Pages

Wednesday, February 16, 2011

Heal Burma

တခါတရံမှာ အင်တာနက်ပေါ် ကီးဘုတ်စကြာဖြန့်ရင်း ဆိုဒ်ကောင်းကောင်းလေးတွေ၊ စိတ်ဝင်စားစရာ ဘလော့ဂ်တွေ တွေ့ရတတ်သလို အပေါင်းအသင်း ရောင်းရင်းတွေ လက်တို့ရင်လည်း ဆိုဒ်ကောင်းလေးတွေ ဖတ်ရတတ်ပါတယ်။ အဲဒီလို စာကောင်း၊ ဘလော့ဂ်ကောင်းတွေ တွေ့ရင် မိတ်ဆွေတွေကို မျှချင်တဲ့စိတ် ပေါ်လာပါတယ်။

တခါတရံလည်း အီးမေးလ်နဲ့ လျှောက်ပို့ဖြစ်ပေမယ့် အများအားဖြင့်တော့ အလုပ်ထဲပြန်နစ်ပြီး မေ့သွားတာပါပဲ။ ပြန်ဖွင့်ကြည့်မယ်လို့ ခဲပြီး Bookmark လုပ်ထားတာတွေလည်း စာရင်းက ရှည်နေပါပြီ။ ပြန်မကြည့်ဖြစ်တာ များပါတယ်။

အဲဒါနဲ့ ဧရာဝတီ ဘလော့ဂ်ကနေပြီး ဖတ်ညွှန်း၊ အညွှန်းဆိုပြီး ဆိုဒ်တွေကို စိတ်ဝင်စားသူများ သွားလည်နိုင်အောင် ပုံမှန် တင်ပေးမယ် စိတ်ကူးပါတယ်။

ပရိသတ်များအနေနဲ့ စိတ်ဝင်စားစရာတွေ့ထားရင်၊ ပြန်မျှချင်ရင်လည်း ကော်မန့်မှာ ရေးပေးခဲ့ကြပါ။

အခု ဈေးဦးပေါက်အနေနဲ့ ညွှန်းပေးချင်တာက Heal Burma ဆိုတဲ့ ဆိုဒ်ပါ။ အွန်လိုင်း သတင်းများ (မြန်မာ၊ အင်္ဂလိပ်)၊ ရေဒီယို အသံလွှင့်ချက်များ၊ ကာတွန်း စတာတွေကို တသီးတသန့် စုပေးထားတဲ့ ဆိုဒ်ပါ။ အလုပ်များသူတွေအနေနဲ့ ခေါင်းစဉ်တွေပဲ ဖတ်ချသွားပြီး စိတ်အဝင်စားဆုံးဟာတွေ့မှ ဖွင့်ဖတ်နိုင်တော့ အဆင်ပြေပါလိမ့်မယ်။ ပညာရေး ဖိုရမ်နဲ့ ဗီဒီယို၊ ကစားစရာ (နိုင်ငံရေး) ဂိမ်းတွေလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဆိုဒ်အပြင်အဆင်လည်း သပ်ရပ်ပြီး လည်ပတ်သူတွေအနေနဲ့ စိတ်ကျေနပ်စရာပါ။ ဒီနေရာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။

kh

No comments:

Post a Comment