လစ်ဗျားနိုင်ငံမှာ အာဏာရှင် မာမွတ် ကဒါဖီကို ဖြုတ်ချဖို့ လူထုအုံကြွမှုအတွင်း ပြီးခဲ့တဲ့ သောကြောနေ့အထိ အကြမ်းဖက် နှိမ်နင်းခံရလို့ ၈၄ ဦး သေဆုံးခဲ့ပါပြီလို့ နယူးယော့ခ် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က ဆိုပါတယ်။ လစ်ဗျားရဲ့ ဒုတိယအကြီးဆုံးမြို့ ဘန်ဂါဇီမှာ သေဆုံးရသူတွေရောဆိုရင် စုစုပေါင်း ၂၀၀ လောက်အထိ ရှိလာမယ်လို့ မီဒီယာများက ဆိုပါတယ်။ ဒဏ်ရာရသူတွေကတော့ ၈၀၀ ကျော်လောက် ရှိပါတယ်။
အာဏာကို ၁၉၆၉ ကတည်းက ရယူထားတဲ့ ကဒါဖီကတော့ ဆန္ဒပြပြည်သူတွေကို လက်နက်အားကိုးနဲ့ ဆက်လက်နှိမ်နင်းနေဆဲ ဖြစ်ပြီး ကမ္ဘာတဝန်းမှာတော့ လစ်ဗျားပြည်သူတွေကို ထောက်ခံသူများက ဥရောပနဲ့ ကုလသမဂ္ဂရုံးများမှာ စုဝေးဆန္ဒပြကြပါတယ်။
တူနီးရှားနဲ့ အီဂျစ်မှာ အာဏာရှင်တော်လှန်ရေးတွေ ပေါ်ပေါက်အောင်မြင်ပြီးနောက် တခြားနိုင်ငံများကို တော်လှန်ရေးမီးပွားများ ကူးစက်လာတာဖြစ်ပါတယ်။
KH
No comments:
Post a Comment