Pages

Sunday, November 14, 2010

ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်း ကောက်နုတ်ချက်များ ၂




ရန်ကုန် မွန်းတည့်နေအောက်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း သွားရောက် နားထောင်သူများ။
(အီးမေးလ်နဲ့ ရောက်လာတဲ့ ဓာတ်ပုံတွေ ဖြစ်ပါတယ်။ ရိုက်သူ အမည် မသိရပါ။)




လူထု၏ ဆန္ဒသဘောထားကို အရင်နားထောင်မည်

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု၏ မျှော်လင့်ချက်နှင့် ပတ်သက်၍ ပြည်သူလူထုက မျှော်လင့်ချက်နှင့် အားပေးနေသည်ကို သိကြောင်း၊ ပြည်သူလူထု စိတ်ထဲတွင်ရှိသည့် ဆန္ဒကို ထုတ်ဖော်ပြောစေလိုကြောင်း၊ တာဝန်ကို မကြောက်၊ တာဝန်မကျေမှာကိုသာ ကြောက်ကြောင်း၊ သူတဦးတယောက်တည်း မဟုတ်ဘဲ ပြည်သူလူထုနှင့် လက်တွဲ၍ လုပ်ဆောင်ဖြစ်ကြောင်း ပြောသည်။

အားလုံးသည် နိုင်ငံရေးဟု ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံရေးဆိုသည်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ဟောပြောသည့်နေရာတွင် လာထောက်ခံမှသာ နိုင်ငံရေးမဟုတ်ကြောင်း၊ အိမ်မှ ထမင်းချက်ပေးခြင်းသည်လည်း နိုင်ငံရေး၊ သားသမီး ကျောင်းပို့ခြင်းသည်လည်း နိုင်ငံရေး ဖြစ်ကြောင်း၊ နိုင်ငံရေးတွင် မပါချင်ဟု ပြောသူများသည် နိုင်ငံရေးကို နားမလည်၍သာ ဖြစ်ကြောင်း ပြောသည်။

ပြည်သူက အစိုးရကို ထိန်းရမည်

အစိုးရနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က လူနည်းစုဖြစ်သော အုပ်ချုပ်သူများကို ပြည်သူက ထိန်းသိမ်းနိုင်ရမည်ဟု ပြောသွားသည်။ သူအကျယ်ချုပ်ကျနေစဉ် လုံခြုံရေး ဝန်ထမ်းများက ကောင်းမွန်စွာ ဆက်ဆံသလို ပြည်သူကို ကောင်းမွန်စွာ ဆက်ဆံစေလိုကြောင်း၊ သို့သော် သူ့ကဲ့သို့ ပြည်သူကို အကျယ်ချုပ် မကျစေလိုကြောင်း ပြောသွားသည်။

ဒီမိုကရေစီ အင်အားစုများနှင့် လက်တွဲမည်

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးကို ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အလုပ်တွဲလုပ်၍ မရဟု မရှိစေရကြောင်း ပြောသည်။ ဒီမိုကရေစီ အစုအဖွဲ့များ အားလုံးနှင့်လည်း လက်တွဲဆောင်ရွက်မည်ဟု ပြောဆိုသွားသည်။






5 comments:

  1. ဒီပြည်သူတွေ နေပူကြီးထဲမှာ ဘယ်သူမှ မလာခိုင်းဘူး ဘာပေးမယ် ညာပေးမယ်လည်း မပြောပဲနဲ့ လာနေကြတာပါ။ မဲပေးခိုင်းတုန်းက ဒီလူထုရဲ ၁၀ ပုံ ၁ ပုံတောင် မရှိဘူး မစည်းကားဘူး
    ဒါဆိုရင်ပြည်သူတွေရဲ့သဘောထားကို ထင်ရှားစွာသိနိုင်နေပါပြီ ခင်ဗျာ
    ကယ်သူမဲ့နေတဲ့ ပြည်သူတွေရဲ့ ဘဝကို အရမ်းသနားဖို့ကောင်းနေပါပြီ

    ReplyDelete
  2. အမေစုကိုလက်ရှိအာဏာရအစိုးရနဲ့တွေ့ဆုံဆွေးနွေးစေလိုပါသည်။
    အမေစုကျန်းမာပါစေ။

    ReplyDelete
  3. Long live Aunty Suu. Please take good care of personal safety of Aunty Suu. Personal safety of Aunty Suu is utmost important. I am very worried about her safety.

    ReplyDelete
  4. ဒေါ်စု ဆိုတာ သွေးပေါင်းများစွာနဲ့ရင်းထားရတာပါ အဲ့ဒီသွေးထဲမှာ
    ရဟန်းသင်္ဃာတော်တွေရဲ့သွေးနဲ့လည်း ရင်းထားရတာပါ
    ဒေါ်စု အနေနဲ့လည်းပဲ ဒီတစ်ခါ ပြည်သူတွေအတွက် ပြည်သူတွေရဲ့
    မျော်လင်းချက်တွေကို မိခင်ကကိုယ့်သားသ္မီးအပေါ်ကိုကျရောက်
    လာမည်အန္တရာယ်မျိုးစုံကို ကာကွယ်သလိုမျိုး ကာကွယ်ဆောင်ရွက်နိုင်ပါစေ
    လို့လည်း ဆုတောင်းမိပါတယ် နောက်တစ်ခု ဒေါ်စု ရဲ့အသက်အန္တရာယ်ကိုလည်း စိုးရိမ်မီပါတယ် နအဖ က ကြံစည်လျှက်ရှိနေပါတယ် အားလုံးက သတိထားရမယ် မပေါမဆ ပြင်းပြသောထက်သံ မှန်ကန်သောသတိတရားတွေနဲ့ နေကြရမယ်။

    ReplyDelete
  5. I am glad to hear Aung San Su Gyi restart to work democratically to became democracy country in Burma.

    ReplyDelete