အခုရက်ထဲ ဂျီတော့ခ်မှာ ပြည်တွင်းက မိတ်ဆွေတွေကို မတွေ့ဘဲ ဖြစ်နေပါတယ်။ တိတိကျကျ ပြောရရင် ဘင်္ဂလားပင်လယ်အော်ကနေ ပတ်ဝင်လာတဲ့ ဂီရိဆိုင်ကလုန်း တိုက်တဲ့ ရက်ကတည်းကပါ။
မုန်တိုင်းကြောင့် အန္တရာယ်များလို့ လျှပ်စစ်မီးတွေ ဖြတ်တောက်ထားမယ်၊ အင်တာနက်တွေလည်း နိုင်ငံတဝန်း ပြတ်မယ်လို့ သတင်းတွေ ကြားရပါတယ်။
တနေ့ကတော့ အွန်လိုင်းမှာ ပြည်ပကို အလည်ရောက်နေတဲ့ ပြည်တွင်းက မိတ်ဆွေ ဂျာနယ်လစ်တယောက်က ပြည်တွင်းက တယောက်မှ အွန်လိုင်းမှာ မတွေ့ဘူးလို့ လာပြောပါတယ်။
မနေ့ကတော့ ဂျီမေးလ်၊ ဂျီတော့ခ် သုံးလို့ မရတော့ဘူး၊ အင်တာနက်ကနေ အင်တာပျက်ဖြစ်နေပြီလို့ မိုးမခ ဘလော့ဂ် ပေးစာတခုမှာ ရေးထားတာ တွေ့ရပါတယ်။
မကြာသေးခင်ကမှ ခန့်ခန့်ငြားငြားကြီးနဲ့ အမျိုးသားအဆင့်ဆိုပြီး စလိုက်တဲ့ အစိုးရ ကမကထပြု ရတနာပုံ ဝက်ဘ်ပေါ်တယ် (http://yatanarpon.com.mm/) ကြီး ကိုယ်တိုင်က ဒေါင်းနေတဲ့ နောက်တော့ ကိစ္စက ပြတ်နေပြီ ပြောရမှာပါပဲ။
သူတို့က ဂျီမေးလ်ကို ယှဉ်ဖို့ ဝိုင်မေးလ် ဆိုတာတွေ၊ ဆိုရှယ် နက်ခ်ဝပ် ဘာညာတွေ လုပ်မယ်ဆိုပြီး သံကောင်း ဟစ်ထားတာပါ။
သူတို့ ဆာဗာပဲ အတိုက်အခိုက် ခံရတာလား၊ မုန်တိုင်းကြောင့် ခတ္တဖြတ်ထားရာကနေ ဆန့်ငင်ဆန့်ငင် ဖြစ်သွားတာလား၊ ရွေးကောက်ပွဲ ကာလအမီ ကြိုတင် ပြင်ဆင်နေတာလား ဆိုတာတွေကတော့ သို့လော သို့လောနဲ့ မသိရသေးပါဘူး။
အရင် အွန်လိုင်းပေါ် စောစောတက်နေကြ စစ်အစိုးရ သတင်းစာတွေလည်း နေ့လည်မှ တက်လာတာကို သတိထားမိပါတယ်။
လောလောဆယ်တော့ အထဲနဲ့ အပြင် အွန်လိုင်းချယ်နယ်က အဆက်အသွယ်တွေ ပြတ်နေကြောင်းပါ။
this is myanmar.
ReplyDeletebal lo ma ko kaung kyoe ma pay par bu byar
ReplyDeleteymail? yahoo has been providing mail addresses with that domain name since a couple of years ago. yadanarpon does not know what they are doing. quite stupid.
ReplyDeletegmail ကိုယှဉ်မယ်? ဟားဟားဟား
ReplyDelete