဆိပ် ပါတဲ့ အလံ ဆိုတော့
    တစည ကို နာမ် နိမ် လိုက်တာ ထင်တယ်။

    ReplyDelete