Pages

Saturday, October 23, 2010

ဧရာဝတီသတင်းထောက်များ၏ ပေးပို့ချက်များ

ဧရာဝတီ သတင်းထောက်တွေရဲ့ ည ၁၁ နာရီအထိ ပေးပို့လာချက်တွေကို မူရင်းအတိုင်း ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

စရဖသတင်းအရ ဖေါ်ပြပါရှိသည့် အထူးသတင်းများ ဂီရီမုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြေပုံ ကန်ထောက်ကြီး ပေါက်တောမြိုနယ်များတွင် မုန်းတိုင်းတိုက်ခတ်မှုကြောင့်ပြည်သ ၃၀၀ ကျော်ပျောက်ဆုံးနေတယ်။ အကူညီများအထူးလိုအပ်နေ။

ကျောက်ဖြူမြိုနယ်တွင် ငါးလပွေတာ ကျိုးတယ်။ ကုလားပိုက်ဆိပ် ပိန်ဖြူမော် တာကျိုးတယ်။ စပါးတွေပျက်စီးတယ်။ ငါးကန်းတွေပျက်စီး ဆားပြင်ကွင်းရွာကွက်ပျက်စီး။ လယ်သမားတွေက စပါးရိတ်သိမ်းမယ့် အချိန်ဆိုတော့ တော်တော်ပျက်စီးများတယ်။ ပြည်သူများ အထူးအကူညီ လိုအပ်နေပါကြောင်း။ နိုင်ငံတ၀န်းမိသားစုများအား အထူးအကူညီ တောင်းနေပါသည်။ ဆက်လက်လိုက်နေဆဲ.....။

အခု စစ်တွေမြိုပေါ်တွင် ရေတက်နေတယ်။ တက်နေတာက ဆင်ကူးလမ်းရပ်ကွက် မင်းဘာကြီးလမ်းပေါ် လမ်းမကြီးအခုသတင်း။

ရန်ကုန်မှာလည်း လူစုဝေးတာတွေ ဖြစ်တယ်လို့ ကြားတယ်။ ၅၀၀ ကျော်လောက်ရှိမယ်တဲ့။
အခုညနေတုန်ကတော့ တာမွေ အထက ကျောင်းနားမှာ ရဲတွေက ကားတွေကို အရမ်းစစ်ဆေးနေတယ်။

သီတင်းကျွတ် အချိန်ဖြစ်ပေမယ့် လူတွေအပြင် မထွက်ကြဘူး။

ပြီးခဲ့တဲ့ မုန်းတိုင်းမတိုက်ခင် နှစ်ရက်လောက်က ပုဂံညောင်ဦးက ရှေးဟောင်းဘုရား ထီးလိုမင်းလိုဘုရား ပျက်ကျတယ်လိုကြားတယ်။

1 comment:

  1. (ရန်ကုန်မှာလဲ လူစုဝေးတာတွေ ဖြစ်တယ်လို့ကြားတယ် ၅၀၀ကျော် လောက်ရှိမယ်တဲ့ ) အထိပ် အမှတ်လေး တစ်ခုအနေနဲ့  ကိုယ့်အိမ်ရှေ့  ကိုယ်ထွက် (မိသားစုစုံ) ပြီးရပ်လားရပ်လားလေးလုပ်ပြတဲ့ အစီစဉ်လေး တစ်ခုလောက် လုပ်ကြည့်ရင်ကောင်းမယ် (ဆိုလိုတာက စိတ်ဝင်စားတဲ့သူတွေပေါ့ အချိန်တစ်ချိန်သတ်မှတ်ပြီး ကိုယ့်အိမ်ရှေ့ မှာ ကိုယ် ပြူတစ်ပြူတစ် လုပ်ကြည့်ဘို့ လေ ဟိုချောင်း ဒီချောင်းပေါ့ )

    ReplyDelete