Pages

Friday, January 28, 2011

ရန်ကုန်မြို့မှ ပေးစာ

ကျွန်တော် အကူအညီ တစ်ခု တောင်းချင်လို့ပါ။ ကျနော်တို့ အခက်အခဲ တခုကို တင်ပြပြီး မီဒီယာ တွေအနေနဲ့ ကူညီစေချင်ပါတယ်။

ရန်ကုန်မြို့လယ်ခေါင် (၃၃) လမ်း နှင့် အနော်ရထာထောင့် မှာရှိတဲ့ လူနေထိုင်တဲ့ တိုက်တစ်လုံးကို Naing group နဲ့ စည်ပင်ပေါင်းပြီးဖျက်တာ လူနေခန်းတွေကျန်ခဲ့တယ်။
အဲဒါ ရွှေမျက်မှန်ဆိုတဲ့ဆိုင်ရယ် အခြားလူနေခန်းရယ် ကျန်နေတာ။

အခုတော့ ရွှေမျက်မှန်ဆိုင် တဆိုင်ပဲ ကျန်တော့တယ်။ ဒါပေမယ့် ပိုက်ဆံလည်း အလျော်မပေး၊ အစားထိုးပြီးလည်းပြန်မပေးဘူး။ နယ်တွေမှာ လယ်သိမ်းသလို သိမ်းနေတယ်။

အခုလည်း လူတွေနေနေရဲ့သားနဲ့ ။ အတင်းဖျက်နေတယ်။ ဆွဲချမယ်လို့လည်း ပြောနေတယ်။ ရွှေမျက်မှန်ဆိုင်ကလည်း မတရားသဖြင့်
တောင်းဆိုမှုတွေ တခုမှ မလုပ်ပါဘူး။ သူတို့ အခန်းအတိုင်းအတာအတိုင်းပဲ ပြန်ရချင်တာပါ။
ဒီလိုပဲ လက်လွတ်ပြီး ကိုယ့်ပိုင်တဲ့ အခန်းက လက်လွတ်ထွက်ပေးရမှာလား။

ကူညီပေးပါဦး။ မီဒီယာဆိုတာ အားတခုပါ။ ကူညီမယ့်သူမဲ့လို့ အကူအညီတောင်းဆိုပါတယ်။


1 comment:

  1. မဲပေးတော့ သူ့အဘ ကြံ့ဖွတ်ကို ပေးတယ်။ ဖြစ်လာတော့ အမှန်တရားဖော်ပြတဲ့ ပြည်သူ့ဘက်က ဂျာနယ်ဆီလာလှန်ပြတယ်။ ကြံ့ဖွတ်ကိုမဲပေးထားပါတယ်ဆိုလဲ ကိုယ့်အဘဆီကိုယ်သွားပါလား မြို့ထဲနေ တိုက်ကြီးရှင်တို့ရယ်။ ခုတော့ အောင်နိုင်သူတွေလှည့်မကြည့်ကြတော့ဘူးမှတ်လား။ စာရေးတာကိုက ဗိုလ်ချုပ်မှုးကြီးနှင့်ဝန်ကြီးများသို့ တဲ့။ ဒီလိုသာ ကိုယ်ချင်းစာတတ်လို့ကတော့ ဒင်းတို့ခွေးတွေဆွဲလို့ ပြည်သူတွေသွေးမြေကျခဲ့စရာကိုမရှိဘူး။ ကိုယ်ဖြစ်လာတော့ ထိုင်မရထမရဖြစ်တတ်ရင် အစကတည်းက သူခိုးဓားရိုးမကမ်းနဲ့။

    ReplyDelete