Pages

Wednesday, December 8, 2010

ရှမ်းနှစ်သစ်ကူးပွဲတော်

ရှမ်းလူမျိုးတို့ နှစ်စဉ်ကျင်းပသည့် ပွဲတော်တခုဖြစ်သော ရှမ်းနှစ်သစ်ကူးပွဲတော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌လည်း ကျင်းပကြသည်။ ယင်းပွဲတော်ကို ဒီဇင်ဘာလ ၆ ရက်နေ့ကနေ ၈ ရက်နေ့အထိ ဝပ်ကူတောက် ကျောင်းတိုက် တွင် ကျင်းပခြင်း ဖြစ်ပြီး၊ ချင်းမိုင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကာ ထိုင်းနိုင်ငံရောက် ရှမ်း လူမျိုးများက ကျင်းပကြခြင်း ဖြစ်သည်။

ရှမ်းခုနှစ်သက္ကရာဇ်များအရ နတ်တော်လဆန်း ၁ ရက်နေ့ကို နှစ်သစ်အဖြစ် သတ်မှတ်ကြပြီး ယခုနှစ်သည် ရှမ်း လူမျိုးများ၏ ၂၁၀၅ ခုနှစ်ကို ဝင်ရောက်သောနှစ်ဖြစ်သည်။

၂၁၀၅ ခုနှစ် ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဖွင့်လှစ်ပေးကြမည့် ရှမ်းလူငယ်မောင်မယ်များ

ရှမ်းရိုးရာ တိုးနယားအကဖြင့် ဖျော်ဖြေစဉ်

ရှမ်းပျိုဖြူများက ရိုးရာ ဓားသိုင်းအကဖြင့် ဖျော်ဖြေစဉ်

နှစ်သစ်ကူးပွဲတော်ကို ရောက်လာကြသည့် ချင်းမိုင်မြို့မှ ရှမ်းလူမျိုးများ

နှစ်ကူးသံပြိုင်သီချင်း သီဆိုနေကြစဉ်

ရှမ်း သီချင်းကြီးတပုဒ်ကို ဟွန်းတယောဖြင့် တွဲဖက် သီဆိုစဉ်

ပြည်ပရောက် ရှမ်းလူမျိုးများက နှစ်သစ်ကူးပွဲတော်ကို လွတ်လပ်စွာကျင်းပခွင့် ရသော်လည်း ရှမ်းပြည်မှ မြို့နယ် တချို့တွင် ကျင်းပခွင့်မရကြောင်း သိရှိရသည်။

No comments:

Post a Comment