Pages

Thursday, November 4, 2010

ဒီမိုကရက်တစ်ပါတီ ကြို့ ပင်ကောက် မဲဆွယ်ပွဲ

ကြို့ပင်ကောက်မြို့မှာ မနေ့က စည်းရုံးဟောပြောနေတဲ့ ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် ဒေါ်ချိုချိုကျော်ငြိမ်း။ ဒီမြို့ကနေ သူ ၀င်အရွေးခံမှာပါ။

ပဲခူးတိုင်းထဲမှာ တစည နဲ့ ကြံ့ဖွံ့ တို့အကြောင်းပဲ ဒေသခံတွေ သိကြတယ်လို့ သူက ဧရာဝတီကို ဇွန်လတုန်းက ပြောခဲ့ဖူးပါတယ်။

ပရိသတ်

ပါတီ ဥက္ကဋ္ဌ ဦးသုဝေ ပြောတဲ့ အလှည့်

ကြို့ပင်ကောက်မှာ ဒီမိုကရက်တစ် ပါတီ နဲ့ NDF တို့ အခြေအနေ ကောင်းကြမလား၊
အစိုးရတပိုင်း ကြံ့ဖွံ့က အပြတ်အသတ် နိုင်တယ်လို့ ကြေညာသံ ကြားရမလား၊
၂၆ နှစ် တန်ခိုးထွားခဲ့ပြီး အခု အထည်ကြီးပျက် ဖြစ်နေတဲ့ တစည ဆရာကြီးတို့ အောင်ပွဲခံမလား ဆိုတာတော့ မကြာခင် အဖြေ ပေါ်ပါတော့မယ်။


(ဓာတ်ပုံ - AP)

2 comments:

  1. မိတ်ဆွေတစ်ဦး၏ ၂၀၁၀ ရွေးကောက်ပွဲ အမြင် လက်ကမ်း စာစောင်........
    ဘော်လုံးတစ်လုံး နဲ့ ဘဲ တစ်ကောင်အား အတူထား၍ ဓါတ်ပုံ ရိုက်ပါ.. Photoshop သို့ အခြားမီဒီယာ editing ဆော့ဖ်ဝဲများဖြင့် အဆိုပါ ဘော်လုံးနဲ့ ဘဲ ၏ ဓါတ်ပုံအပေါ်ပိုင်း တွင် “ ၂၀၁၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကြီး” ဆိုသော ခေါင်းစဉ်တပ်ပါ.. နိုဝင်ဘာ ၇ ရက် ၂၀၁၀ ရက်စွဲ ဒုတိယ လိုင်းတွင် ပါပါစေ.. ၄င်းနောက် အဆိုပါ ဓါတ်ပုံအား တတ်နိုင်သမျှ ပရင့်ထုတ်ခြင်း ကော်ပီကူးခြင်းပြုလုပ်၍ .. သက်ဆိုင်ရာ သို့ အာဏာပိုင်ဟု ကိုယ့်ကိုကိုယ် ခေါ်သူများကို ပေးပါလေ.. လာမဲ့ ရွေးကောက်ပွဲအပေါ် ပြည်သူတွေရဲ့ သဘောထားကို ထင်ဟပ်တဲ့ မက်ဆေ့ခ်ျလို့ နဲနဲ အားထည့်၍ ပြောပါလေ.. အဓိပ္ပါယ်မှာ “ ၂၀၁၀ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ” “ ဘော ဘဲ” ထင်တယ် ဟုဆိုလိုပါသည်.. ( သတိ.. ဓါတ်ပုံရိုက်ရာတွင် ဘောလုံးနဲ့ ဘဲ အား နေရာအထား မှားခဲ့သော် “ ဘဲ ဘော” ဖြစ်သွားနိုင်သည်.. သတိပြုပါလေ..) ဘော်လုံး သင်္ကေတ သည်လည်း ကိုယ်စားလှယ်လောင်း ယုဇာမော်ထွန်း ၏ သင်္ကေတပါ.. ဘဲ က တော့ မသိ...

    ReplyDelete
  2. I prefer DP (cho cho kyaw nyein) than NDF.

    ReplyDelete