Pages

Saturday, February 12, 2011

ပြည်ထောင်စုနေ့ အခမ်းအနား မြင်ကွင်းများ

ရဲရဲရင့်ရင့် ခိုခိုင်မာမာ။


ခင်ခင်မင်မင်၊ ဟန်ဆောင်မှု မလို။

လွှတ်တော်ထဲ ငါတယောက်တည်း ထိပ်က ခုံမြင့်ကြီးမှာ၊ ပြုံးမရ၊ ရယ်မရ၊ လေလည်မရနဲ့၊ လာချပေးတာ ဖတ်နေတာ။ အခု အေးအေးနေရတုန်း ခပ်ပြုံးပြုံးနေမှ၊ ငါ့လောက် ဘယ်သူမှ စမတ်မကျဘူး ... ဟဲ ဟဲ ...ဆိုတဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ခင်အောင်မြင့်။

သိန်းစိန်နွားက သမ္မတတဲ့၊ ဟင်း၊ ဒီကောင့်ကို သီဟသူရ တင်အောင်မြင့်ဦးဆိုတဲ့ ငါက အလေးပြုရမှာလား ... ဦးညွှတ်ရမှာလား မသိ၊ ဟိုက် ... ငါဝတ်ထားတာ ထမီလို ဖြစ်နေပါပေါ့လား။




သေနတ်ကြည့်ထားတဲ့၊ ဟိုကလည်း ကြည့်ရဲဘူး တဲ့။


ဒီချိတ်ထမီ (အဲလေ ...) ချိတ်ပုဆိုးကြီးက ယားကျိကျိနဲ့၊ မတော်တာ နှိုက်တယ် ထင်ဦးတော့မယ်။


မျက်နှာက တင်းထားရအောင်လည်း စစ်တပ်ထဲမဟုတ်၊ ပျော့ထားရအောင်လည်း စစ်ဝတ်စုံကြီးနဲ့၊ ဆိုတော့ကာ ဗိုလ်အမတ်တွေက နှုတ်ခမ်းတွေ စူထားကြတယ် ထင်ပါ့။


တစညရဲ့ ပြည်ထောင်စုနေ့ပွဲ။ မဆလခေတ်ကလို ထအော်ခိုင်းနေတယ် ထင်ပါ့။ (နောက်တာနော်။)

ပြည်ထောင်စုနေ့ အခမ်းအနား သတင်းကို ဧရာဝတီ သတင်းဆိုဒ်မှာ ကြည့်ပါရန်။ (ဓာတ်ပုံ - ဧရာဝတီ/Reuters/AP/Getty Images)

2 comments:

  1. it's so funny. ha haaa. love your comments on photos.

    ReplyDelete
  2. ဒီလို ၀တ်သင့်တာ ကြာပေါ့ဗျာ ....
    ကျန်တာတွေ အကုန်ပြောင်းပြီးပြီ ...
    ဒါပဲ ကျန်တော့ တယ်လေ ...
    အမြဲတမ်း ၀တ်နိုင်ကြပါစေ ...လို့
    တလိပ်ဆန် အဖွဲ့ကို တိုက်တွန်းပါတယ် ....

    ReplyDelete