တခါတုန်းကတော့ ချစ်သူများနေ့မှာ ငါးနှစ်ကောင် နှုတ်ခမ်းချင်း ထိနေတဲ့ပုံကို အလှကြည့်ဓာတ်ပုံအဖြစ် ဂျာနယ်ထဲ ထည့်ဖို့ စာပေစိစစ်ရေးတင်တာမှာ ဖြုတ်ပစ်လိုက်တာကို မှတ်မိပါသေးတယ်။
ခုတော့ တမျိုးဖြစ်သွားတာ ကြာပါပြီ ပြောရပါမယ်။ စီးပွားရေးသမားတွေကသာ မဟုတ်ဘဲ အစိုးရကလည်း ချစ်သူများနေ့နဲ့ လုပ်စားလာလို့ပါ။ တတိယအကြိမ်မြောက် ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် ဦးပိုင်လီမိတက်လက်အောက်ရှိ 547 Trading ကနေပြီး ရန်ကုန်မြို့ ကရ၀ိတ်ဥယျဉ်မှာ ဈေးရောင်းပွဲတော်ကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်နေ့အထိ ကျင်းပမှာပါ။
ဖေဖော်ဝါရီ ၁၀ ရက် နေ့လည် ၃ နာရီမှာ ဦးပိုင်လီမိတက်မှ အရာရှိများနဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှုးချုပ် ထွန်းသန်းတို့က တက်ရောက် ဖွင့်လှစ်ပါတယ်။ ဖွင့်ပွဲနေ့ မြင်ကွင်းနဲ့ ဆိုင်အခင်းအကျင်းတွေကို အဝေးရောက်မြန်မာများ ကြည့်ရှုဖို့ တင်ပေးလိုက်ပါတယ်။
ဖဲကြိုးကိုင် အနုပညာရှင်တွေ။
အလွန်အရေးကြီးတဲ့ အလုပ်ဖြစ်လေတော့ တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်းက ကိုယ်တိုင်လာရပုံ ရပါတယ်။ ကော်ဇောနီကြီးနဲ့။
ချစ်သူများနေ့ ဈေးရောင်းပွဲ ကြယ်ငါးပွင့် သင်္ဘောလိုင်းလည်း မနေရ။
အပြတ်ဟဲနေတဲ့ သဇင်
ဓာတ်ပုံပေးပို့သူကတော့ ဒီလို ပုံစာ တပ်ပြီး ပို့လိုက်ပါတယ်။ “၀၁၆၅ နှင့် ၀၁၇၄ ဖွင့်ပွဲအခမ်းတွင် ဖျော်ဖြေတင်ဆက်နေသော ဦးပိုင် မော်ဒယ်များ” တဲ့။ ဦးပိုင်က မော်ဒယ်တွေလည်း ပိုင်ပုံရပါတယ်။
ဦးပိုင်က ယမကာလည်း ထုတ်ပါတယ်။ ဦးပိုင် မလုပ်တဲ့အလုပ် ဘာကျန်သေးလဲတော့ မသိပါ။
ဦးပိုင်ကမော်ဒယ်လ်တွေလားဗျာ... ခြေသလုံးလေးတွေက လှတယ်ဆိုတော့ ဖော်ပြချင်ကြသပေါ့၊ ဟင်းးးး ဒူးခေါင်းတွေက မဲနေသေးးး၊ ကိုရီးယားမလေးတွေလို ဖွေးဖွေးဖြူပြီး ဖျောင့်ဆင်းနေတဲ့ ခြေသလုံးလေးတွေကိုများ ပိုင်ဆိုင်ထားကြရင် ဘယ်လိုများလှစ်ပြကြမယ် မတွေးရဲပေါင်။
ReplyDeleteယမကာဆိုင်စတိုင်းလ်ကိုလည်းကြည့်လိုက်ဦး၊ တောဘက်မှာ မသာချမယ့် ပြာသဒ်ကျနေတာပဲ.....။
ဟေ့ ဒီနေ့ဘာနေ့လဲ။ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့လေ။
ReplyDeleteမနက်ဖြန်ရော ဘာနေ့လဲ။ ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့လေ။
စဉ်းစားဆင်ခြင်ဥာဏ်ရှိကြကုန်သောမြန်မာပြည်သူပြည်သားအပေါင်းတို့။
အရူးတွေချစ်သူများနေ့ပဲလုပ်လုပ် မုန်းသူများနေ့ပဲလုပ်လုပ်။
တို့တွေကကိုယ်လုပ်စရာရှိတာဆက်လုပ်။
Never heard before that UMEHL (Union of Myanmar Economic Holding Limited)under the control of SPDC(States Peace & Development Counsel)is doing such kind of promotion sales.
ReplyDeleteAgreed with the comments posted on 10:21AM,12th Feb 2011.
SPDC is trying to fade out the profile of "Union Day"
ဒီလိုသတိပေးတာကြိုက်တယ်ဗျာ ကိုယ့်နိုင်ငံအတွက်ဘာအကျိုးမှမရှိ သောက်ပြစ်ဘဲရှိနိုင်တဲ့ကိစ္စမျိုးကို တိုင်းမှူးကိုယ်တိုင်ပိုက်ဆံရလို့လုပ်တာဗျို့ Anonymous said...
ReplyDeleteဟေ့ ဒီနေ့ဘာနေ့လဲ။ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့လေ။
မနက်ဖြန်ရော ဘာနေ့လဲ။ ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်မွေးနေ့လေ။
စဉ်းစားဆင်ခြင်ဥာဏ်ရှိကြကုန်သောမြန်မာပြည်သူပြည်သားအပေါင်းတို့။
အရူးတွေချစ်သူများနေ့ပဲလုပ်လုပ် မုန်းသူများနေ့ပဲလုပ်လုပ်။
တို့တွေကကိုယ်လုပ်စရာရှိတာဆက်လုပ်။