Pages

Saturday, October 30, 2010

ဓာတ်ပုံများက ပြောသောစကား


အရှင် ဣသရိယရဲ့ ပုံပါ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ကိုယ်တော် ဖြစ်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကို ပူးတွဲတည်ထောင်သူလည်း ဖြစ်သည်


ကောင်းမွန်လှတဲ့ ပုံတပုံဟာ စကားလုံးပေါင်းများစွာကို ပြောနေပါတယ်။ The New Yorker ကနေပြီး ပလာတန် (Platon) ရဲ့ လက်ရာ “အဝေးလွင့်” (Exiled) ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာပြည်နဲ့ ဆက်နွှယ်တဲ့ ပုံတွေ (အထူးသဖြင့် ရုပ်ပုံလွှာတွေ) ကို စတင်ဖော်ပြထားတာ တွေ့ရပါတယ်။

ဘယ်လို ပြောင်မြောက်တဲ့ လက်ရာဆိုတာကို နမူနာ ဖော်ပြလိုက်ပါတယ်။ ပုံအားလုံးကိုတော့ The New Yorker ဆိုဒ်မှာ သွားကြည့်နိုင်ပါတယ်။ လာရောက်ရိုက်ကူးသွားတာ ပုံပေါင်းများစွာလို့ သိရတာကြောင့် နောက်ထပ် ဆက်တင်မယ့် အလားအလာရှိတယ်လို့ ခန့်မှန်းရပါတယ်။

HIV ကူးစက်ခံရတဲ့ ကလေးငယ်တွေပါ။ ပြည်တွင်းမှာ ဆေးဝါးရရှိဖို့ ခက်ခဲလှတာကြောင့် မိဘတွေက နယ်စပ်ကနေ ထိုင်းဘက်ကို ပို့ထားကြတာပါ။

No comments:

Post a Comment