


သံဃာတော်များနှင့် သီလရှင်များကို လှူဖွယ်ပစ္စည်းများ ဒေါ်အောင်ဆန်းစုကြည် လှူဒါန်းနေစဉ် (ဓါတ်ပုံ-ဧရာဝတီ)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးရှေ့မှာ ယနေ့ နံနက် ၈ နာရီခန့်က သံဃာတော်များကို သင်္ကန်းတစုံစီ ကပ်လှူခဲ့ကြောင်း သိရပါတယ်။
အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပါတီဝင်များက အပတ်စဉ်အင်္ဂါနေ့တိုင်း ပါတီရုံးချုပ်ရှေ့တွင် ဆွမ်းခံကြွခဲ့ကြတဲ့ သံဃာတော် ၇၈၅ ပါးကို သင်္ကန်းတစုံစီ ကပ်လှူခဲ့ကြပြီး သီလရှင် ၁၁၉ ပါးကိုလည်း တဘက်တထည်စီ လှူဒါန်းခဲ့ကြောင်း ပါတီဝင် တဦးက ပြောပါတယ်။
I hope the day she can go visit her son and come back whenever she desires comes soon. No family deserve to be separated.
ReplyDeleteSadu,Sadu,Sadu.
ReplyDeleteအမေစုကိုပြည်သူလူထုနဲ့အတူအလှူဓါနကုသိုလ်ပြုနေတာတွေ့ရတာဘယ်
လောက်ကြည်နူးစရာကောင်းသလဲ၊သာဓု၃ကြိမ်ခေါ်လိုက်ပါတယ်။
ဗမာပြည်ဟာအမှန်တော့အင်မတန်နေချင်စရာကောင်းပြီးအရှေ့အာရှမှာတချိန်ကထိပ်တန်းနိုင်ငံတခုပါ။ယဉ်ကျေးသိမ်မွေ့၊ရိုးသားဖြူစင်ဖြောင့်မတ်သူများနေထိုင်တဲ့တိုင်းပြည်အဖြစ်ကမ္ဘာမှာရေပန်းစားခဲ့တဲ့တိုင်းပြည်ပါဗျာ။
စစ်အစိုးရများရဲ့စနစ်တကျနှစ်ပေါင်းများစွာဖျက်ဆီးမှုကြောင့်ကျုပ်တို့
တိုင်းပြည်ဟာအခုတော့သူများတံထွေးခွက်မှာမျောပြီးအကန့်အသန့်မရှိပျက်စီးခြင်းမကပျက်စီးနေကြပြီမဟုတ်လား။အကျင့်ပျက်လာဘ်စား၊ကြီးနိုင်ငယ်ညှင်း၊အထက်ဖါးအောက်ဖိ၊ငါငါဆိုတဲ့တကိုယ်ကောင်းဆံတဲ့စိတ်၊အများအကြိုးလျစ်လျူရှုရုံမက ပျက်စီးရာပျက်စီးကြောင်းသာကြံဆောင်တဲ့မကောင်းတဲ့စိတ်များကိုပြောနေရတာပါ။
အမေစုကရှေ့ဆောင်လမ်းပြအနေနဲ့ကျနော်တို့တတွေရိုးသား
ယဉ်ကျေးလာအောင်ပြုပြင်နေတာကိုမြင်ယောင်လာလို့၊
နောက်ထပ်သာဓု၃ကြိမ်ခေါ်လိုက်ပါတယ်။သာဓု၊သာဓု၊သာဓု။
အင်မတန် ကြည်နူး မိပါတယ်ဗျာ။
ReplyDeleteစိတ်ပူပန်မှုတွေ၊ ဒေါသ တွေ ဘဲ ဖိစီးနေတဲ့ ကျနော့ အဖို့  မတော့---
အလွန်ဘဲ စိတ်ချမ်းသာရပါတယ်။
လုံခြုံရေး အတွက် အဝေး က ရင်မနေတဲ့ ကျနော့ အတွက် တဒင်္ဂ ချမ်းမြေ့ စေတာ အမှန်ပါဘဲ။
စီစဉ်ပေးသူအားလုံး ကို၎င်း၊ တင်ပြပေးသူ သတင်းဌာန အားလုံးကိုသော်၎င်း၊
အထူးကျေးဇူတင်ပါတယ်ဗျာ။
အမေရေ.. သာဓု သာဓု သာဓု သုံးကြိမ်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ခေါ်သွားပါတယ်။
ReplyDelete