မင်းနိုင်သူ၊ ဒီဇင်ဘာ ၉၊ ၂၀၁၀
မန္တလေးနန်းတွင်းရှိ မန္တလေးတိုင်းမှူးဗိုလ်မှူးချုပ်ရဲအောင် နေအိမ် ယနေ့ မွန်းလွဲ ၁ နာရီခွဲခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
“၀ါယာရှော့ခ်ဖြစ်ပြီး လောင်တာလို့ မီးသတ်က ပြောပါတယ်။ မီးသတ်ကားတွေကို ဥသြမဆွဲဖို့ အမိန့်ပေးထားတယ်လို့လည်း သိရတယ်” ဟု မန္တလေးမြို့ခံတဦးက ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ်အပေါ်ထပ် တခုလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း ၊ လောင်ကျွမ်းချိန်တွင် မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ရဲအောင် မရှိခဲ့ကြောင်း သိရသည်။
မန္တလေးမြို့ခံက“တိုင်းမှူးက မေမြို့ဗိုလ်သင်တန်းဆင်းပွဲလာမယ့် ဗိုလ်ချုပ်မှူးကြီးကို သွားကြိုနေတယ်လို့ သိရပါတယ်။ ဗိုလ်ချုပ်မှူးကြီးလည်း နန်းတွင်းမှာ တည်းဖို့ အစီအစဉ်ရှိတယ်။ အခုဟာ သူမရောက်သေးခင် လောင်တာပေါ့”ဟု ဆက်လက် ပြောဆိုသည်။
အဆိုပါ မီးလောင်ကျွမ်းမှုနှင့်စပ်လျဉ်း၍ မန္တလေးတိုင်း မီးသတ်ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မပြုပေ။
ဓာတ်ပုံ-ဧရာဝတီ
တိုင်းမှူးအိမ်မီးလောင်နေစဉ် ကျုံးအပြင်မှ တွေ့ရစဉ် (ဓာတ်ပုံ-ဧရာဝတီ ပရိသတ်တဦး)
ဘာမှစဉ်းစားမနေနဲ့ မီးလောင်တာ ကေအင်ယူလက်ချက်ဘဲ
ReplyDeleteအဲဒါ အရေးမကြီးဘူး
ReplyDeleteမန်းလေးသားတွေတော့ သေပြီဆရာပဲ
မီးထဲပါသွားတာလေးတွေ ပြန်ရအောင် ကောက်တော့မှာ P:)
အပေါ် က ကွန်မင်း ၂ ခု လုံး ကိုလေးစားပါတယ်။@kyawhtin December 9, 2010 4:03 PM and @Anonymous December 9, 2010 6:33 PM !!!
ReplyDeleteကျနော်တွေးနေတာ ကတော့ သင်တန်းဆင်းဗိုလ်လောင်း လေးတွေ စစ်ဘက်ဆိုင်ရာ အရာရှိကြီးတွေ ကို အလေးပြု ကြရုံမက စိန်တွေသီးနေတဲ့ သမီးတော်၊သားမက်တော်တွေ၊ မြေးတော် တွေ ကို အနှေးလျှောက်၊အမြန်လျှောက် စစ်ကြောင်းပုံတွေနဲ့  ရောယောင် အလေးပြုကြရဦးမယ်။ သနားမိပါ၏။ ဗိုနေ၀င်း တောင် ဒါမျိုး မလုပ်ခဲ့ဘူးပါ။
လုပ်နည်းထုံးစံ အတိုင်း အိမ်ရှင်ကို ဖမ်းလေ။ ကလေးလုပ်ရင်လဲ အဖေ ကိုဖမ်းနေကြပဲ။
ReplyDeleteပေါ့စမီးပါ။
Why don't they take the action on owner of the house?
ReplyDeleteknu မအားသေးလို့ မီးမရှို့ တာပါ. အားရင် RBG နဲ့ ဆော်မှာ
ReplyDeleteခိုးထားတာတွေတော့ကုန်ပါပြီ....
ReplyDeleteWow, really appreciate those who take photo and share. I know it is hard to get inside this area.
ReplyDeleteWhen the arresting will do? :P
ReplyDelete"လုပ်နည်းထုံးစံ အတိုင်း အိမ်ရှင်ကို ဖမ်းလေ။ ကလေးလုပ်ရင်လဲ အဖေ ကိုဖမ်းနေကြပဲ။
ReplyDeleteပေါ့စမီးပါ။ " ---ဟုတ်ပါတယ်။ပေါ့ဆမီးပါ။အိမ်ရှင်မှာ တာဝင်ရှိပါတယ်။ ဒေါ်စု အိမ် သူခိုးဝင်တုန်း ကလည်း ဘယ်သူအပြစ် ဖြစ်ဖြစ် အိမ်ရှင်ကို ထောင်ချဒါပဲ။