Pages

Saturday, October 23, 2010

မြန်မာ့ ရွေးကောက်ပွဲနဲ့ ထိုင်းမီဒီယာ


Thai Media Roundtable on Burma Election: Implications on Thailand and ASEAN အမည်နဲ့ ဆွေးနွေးပွဲတခု အောက်တိုဘာ ၂၂ ရက်နေ့က ဘန်ကောက်မြို့၊ ထိုင်းစာနယ်ဇင်းအသင်း မှာ လုပ်ခဲ့ပါတယ်။

မြန်မာ့ရွေးကောက်ပွဲ၊ အနာဂတ် နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအကြောင်းကိုတော့ ဒေါက်တာဇာနည် (ချူလာလောင်ကွန်းတက္ကသိုလ် ဧည့်ပညာရှင်၊ လန်ဒန် စီးပွားရေးကျောင်းက သုတေသန ပညာရှင်)နဲ့ ကိုကျော်စွာမိုး (ဧရာဝတီ တာဝန်ခံ အယ်ဒီတာ)တို့က အဓိက ဆွေးနွေးကြပါတယ်။

Kavi Chonkittavorn

မြန်မာ့ ရွေးကောက်ပွဲ၏ ထိုင်းနှင့် အာဆီယံအပေါ် သက်ရောက်မှု ကိုတော့ Kiatichai Pongpanitch (Kao Sod အကြီးတန်း အယ်ဒီတာ) နဲ့ Kavi Chonkittavorn (The Nation သတင်းစာက အကြီးတန်း အယ်ဒီတာ) တို့က ဆွေးနွေးကြပါတယ်။

ဒေါက်တာ ဇာနည်

ဒေါက်တာ ဇာနည်ကတော့ ရွေးကောက်ပွဲဟာ ဘာမှ ဖြစ်လာမှ မဟုတ်ဘူးဆိုပြီး ပြောသွားပါတယ်။

ကိုကျော်စွာမိုး

ကိုကျော်စွာမိုးကတော့ ရွေးကောက်ပွဲဟာ စစ်ဗိုလ်ချုပ်ကြီးများရဲ့ စစ်ဝတ်စုံကနေ အရပ်ဝတ် ပြောင်းလဲမှုသာဖြစ်ပြီး စစ်မှန်တဲ့ ပြောင်းလဲမှုတွေ မြင်ရဖို့ မရှိဘူးလို့ ပြောသွားပါတယ်။

1 comment:

  1. ကြံ့ဖွံ.မသမာနည်းမျိုးစုံသုံးပြီးနိုင်အောင်လုပ်သွားမှာကျိန်းသေတယ်။ ဒါပေမယ့်ရွေး ကောက်ပွဲဝင်ကြမဲ့မြေပေါ်အဖွဲ.အစည်းများနှင့်မြေအောက်အဖွဲ.အစည်းများဟန်ချက်ညီညီလက်တွဲပြီးစစ်မျက်နှာ နှစ်ဖက်ဖွင့်သွားနိုင်ရင်ပိုကောင်းမယ်ထင်ပါတယ်။

    ReplyDelete