ရှမ်းပြည်နယ် ကျိုင်းတုံထောင်မှာ ရှိနေတဲ့ ထောင်ဒဏ် ၆၅ နှစ် ချခံထားရတဲ့ ကိုမင်းကိုနိုင်ကို အစ်မဖြစ်သူ ဒေါ်ကြည်ကြည်ညွန့်က ထောင်ဝင်စာ သွားတွေ့ခဲ့ပါတယ်။ အောက်တိုဘာလ အစောပိုင်း သတင်းများအရ ကိုမင်းကိုနိုင်သည် ကျီးပေါင်းတက်ရောဂါ ခံစားနေရပြီး အကိုက်အခဲ ပျောက်ဆေးများ ပို့ပေးနေရသည်ဟု သိရသည်။ ထောင်ဝင်စာ သွားတွေ့တဲ့ သတင်းအသေးစိတ်ကို ဒီမှာဖတ်ပါ။ (ဓာတ်ပုံ - ဧရာဝတီ)
ကိုမင်းကိုနိုင်၊ ကို ကိုကိုကြီးနဲ့ အစရှိသော ပြည်သူ့ အတွက် မိမိဘ၀ရဲ့ လွတ်လပ်ခွင့်တွေ စတေးပြီး ပြည်သူ့ အရှေ့ က ရပ်တည်သောကြောင့် အကျဉ်းကျခံ နေကြရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန် လွတ်မြောက်ကြပါစေသား၊ ကိုယ်စိတ်နှလုံးသုံးပါးလုံး ကျန်းမာ၊ ချမ်းသာ ကြပါစေ။ အသက်ရာကျော်ရှည်ကြပါစေ။ လိုအင်ပြည့်ဝကြပါစေ။ အမြဲမေတ်တာပို့ ဆုတောင်းပေးလျှက်ပါ။ သူရဲကောင်းကြီးတွေ အမြန် အကျဉ်းထောင်မှ လွတ်မြောက်ကြပါစေ။
ReplyDeleteထောင်ဝင်စာ စစ်တဲ့ ခုံပေါ်မှာ ပစ္စည်းတွေစစ်နေတဲ့ပုံက အပေါ်မှာ ဖြစ်ရမယ်။
ReplyDeleteပြီးမှပစ္စည်းတွေသယ်ရမယ်။ ပစ္စည်းတွေကို ထောင်ဝန်ထမ်းတွေက ကူသယ်ပေးပါလား ထူးဆန်းပါပေ့။
ခွပ်ဒေါင်းတစ်ကောင်အတောင်ပံချိုးခံရပြီးလှောင်အိမ်ထဲထည့်ထားခံရခြင်းဖြစ်သည်။သူတို့၏အနစ်နာခံစွန့်လွှတ်မှုများအလဟဿမဖြစ်သင့်ပါ။သက်ဆိုင်ရာအဖွဲ့ အစည်းများကနေ၍ကျောင်းသားခေါင်းဆောင်များလွတ်မြောက်ရေးကိုတစိုက်မတ်မတ်ကြိုးပမ်းဆောင်ရွက်သင့်သည်။၈၈၈၈တွင်သူတို့မရှိခဲ့လျှင်ယခုအချိန်မြန်မာပြည်သူတစ်ရပ်လုံးတစ်ပါတီအာဏာရှင်မဆလလက်အောက်တွင်သာရှိဦးမည်ဖြစ်သည်။တက်အကျိုးမခံအလံမလှဲခံပဲနောက်ဆုံးထွက်သက်ရှိနေသည်အထိအာဏာရှင်စနစ်ကိုဆန့်ကျင်ရဲသောသူတို့၏သံမဏိစိတ်ဓာတ်ကိုအားလုံးလေးစားအတုယူသင့်သည်။ခွပ်ဒေါင်းများအမြန်လွတ်မြောက်နိုင်ပါစေ။
ReplyDeleteကျွန်မစဉ်းစားမိတာလေးတစ်ခုက..ကျိုင်းတုံမြို့ခံ မိဘပြည်သူတွေထဲက..ကူညီရင် သိပ်အဆင်ပြေမှာဘဲထင်မိပါတယ်..အပတ်စဉ် တစ်ခုခုပို့ပေးတာ..သွားရောက်တွေ့ဆုံတာ..အားပေးသမှုပြုတာ..တရားဝင် ခွင့်မပြုရင်လည်း..သိတဲ့အတိုင်းနည်းလမ်းတွေ ရှာကြံပြီး ကြိုးစားကြည့်စေချင်ပါတယ်..
ReplyDelete