ဒီနေ့ သတင်းစာမှာ ပါတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို လွှတ်ပေးကြောင်း ရဲချုပ် သွားပြောပြတဲ့ သတင်း။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဘက်မှာ ထိုင်နေတာက ဒေါ်ခင်ခင်ဝင်း နဲ့ မ၀င်းမမ။ သူတို့ ၂ ယောက်ကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပြုပါတယ် တဲ့။
ဒီနေ့ ဘာလုပ်မလဲ ဆိုတော့
ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ NLD ရုံးချုပ်မှာ သံတမန်တွေ၊ ပြည်သူတွေ၊ အဖွဲ့ဝင်တွေ၊ သတင်းသမားတွေနဲ့ တွေ့ မယ်။
ပြီးရင် ဦးလွင်ရဲ့ ဇနီး နာရေး လိုက်ပို့မယ်။
ညနေဘက် ရွှေတိဂုံဘုရား သွားမယ် လို့ ရန်ကုန်က လာတဲ့ သတင်းတွေက ဆိုတယ်။
Thanks to khin yi for u bring DAW AUNG SU KYI free news. But ... ur turn will coming soon
ReplyDeleteဒေါ်အောင်ဆန်းစုကြည်ကို မကြာခင် အကြောင်းတစ်ခုခုနဲ့ (အကြောင်းမရှိအကြောင်းရှာပြီး)ပြန်လည်ဖမ်းဆီးအုံးမည်လားဆိုတာသိချင်ပါတယ်
ReplyDeleteဒေါ်စုကျန်းမာပါစေ စိတ်ရွှင်လန်းပါစေ ဒေါ်စုအတွက်သေသေချာချာ လုံခြုံရေးရှိစေချင်ပါသည်။ ဘုန်းကြီးတောင်သတ်ရဲတဲ.စစ်ခွေးတွေဘာကောက်ကျစ် ယုတ်မာကြအုံးမလဲမသိဘူး
ReplyDeleteအမေ
ReplyDeleteလုံခြုံရေး ဂရုစိုက်ပါ။
အမေ အသက်ရှင်နေမှဖြစ်မယ်။
ပြည်သူတွေအားလုံးအတွက် အမေ အသက်ရှည်မှဖြစ်မယ်။
အမေ အောင်မြင်ပါစေ။
အမေ့ရဲ့မေတ္တာတရားကအရာရာကိုအောင်မြင်နိုင်လိမ့်မယ်လို့သားတို့ယုံကြည်
ReplyDeleteနေကြတယ် အမေအားတင်ထားနော် ကျမ္မာရေးကအရေးကြီးဆုံးအမေဂရုစိုက်
ပါ...ညအိပ်ရာဝင်ဘုရားရှိခိုးတိုင်းမှာအမေကျမ္မာပါစေလို့.....