ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းဇော်နှင့် နီးစပ်သော ဆက်သွယ်ရေးကုမ္ပဏီပိုင်ရှင် ဦးတင်ထွဋ်မိသားစုသည် ယမန်နေ့ညနေ ၆ နာရီခန့်က ကားတိမ်းမှောက်မှုကြောင့် ကွယ်လွန်သွားပြီဖြစ်သည်။
နေပြည်တော်မှ ရန်ကုန်အပြန် ပဲခူးမြို့အနီး မိုင်တိုင်အမှတ် ၆၁ အနီးတွင် ကားဘီးပေါက်ရာမှ အရှိန်လွန်ကာ ကားတိမ်းမှောက်ခဲ့ပြီး ဦးတင်ထွဋ် ၊ ဇနီး ၊ သားနှင့်သမီး မိသားစု လေးဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက"သူက စင်ကာပူက ကုမ္ပဏီတခုနဲ့ ပူးပေါင်းပြီး ဆက်သွယ်ရေးတာဝါတိုင်တွေ ထောင်ပေးတဲ့လုပ်ငန်း လုပ်နေသူပါ။ သူ့သားကလည်း စင်ကာပူကနေ ပြန်လာတာ မကြာသေးဘူး။ မိသားစုလေးဦးစလုံး နေပြည်တော်က အပြန်မှာ ကားမှောက်သေဆုံးခဲ့ကြရတာ"ဟု ဆိုသည်။
ယခုနှစ်ဆန်းပိုင်းက ရန်ကုန်-နေပြည်တော်ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုကြောင့် ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း၏ မြေးတဦး သေဆုံးခဲ့ရသည်။
နေပြည်တော်ကားလမ်းသည် ယာဉ်မတော်တဆမှု အဖြစ်များကြောင်း သွားလာနေသူများက ပြောဆိုကြသည်။
All of them are going to end up their life on that road as they build that city with the people tears and blood.
ReplyDelete"နေပြည်တော်ကားလမ်းသည် ယာဉ်မတော်တဆမှု အဖြစ်များကြောင်း သွားလာနေသူများက ပြောဆိုကြသည်။ "
ReplyDeleteဖြစ်မှာပေါ့ ခင်းထားတာကိုက တမံတလင်းလမ်း ကတ်တရာလမ်းမဟုတ်ဘူး....ဘယ်နိုင်ငံကမှာ ဒီလိုနည်းလမ်းနဲ့လမ်းခင်းမှာမဟုတ်ဘူး တို့ ချီးထုတ်တွေကတော့ တမံတလင်းခင်းပါတယ်...
လက်ရှိ ဘိုချုပ်ကြီးတွေ ဘိုချုပ်တွေ (ချီးထုပ်) တွေက ပညာမတတ်ဘူး။ လမ်းခင်းတာကို ညွန်ကြားတဲ့ အင်ဂျင်နီယာ တွေကလဲ တကယ် ပညာ မတတ်ဘူး။ သူတို့ က တံမံတလင်း ခင်းတဲ့ သာသာ ပဲတတ်တယ်။ ဒီတော့ လုပ်ထားတဲ့လမ်းက တံမံတလင်း သာသာ အဆင့်ပဲ ရှိတယ်။ ကန်ထရိုက်တိုက်ဆောက်ရင် သံမံသလင်း ခင်းသလို တတ်သမျှ နဲ့ ပြီးပြီးရော လုပ်ထားတဲ့ အခါ ဒီလို အဖြစ်တွေ ဖြစ်လာရတာပဲ။ အော် ဒုတ်ခ ဒုတ်ခ အနိစ္စ အနတ္တ။
ReplyDelete"All of them are going to end up their life on that road as they build that city with the people tears and blood. "
ReplyDeleteThat is very right.
U thein Htut ( Thomas ), Wife and 2 Sons..
ReplyDelete