Pages

Wednesday, October 27, 2010

အိမ် ၄ လုံး၊ ဒေါ်လာ သန်း ၅၀ နှင့် ရွှေကြိုင် မိသားစု

ဧရာဝတီ ဘလော့ဂ် ပရိသတ်များ စိတ်ဝင်စားမယ့် သတင်းတပုဒ်ကို ဖော်ပြပါဦးမယ်။ အာဏာရှင် ထိပ်သီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု သတင်းပါပဲ။

စက်တင်ဘာလ အစောပိုင်း တရုတ်ပြည် ခရီးစဉ်မှာ ဦးသန်းရွှေက ရှိရှိသမျှ မိသားစု ဆွေမျိုး တပြုံတမကြီးကို ခေါ်သွားလို့ ဧရာဝတီကတောင် နိုင်ငံတော် ခရီးစဉ်တွင် မိသားစုကို ဗိုလ်ချုပ်မှူးကြီး ရှေ့တန်းတင် ဆိုပြီး သတင်း ရေးယူရတဲ့ အထိပါပဲ။

အခုရရှိတဲ့ သတင်းတရပ်ကတော့ တရုတ်နိုင်ငံ ပီကင်းမြို့မှာ ဦးသန်းရွှေ မိသားစုက အိမ် ၄ လုံး ဝယ်ပါတယ်တဲ့၊ အမေရိကန် ဒေါ်လာ သန်း ၅၀ ကုန်ကျတယ်လို့လည်း သိရပါတယ်။


အဲဒီဝယ်ထားတဲ့ အိမ်တွေကို မိသားစုကို တပါတည်း ခရီးစဉ်မှာ ပြတယ်လို့ သိရပါတယ်။ ဦးသန်းရွှေ မိသားစုဟာ တရုတ်နိုင်ငံကို ၅ ရက်ကြာ သွားရောက်ခဲ့တာ ဖြစ်ပါတယ်။

ဒါဖြင့် အဓိပ္ပာယ်က အခြေအနေ မကောင်းရင် ဖြစ်ဖြစ်၊ အာဏာ လက်လွတ်ရင် ဖြစ်ဖြစ် တရုတ်ပြည်မှာ သွားနေဖို့ ပြင်ထားတဲ့ သဘောလားဆိုတာကတော့ စာဖတ်သူများပဲ အတွေးနယ် ချဲ့ကြပါကုန်။

(ဓာတ်ပုံ - Reuters)

8 comments:

  1. ဒါကတတိယထွက်ပေါက်အစီအစဉ်ဘဲ။ ဒုတိယအစီအစဉ်က မဲရှုံးခဲ့ရင်စစ်တပ်အာဏာသိမ်းဘို့အဆင်သင့်ဘဲ။ ဒါတွေမဖြစ်ရအောင် ရွေးကောက်ပွဲမှာမဲအပြတ်နဲ့နိုင်အောင်ညစ်ပါတ်မှုပေါင်းစုံနဲ့ခုလုပ်နေရတာဘဲ။ သန်းရွှေရဲ့တာဝန်ကတိုင်းပြည်ကိုလိမ်ဘို့။ ကျုပ်တို့ပြည်သူလူထုကသူလိမ်တာတားလို့မရဘူး။ သုရဲ့လိမ်ညာမှုအစီအစဉ်တွေပျက်အောင်လုပ်နိုင်တာတခုဘဲရှိတယ်။ အဲဒါကတော့ ရွေးကောက်ပွဲကိုတညီတညွတ်သပိတ်မှောက်ဘို့ဘဲ။

    ReplyDelete
  2. ရွေးကောက်ပွဲကို ဘယ်လိုနည်းနဲ့ သပိတ်မှောက်ကြမလဲ?? သံဃာတော်တွေ ဦးဆောင်ပြီး ငြိမ်းချမ်းစွာ လှည့်လည်ဆန္ဒပြပွဲတုန်းက အကြမ်းဖက်ဖြိုခွဲခံခဲ့ရ သေးတာ။ အားလုံးတန်းစီလှည့်လည်ဆန္ဒပြကြရုံနဲ့တော့ ပြည်သူတွေရဲ့ အသက်တွေ အလကားသေပေးတာပဲအဖတ်တင်လိမ့်မယ်။ ဗလာမဲပေးပုံ ပေးနည်းကိုလည်း ပြည်သူတွေတော်တော်များများ မသိကြဘူး။ သွားမပေးကြတဲ့ ကျန်မဲတွေကလည်း ကြံ့ဖွံ့မဲတွေဖြစ်ကြမယ်လို့ ကြားတယ်။

    ReplyDelete
  3. ဒီသဒင်း ကြားရဒါ တော်တော်တောင်ကြာဘီဗျ
    အမြဲစောင့်ကြည့်ဒဲ့သူဒွေကဒေါ့ မယုံနိုင်စရာမရှိဘာဘူး
    ဒါဘာဟုတ်သေးလဲ
    ဒီဒက်တောင်လွန်သေး

    ReplyDelete
  4. ဗလာမဲရုံကိုဦးတည်ပြီးလုပ်တာကိုပြည်လုံးကျွတ်ရာနှုံးပြည့်ရွေးကောက်ပွဲသပိတ်မှောက်ခြင်းလို့ခေါာတယ်။ သပိတ်မှောက်နည်းကလဲ mandalay gazette မှာကျနော်ရေးထားတဲ့ Wake up Burma, Boycott Election အတိုင်းမိမိအသိတရားနဲ့လုပ်ရင်စည်းရုံးရေးမှုးလဲမလိုဘူး။ စစ်အစိုးရလဲညဘက်အိမ်တခါးခေါက် ဖမ်းဖို့လဲမရှိဘူး။ ရွေးကောက်ပွဲနေ့မှာ မဲမပေးလို့ဖမ်းမယ်ဆိုရင်လဲ လူ၂၀၀၀၀၀၀ဖမ်းရမှာ သံတမာန်တွေရှေ့မှာအုတ်အော်သောင်းနင်းဖြစ်ကုန်တော့မှာပေါ့။ ကြောက်တတ်လို့ နဝတကနင်းချောက်နေတာ။ လူ၂၀၀၀၀၀၀ကျော်မဲမပေးတာ ရွေးကောက်ပွဲနေ့ဒီကောင်တွေဘာမှမလုပ်ရဲဘူး။ ဒီရွေးကောက်ပွဲနေ့မှာဒီအကြောက်ရားဘေးဖယ်ထားပြီးလူထုအားနဲ့ရာနှုံးပြည့်သတ္တိရှိရှိသပိတ်မှောက်ကြပါ။ ဒီကောင်တွေအမြီးကုပ်ပြီးပြေးမှာဘဲ။ ရွေးကောက်ပွဲနေ့မှာသေနတ်တွေသုံးလို့မရဘူးလေ။ ဒီအခွင့်ရေးမျိုးဒီတသက်မရနိုင်တော့ဘူး။ အကြောက်တရားနဲ့တကိုယ်ကောင်းဆံတဲ့အတ္တမကောင်းစိတ်တွေဖြောက်ပြီးနိုင်ငံနဲ့လူမျိုးတွက်ဒီရွေးကောက်ပွဲကိုအင်တိုက်အားတိုက်သပိတ်မှောက်ကြပါစို့။

    ReplyDelete
  5. thu to mi thar su ,,thay khar nee pyay fo shar nay tar ....

    ReplyDelete
  6. ta mi thar su lone ag thay soe ne myan myan thay par say ...(pyi thu san da)

    ReplyDelete
  7. ရွေးကောက်ပွဲစလုပ်မယ်ဆိုထဲက ပါးစပ်နဲ့ ဖျက်နေလိုက်ကြတာ..လေတွေအလကားရတိုင်း....အတိုက်အခံ ဆိုသူတွေ ဘယ်ဟာနဲ့  သက်သေပြမလဲ....လက်တွေ့ ကြကြ ညီညွတ်ပါတယ် ဆိုတာကို...စစ်အာအာဏာရှင်က တခုခု လုပ်မယ်ဆိုတိုင်း..စုဖွဲ့ လိုက်ကြ၊ ခေါင်းစဉ် တတ်ပြီး ဘတ်ဂျက်ရှာ လိုက်ကြနဲ့ ...တွေးကြည့် မိတယ် ပြည်သူတွေ လွတ်မြောက်ဖို့  အလှမ်းဝေးနေဦးမယ်ဆိုတာ.....

    ReplyDelete
  8. ရွေးကောက်ပွဲမှာမဲပေးရင်ဘာဖြစ်နိုင်သလဲ ?မဲမပေးရင်ကောဘာဖြစ်နိုင်ပါသလဲ..သေချာတာကတော့မဲမပေးချင်ဘူး...မဲပေးခြင်းအားဖြင့်ကိုယ်မဲဟာသူမဲဖြစ်သွားနိုင်ပါသလား..ဒါမှမဟုတ်ဘယ်သူတွေကိုမဲပေးရမလဲ..ကျေးဇူးပြု၍ဖြေကြားပေးစေလိုပါသည့် 

    ReplyDelete