Pages

Saturday, October 23, 2010

ရခိုင်ပြည်နယ်မှ မြို့နယ်များ အဆက်အသွယ် ပြတ်တောက်

စစ်တွေ ၊ မင်းပြား ၊ မြေပုံ ၊ ပေါက်တောမြို့များနှင့် အဆက်အသွယ် လုံးဝပြတ်တောက်နေသဖြင့် ရန်ကုန်ရှိ ရခိုင်တိုင်းရင်းသားများ စိတ်ပူလျက်ရှိသည်။

"ကျနော်တို့ အရမ်းစိတ်ပူနေပါတယ်။ ရခိုင်ပြည်နယ်တွင်းက စစ်တွေအပါအ၀င် မြို့နယ်တော်တော်များများ ဖုန်းခေါ်လို့ မရတော့ဘူး။ ဒီနေ့ ရန်ကုန် ရခိုင်သဟာအသင်းမှာ အလှူငွေ လက်ခံနေတာ သိန်း ၁၀၀ ကျော်ရထားပါပြီ။ ဒီနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ ရခိုင်ဘက်ကို ထွက်ကြဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်"ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ရန်ကုန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဇော်အေးမောင်က ပြောသည်။

No comments:

Post a Comment