
လင်းသန့်၊ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၁
ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွေ့  လူထုအုံကြွမှု ဖြစ်ပေါ်မလာနိုင်ဟု လွန်ခဲ့သည့် သီတင်းပတ်က နေပြည်တော် အရေးပေါ်အစည်းအဝေးတခုတွင် ပြောကြားလိုက်သည်ဟု သိရသည်။
မကြာသေးမီက တူနီရှားနိုင်ငံမှ စတင်ခဲ့ပြီး တခြား အရှေ့အလယ်ပိုင်း နိုင်ငံများသို့ ကူးစက်ခဲ့သည့် လူထုလှုပ်ရှားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီး အာဏာရှင်များ အာဏာလက်လွှတ်ပေးခဲ့ရသည့် အခြေအနေများကို မြန်မာနိုင်ငံတွင်လည်း စိတ်ဝင်စားနေကြသည်။
ထိုကဲ့သို့ အရှေ့အလယ်ပိုင်းတွင် လူထုအုံကြွမှုများ ဖြစ်ပေါ်နေစဉ် မြန်မာစစ်ခေါင်းဆောင်များကလည်း အရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူခဲ့သည်ဟု သိရသည်။
ထိုအစည်းအဝေးတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တပ်မှူးများတင်ြပလာကြသော အရှေ့အလယ်ပိုင်းနှင့် တချို့ နိုင်ငံများတွင် ဖြစ်ပွားနေသော အထွေထွေ အုံကြွမှု မြန်မာနိုင်ငံတွင် ဂယက်ရိုက်ခတ်လာခဲ့သည်ရှိသော် လုံခြုံရေး ကြိုတင်ပြင်ဆင် ထားနိုင်ရန် ဆွေးနွေးကြကြောင်း သိရသည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အထက်ပါ အတိုင်း ဒေါ်အောင်ဆန်းစုကြည် ရှိနေသရွေ့ လူထုအုံကြွမှု မဖြစ်နိုင်ဟု မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။ သို့သော် အစည်းအဝေးတွင် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အပါအဝင် ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းသန်း၊ မန္တလေးတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် ရဲအောင်နှင့် တချို့ တိုင်းမှူး၊ တပ်မမှူးများက ဆန္ဒပြမှုများ ပေါပေါက်လာနိုင်သည်ဟု ခန့်မှန်းကြောင်း သိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ Freedom News Group တွင်လည်း ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတွင် သံဃာများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မပူးပေါင်းမိခင် သံဃာများကို ဖြိုခွင်းခဲ့ကြောင်း ပြောသည်ဟု အရာရှိတဦးကို ကိုးကားဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မှတ်ချက်နှင့်ပတ်သက်ပြီး ရန်ကုန်မြို့ရှိ တက်ကြွ လှုပ်ရှားသူ လူငယ်တဦးက ဧရာဝတီသို့ ပြောကြားရာတွင် “ကျနော်တို့ အခု မြန်မာနိုင်ငံမှာ မူဘာရက်လို ဗိုလ်သန်းရွှေ အမြန်ဆုံးအာဏာက ထွက်ပြေးအောင် လူထုလှုပ်ရှားမှု ပေါ်ပေါက်လာရေး၊ သိန်းစိန် အစိုးရ အလိုမရှိ ပိုစတာ ကင်မ်ပိန်းလုပ်နေကြတယ်။ ခက်တာက အန်တီစုက ဒါမျိုးတွေကို စိတ်ဝင်စားတဲ့ ပုံမတွေ့ရတဲ့အပေါ် မူတည်ပြီး ဗိုလ်သန်းရွှေကြီးက အဲဒီလို မှတ်ချက်ပေးတာ ဖြစ်နိုင်တယ်။ ကျနော်တို့ကတော့ တိုင်းပြည် အမြန်ဆုံးပြောင်းဖို့အတွက် ကြိုးစားလုပ်ဆောင်သွားမှာပဲ။ ကျနော်တို့က ပေးဆပ်နေရတာ သိပ်များနေပြီ။ တအိအိ ဆိတ်သုဉ်းနေတဲ့ ဘ၀တွေအတွက် အချိန်က သိပ်တန်ဘိုးရှိတယ်” ဟု ဆိုသည်။
တက်ကြွလှုပ်ရှားသူ လူငယ်များက တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းသို့ စစ်အာဏာရှင်များ တက်လာစေရေးအတွက် ပြည်တွင်းလူထု လှုပ်ရှားမှုဖြင့် ဖိအားပေးရေးလမ်းစဉ်က စွန့်စားမှု ကြီးသော်လည်း တပ်မတော်ကြားနေပါက တခြားနိုင်ငံများအတိုင်း အောင်မြင်သော အသွင်ကူးပြောင်းရေးကို ဖြစ်ထွန်းမည်ဟု ယုံကြည်နေကြကြောင်း သိရသည်။
နိုင်ငံတကာတွင် အင်တာနက်အွန်လိုင်း အသုံးပြုပြီး လူထုအုံကြွမှု လှုံ့ဆော်မှုများကြောင့် အစိုးရ အပြောင်းအလဲများ ဆက်တိုက်ဖြစ်ပွားလာမှုသည် မြန်မာနိုင်ငံတွင်လည်း သင်ခန်းစာယူ လုပ်ဆောင်နိုင်မည့် အခွင့်အလမ်းများ ဖြစ်ထွန်းလာနိုင်ခြေ ရှိမရှိ မြန်မာ့အရေး လေ့လာသူများအကြား မေးခွန်းထုတ်နေကြသည်ဟု သိရသည်။
သူတို့ဆီမှာစစ်တပ်ကပြည်သူဘက်ကရပ်တည်တာလေ။
ReplyDeleteကိုယ့်ဆီမှာကစစ်တပ်ကိုယ်တိုင်ကအာဏာရှင်ဖြစ်နေတာလေ။
တပ်ထဲကအခြားအဆင့်တွေကလဲရတဲ့အရွတ်အရိုးအရီအရွဲအပြိုင်ဆွဲနေကြပြီ။
ပြည်သူကိုခေါင်းထဲမထားနိုင်တော့ဘူး။
မင်းတို့က ပြဿနာပဲ။ အစိုးရက ဆက်သွယ်ရေး စနစ်တွေချုပ်ကိုင်ထားတာကို သဘောမပေါက်ဘူး။ မင်းတို့လုပ်တာနဲ့ အင်တာနက်ကို အားကိုးပြီး ဆက်သွယ်နေရတဲ့ လူတွေကို အားနာစမ်းပါကွာ။ အစိုးရက ဒါတွေအားလုံးပိတ်လိုက်ရင် မြန်မာပြည်ကလူတွေ ဘယ်သူ ဘာသိမှာလဲ။ ဆာဗာကြီး ဗိုင်းရပ်ကိုက်ခံရပါတယ်ဆိုရင် မင်းတို့ဘာပြောနိုင်အုံးမှာလဲ။ အစိုးရကမလုပ်ချင်လို့ ပြည်သူကို ကိုယ်ချင်းစာလို့ အေးဆေးနေနေတာ မင်းတို့ပြောနေတာကို သိပ်သိတာပေါ့။ မသိပဲနေမလား မင်းတို့ထက် စဉ်းစားတတ်လို့ နိုင်ငံမှာအုပ်ချုပ်လာတာ ကြာပြီ။ မင်းတို့လုပ်တာနဲ့ ငါတို့ပြည်သူတွေ ထပ်ပြီးနစ်နာနေပါ့မယ်။ ရပ်တန်းကရပ်ပါတော့။ အင်တာနက်က လှုံ့ဆော်တော့ဘာဖြစ်လဲ။ ဆာဗာဖြုတ်လိုက်မှာပေါ့။ ဂျာနယ်ကလှုံ့ဆော်တော့ဘာဖြစ်လဲ ဂျာနယ်တိုက်ပိတ်လိုက်မှာပေါ့။ တီဗွီတွေ၊ ရေဒီယိုတွေကတော့ မင်းတို့သိတဲ့အတိုင်းပဲ ။ အော်လာတာ ဘယ်လောက်တောင်ကြာပြီလဲ အသုံးမ၀င်ဘူး။အဲ့တော့ အေးဆေးနေကြပါ။ မင်းတို့ပြောတော့ ပြည်သူကိုသနားတယ်ဆို။
ReplyDeleteIt should not be a trick to harm or endanger the life of Daw Aung San Suu Kyi. I wish there would be no back-door plan to murder Daw Aung San Suu Kyi.
ReplyDeleteအာရပ်နိုင်ငံများက သူတွေက သေရဲတယ်...မြန်မာလူမျိုးများကကြောက်တတ်တယ်
ReplyDeleteပြီးတော့ စစ်တပ်ကလည်း အီဂျစ်စစ်တပ်လို ငြိမ်တာမဟုတ်ဘူး......
သန်းရွှေ ပြောဆိုချက် သွေးထွက်အောင်မှန်ပါတယ်၊ဒေါ်စုက လူထုကို အင်နဲ့ အားနဲ့  အရှိန်အဟုန်နဲ့ တိုးတက်အောင် မလုပ်နိုင်ဘူး( မလုပ်ချင်ဘူး) သူ့ အပြောက စစ်မှန်တဲ့  ပြောင်းလည်းမှုဆိုတာ.စားပွဲဝိုင်းမှာ တွေ့ ဆုံဆွေးနွေးပြီး ရယူမှသာ စစ်မှန်တယ်လို့  ခံယူနေတာကိုး။
ReplyDeleteကျနော်တို့ လူငယ်တွေ အခု ဆွေးနွေးနေကြတာ..အီဂျစ် ကို အတုယူမလား..ဒေါ်စုနောက် ကိုမျှော လိုက်ပြီးတိုင်းပြည်ပြောင်းလည်းအောင်စောင့် ကြမလား ဆိုတော့ မဲအများစုကတော့..မျှောမလိုက်ချင်ကြဘူးလို့  အဆိုပြုတယ်။
ကွန်မန့်ပေးတာ ဘာလို့မတင်ပေးလဲမသိပါဘူးဗျာ။ လုပ်စမ်းပါဗျာ ။ တင်ပေးလို့ရရင် တင်ပေးစမ်းပါ ။ မေတ္တာရပ်ခံပါတယ်။ ဘယ်သူ့အတွက်မှပြောတာမဟုတ်ပါဘူး။ ကျွန်တော်ပြောတာမှန်မမှန် ဘလော့ဂါကြီးလဲသိတာပဲ။ မှားနေတယ်ဆိုရင်လဲ အောက်က ဘယ်အချက်တွေမှားနေပါတယ်ဆိုတာ ရေးသာရေးလိုက်ပါ။ မြန်မာပြည်မှာ ကွန်ယက်ကို အသုံးပြုပြီး အုံကြွမှုလုပ်ပြီဆိုရင်။ အရင်ဆုံး ဆာဗာများဒေါင်းပါလိမ့်မည်။ နောက်တစ်ဆင့် ဒီအကြောင်းသတင်းရေးရင် ဂျာနယ်တိုက်များ ပိတ်ပါလိမ့်မည်။ အဲ့တော့ ကွန်ယက်ဆိုတာလေးကို လက်နက်လုပ်ပြီးတော့ မတိုက်ခိုက်ကြပါနဲ့ဗျာ။ ကျေးဇူးပြုပြီး ကျောင်းသားများနဲ့ ကျန်တဲ့ပြည်သူတွေကို သနားတယ်ဆိုရင်ပေါ့။ နက်လေးကိုသုံးပြီး စာတမ်းလုပ်နေတဲ့လူတွေရှိပါတယ် အကုန်ထိခိုက်ကုန်ပါလိမ့်မယ်။ တော်လှန်ရေးကြီးပါပြောရင်လဲ မအောင်မြင်ဖို့က 99%နှုန်းပါ ။ သိပြီးသားပဲ အကုန်လုံး ။ သတ္တ၀ါအားလုံး ကိုယ့်အသက်ကိုယ်နှမြောတယ်ဗျ။ ကျွန်တော်ပြောတာမဟုတ်ဘူး ဘုရားပြောတာပဲ။ အဲ့တော့ သဘောလဲပေါက်သင့်သလောက်ပေါက်ရင် တော်လှန်ရေးလုပ်တယ်ဆိုလဲ တခြားနည်းနဲ့လုပ်ပါ။ ဒီအင်တာနက်ကြီးကို လာမထိကြပါနဲ့ဗျာ။ တောင်းပန်ပါတယ် ကျွန်တော်မသုံးရမှာဆိုးလို့မဟုတ်ဘူးနော်။ ပြည်သူတွေအတွက်ပြောတာ ကိုယ်ချင်းစာလို့ ။ ဘလော့ဂါကြီး တင်ပေးပါဗျာ။ အမှန်တရားပဲ ။ မှားနေရင် ပါးလာရိုက်သွားဗျာ။
ReplyDeleteကို Anonymous ရေ
ReplyDeleteအဲဒါဆိုရင်တော့ မြန်မာနိုင်ငံထဲမှာ ဆက်ပြီး အဖိနှိပ်ခံလိုက်ပါအုံး။ ဖိနှိပ်ခံနေရာတာ မ၀သေးဘူးလို့ပဲ မှတ်ယူလိုက်ပါမယ်။
သိတ်ကိုမှန်ပါသည်၊ဒေါစုရှိနေသမျ ဒီမိုက ရေစီမရနိုင်
ReplyDelete၀ိုး... အသေခံတိုက်မှာ အသာထား အင်တာနက်မရမှာကိုတောင် ကြောက်နေကြတဲ့ ငါ့တို့လူမျိုး ပါတကား....
ReplyDeleteအင်တာနက်မရတော့ဘာဖြစ်လဲ... အင်တာနက် မကြည့်ရလို့ ငတ်သေမဲ့သူ တစ်ယောက်မှာ မရှိဘူး... အေး ဒီအတိုင်းဆက်သွားနေလို့ကတော့ မကြာခင် အားလုံး သေကြလိမ့်မယ်... ဒီလောက်တောင် ကြောင်တဲ့သူတွေ ကိုယ့်ထိုက်နဲ့ ကိုယ်သာ ခံကြပေတော့...
နောက်မျိုးဆက်ပေါင်းများစွာ ကောင်းစားဖို့  မျိုးဆက်တစ်ခုကတော့ အနစ်နာခံရမှာပဲ။ အဲ့ဒီတော့ ဒီအတိုင်းပဲမျှောနေမလား၊ နောက်မျိုးဆက် အတွက် အနစ်နာခံမလား။ ဒါကိုစဉ်းစားရမယ်။
ReplyDeleteကိုးနတ်ရှင် ပိတ်တာလောက်ကိုလာပြောနေတယ် စောက်ရူး အဲ့လို့ကောင်မျိုးပဲ အဘတို့ကြိုက်တာ
ReplyDeleteအခု ကျနော့ comment ကို တက်ကြွလှုပ်ရှားနေတဲ့ လူငယ်တွေလဲဖတ်ဖြစ်ကြမယ်လို့ ယုံကြည်ပါတယ်။ ကျနော် တခုပဲပြောချင်ပါတယ်။ အမေစုက လူငယ်ထု ပြည်သူလူထုရဲ့ဆန္ဒကို မျက်ကွယ်ပြုတတ်တဲ့ ခေါင်းဆောင်မျိုးမဟုတ်ဘူးဆိုတာ အသက်နဲ့ထပ် အာမခံရဲပါတယ်။ အခု အမေစုရဲ့ အခြေအနေကို ခင်ဗျားတို့နားလည်မှာပါ။ ခင်ဗျားတို့ကို စိတ်ဝင်စားဟန်မပြတာမဟုတ်ပါဘူး။ သူက စပြီးဝင်လို့မဖြစ်တဲ့ အခြေအနေမလို့ပါ။ ခင်ဗျားတို့ကို အမေစုက မလုပ်နဲ့လို့ တားမှာမဟုတ်သလို ဘယ်လိုလုပ်ပါလို့ အကြံပေးမှာလဲမဟုတ်ပါဘူး။ အဲ့ဒါက လုံခြုံရေးပြဿနာရှိနေတဲ့ အမေစုရဲ့ အခြေအနေကြောင့်ဆိုတာ ခင်ဗျားတို့နားလည်ပါ။ အခု တူနီးရှား၊ အီဂျစ်၊ ယီမင်၊ အီရန်၊ လစ်ဗျား စတဲ့ အရှေ့အလည်ပိုင်းအရေးတွေကိုလဲ voa/rfa တွေကတဆင့် ပြည်သူတွေက သိပြီး ဘယ်တော့လဲ ဘယ်လိုလဲ ဘာကြားလဲ စသည်ဖြင့် နိုင်ငံရေးကိစ္စ လွှတ်တော်ထဲက အကွဲအပြဲကိစ္စ အဲ့ဒါတွေ အချင်းချင်း မေးနေကြတာ ရပ်ကွက်တွေ ဈေးတွေ လက်ဖက်ရည်ဆိုင်တွေမှာ ဘောပွဲ၊ နှစ်လုံး၊ သုံးလုံး တွေနဲ့ အပြိုင်ဖြစ်လာတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်။ လူတွေကတော့ ဘယ်သူတက်တက် ကိုယ့်ထမင်းကိုယ်ရှာစားရမှာ လို့ပြောနေပေမယ့် ဘယ်တော့များ အပြောင်းအလဲဖြစ်လာနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်တွေကတော့ ကျနော် အပါအဝင် လူတိုင်းရင်ထဲက မျှော်လင့်ချက်ပါလို့ ပြောပါရစေ။ ဒီမျှော်လင့်ချက်အကောင်အထည်ပေါ်လာမယ့် ခင်ဗျားတို့ လုပ်ရှားမှုကို အမေစုလို ပြည်သူ့ဆန္ဒလေးစားတဲ့သူတယောက်က မျက်ကွယ်ပြုမယ်လို့ ပြောတဲ့သူကတော့ ချေးစားပြောရင် ချေးကြိုက်လို့ဖြစ်မှာပဲ။ သန်းရွှေကတော့ လောလောဆယ် လူထုလှုပ်ရှားမှုထက် သူ့သမ္မတတွေ လွှတ်တော်တွေနဲ့ အာရုံများနေတယ် ထင်တာပဲ။ အခုအချိန်က အခွင့်ကောင်းပါ။ အားလုံး active ဖြစ်နေကြတာ။
ReplyDeleteမြန်မာပြည်မှာရှိသမျှလူမျိုးတိုင်းကတော့တိုင်းပြည်ရဲ့ အပြောင်းအလဲးကိုမျှော်လင့်နေကြတာပဲ.....ဘယ်သူအားကိုးဘယ်သူ့နောက်မှမလိုက်ပဲကိုယ်တတ်နိုင်တဲ့ဘက်ကကြိုးစားကြည့်ရ
ReplyDeleteမှာပဲ.....အင်တာနက်ကွန်ယက်သုံးပြီးအုံကြွမယ်ဆိုရင်လည်း
ထိထိရောက်ရောက်အသုံးချစေချင်တယ်......လိုချင်တာရနိုင်
ဖို့ထိုက်တန်တဲ့ပေးဆပ်မှူတော့ရှိရမှာပေါ့.....အင်တာနက်မသုံ
ရမှာကြောက်ရအောင်ကလည်းမြန်မာပြည်ကလူဘယ်လောက်များသုံးနေနိုင်ကြလို့လည်း.....ရှေ့မှာလူတိုင်းရမယ့်လွပ်လတ်မှုနဲ့အခွင့်အရေးအတွက်ဒီလောက်တော့ရင်းရမှာပေါ့.....အရင်မြန်မာပြည်လွပ်လတ်ရေးရအောင်လည်းဗမာလူမျိုးတိုင်းရင်းသားတွေပေဆပ်ခဲ့ကြတာပဲ.....စဉ်းစားတတ်မယ်ဆိုရင်ကိုယ့်ကိုကိုယ်သတ်သေပစ်လိုက်ဖို့ကောင်းတယ်....ဗမာပြည်လွပ်လတ်ရေးရအောင်တိုက်ယူပေးသွားတဲ့တိုင်းပြည်သူရဲကောင်းတွေကိုအားနာဖို့ ကောင်းတယ်........