၂၀၀၈ ခုနှစ်တုန်းက တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံနေတဲ့ ဒု ဗိုလ်ချုပ်ကြီး တင်အေး။ ဒု ဗိုလ်ချုပ်ကြီး တင်အေးဟာ စစ်အစိုးရအတွက် လက်နက်တွေ အဓိက ရှာဖွေ ဝယ်ယူပေးရသူအဖြစ် လူသိများပါတယ်။ကြံ့ဖွံ့ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် ပြည်ထောင်စု လွှတ်တော်သို့ ဒီနေ့ တင်သွင်းလိုက်ပါပြီ။ (သတင်းအပြည့်အစုံ ဖတ်ရန်)
“ဦးတင်အေးက ဒီနေ့ပဲ လွှတ်တော် ကိုယ်စားလှယ်အဖြစ်က နုတ်ထွက်ကြောင်း စာတင်တာကို ပြည်ထောင်စု လွှတ်တော်နာယက အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဖတ်ကြားတယ်။ ဘာဖြစ်လို့ နုတ်ထွက် တယ်ဆိုတာတော့ မပြောဘူး။ အားလုံးက အံ့အားသင့်ကုန်တယ်" လို့ လွှတ်တော် ကိုယ်စားလှယ် တဦးက ပြောပါတယ်။
အစိုးရသစ်ဖွဲ့ရာမှာ အာဏာခွဲဝေမှု မညီမျှမှုများကြောင့် လွှတ်တော် ကိုယ်စားလှယ် အဖြစ်မှ တရားဝင် နုတ်ထွက်ခြင်း ဖြစ်နိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက သုံးသပ်ပါတယ်။
မကြာမီကလည်း ကာကွယ်ရေး ၀န်ကြီးခန့်အပ်မှုကို မကျေနပ်လို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြန်လည် ပြောဆိုခဲ့တဲ့အတွက် ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်ကို ရာထူးကနေ ဖယ်ရှားလိုက်ပါသေးတယ်။ အဲဒီလို ဖယ်ရှားခဲ့တာကိုလည်း တပ်ထဲမှာ မကျေနပ်မှုတွေ ပေါ်ပေါက်နေတယ်လို့ သိရတယ်။
အာဏာအဝေမတည့်မှုတွေကနေ အားပြိုင်တွေ ဘယ်လောက်အထိ ထွက်ပေါ်လာမယ်၊ ဘယ်လောက်အထိ ဖြုတ်-ထုတ်-ရှင်း-ချုပ်တွေ ဖြစ်လာမယ် ဆိုတာတွေကတော့ စိတ်ဝင်စားစရာ ကောင်းနေပါတယ်။
I(THAN SHWE)NO PROBLEN ..HI H
ReplyDeleteဟာဟ...တစ်ယောက်ကို အနားပေးပြီး နောက်တစ်ယောက်ကို ကိုယ်စားလှယ်အဖြစ်က နှုတ်ထွက်ခိုင်းတယ်...ရှင်းနေတာပဲ..ရာထူးပြန်ပေးပြီး အစားထိုးမှာပဲပေါ့..အဖိုးကြီးက လုပ်ချင်ရာလုပ်ခွင့် ရနေသေးတဲ့ (ထွေးပြီးသား တံတွေးလည်း ပြန်မြိုမယ့်) စစ်အာဏာရှင် တစ်ယောက်ပေပဲကိုးဗျ..တော်တော် မျက်နှာပြောင်တဲ့ ဘိုးတော်...အင်းလေ..ကြံ့ဖွတ် ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ လိုတာထက်တောင် ပိုနေမှကိုး...(လူငယ်ပေမယ့်)ဒါတွေ ကြိုသိလို့ ဆန္ဒမဲတောင် သွားမပေးဘူး..Set Piece တွေ..အလကား အလုပ်ပျက်လို့..ကြိုတင်မဲတဲ့..ရှက်လဲ မရှက်ကြဘူး...တကတည်း..ပြည်သူတွေက ရွံကြောက်ကြီး ဖြစ်နေမှန်း သိရက်သားနဲ့...
ReplyDeleteဟုတ်ပ တော်တော် အရှက်မရှိတဲ့ ကောင်တွေ၊ လူလိမ်တွေ၊ မကြာခင်အကုန်လုံးပျက်စီး ခြင်းကို ရောက်လိမ့်မယ်၊ သူငယ်ချင်းစစ်ဗိုလ်သားကောင်းများ ဘာလို့မျက်စိစုံမှိတ်ထောက်ခံ နေကြတယ် မသိပါဘူး၊ အမိုက်မှောင်ပဲ ဖုးံ နေလို့လား၊ ဥာဏ်ပဲမမှီကြတော့တာလား၊ နိုင်ငံလည်း နောက်ဆို အမှိက်နဲ့ လူမိုက်တွေပဲ ကျန်တော့မယ်၊ ဘယ်နိုင်ငံနဲ့ယှဉ်ကြည့်ကြည့် နောက်ကောက်ကျနေပြီ၊ ဒါတောင်ဗိုလ်ကြီးကြီးကနေ ဗိုလ်သေးသေးထိ နိုင်ငံကြီးကဘက်စုံတိုးတက်ပါတယ်ဆိုပြီး ဖင်ပိတ်ငြင်းတုန်း၊ တုံးပ၊ မိုက်ပ
ReplyDelete