Pages

Saturday, February 12, 2011

ک!ñפӗɤ & کợИʛ


အကြိုက်ဆုံး အဆိုတော်၊ သီချင်းတို့အကြောင်း
ဧရာဝတီ ၀ိုင်းတော်သားတချို့ ပြောပြထားပါတယ်။

(နားဆင်ဖို့၊ MTV ကြည့်ဖို့
သီချင်းအမည်၊ အဆိုတော်အမည်တွေကို နှိပ်ပါ။)


ဝိုင်းစုခိုင်သိန်းရဲ့ လမ်းမကြီးရဲ့ဘေး ဆိုတဲ့ သီချင်း နားထောင်လို့ ကောင်းတယ်”
သန်းထိုက်ဦး၊ သတင်းထောက်

(မက်လောက်စရာ ဆိုတဲ့ စီးရီးမှာ နားဆင်နိုင်။)

ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯


“အကြိုက်ဆုံးအဆိုတော် ခင်မောင်တိုး
အကြိုက်ဆုံး သီချင်းက သူဆိုတဲ့ ဆည်းလဲလှိုက်သံ သီချင်း”
ဘကောင်း၊ သတင်းထောက်

ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯


“အကြိုက်ဆုံး အဆိုတော်က မျိုးကြီး
အသံ ကောင်းလို့ ကြိုက်တာ”
နရီလင်းလက်၊ သတင်းထောက်



ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯


“အကြိုက်ဆုံး သီချင်းက ကရင်နှစ်သစ်ကူးနေ့မှာ ဆိုကြတဲ့ ကရင်အမျိုးသားသီချင်း
ဘာကြောင့်ကြိုက်လဲ ပြောလို့ မလွယ်ဘူး။ သီချင်း ဆိုတတ်စကတည်းက ကြိုက်တာ”
ဇာနည်မာန်၊ သတင်းထောက်


ဇာနည်မာန်၏ ဖြည့်စွက်ချက်
“အကြိုက်ဆုံး အဆိုတော်တွေထဲမှာ လေးဖြူက အသံအား ကောင်းတယ်။ သီချင်းအေးအေးလေး ဖြစ်ဖြစ် ပေါက်ကွဲသံစဉ်တွေ ဖြစ်ဖြစ် သူ့သီချင်းတိုင်းက သူနဲ့ လိုက်ဖက်တယ်။ ပေါ်လစီသီချင်း မဆိုဘူး။ သူလုပ်စရာရှိတာ လုပ်တယ်။ ဖိအားပေး ဆိုခိုင်းလဲ မဆိုဘူး။ အဲ့ဒါကို သဘောကျတယ်”

“စိုင်းထီးဆိုင်ကို ကြိုက်တာက သူ့သီချင်းတွေဟာ ဘယ်တော့မှ မရိုးဘူး။ အသံအေးအေးနဲ့ သီချင်းအေးအေးလေးတွေ ဖြစ်လို့”



ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯


ထူးအိမ်သင်ကို ကြိုက်ပါတယ်။
သီချင်းလေးတွေက ကိုယ်ပိုင်သံစဉ်ဖြစ်တာရယ်၊ ပရိသတ်တွေကို ထိုးဖောက်နိုင်တာရယ်ကြောင့်ပါ”
ပီတာအောင်၊ ၀က်မာစတာ

ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯

အကြိုက်ဆုံးအဆိုတော် - ထူးအိမ်သင်
သီချင်း - ဝေးသွားတဲ့အခါ
“ထူးအိမ်သင်ရဲ့ ဖန်တီးနိုင်မှု၊ ရေး၊ ဆို၊ နဲ့ ပင်ကိုယ်သံကို ကြိုက်တာ။

ဝေးသွားတဲ့အခါ ကတော့ ပင်ကိုယ်ရေးဖြစ်တယ်၊ ခက်ခက်ခဲခဲ တီးရတယ်၊ ဂျက်ဇ် ဂီတ အခြေခံတယ်၊ ဒါတွေကြောင့် ကြိုက်တယ်”
အေးချမ်းမြေ့၊ စာတည်း


(ဝေးသွားတဲ့အခါက နာရီပေါ်မှမျက်ရည်စက်များ ထဲမှာ ရှိပါတယ်။)

ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯

ထူးအိမ်သင်၊ ခင်မောင်တိုးတို့ကို အကြိုက်ဆုံး။ သူတို့ရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေ ကောင်းတယ်။ တခါတလေလည်း သူတို့က ကော်ပီသီချင်းတွေကို ကော်ပီလို့ မပြောဘဲ ဆိုတတ်ကြတယ်”
ကျော်စွာမိုး၊ တာဝန်ခံအယ်ဒီတာ



ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯


“အကြိုက်ဆုံး အဆိုတော် သန်းဖေလေး
ဆိုဟန်ကို ကြိုက်တယ်၊ သီချင်းတွေကြောင့်လည်း ကြိုက်တယ်”
“အကြိုက်ဆုံး သီချင်းက လွှမ်းမိုးရဲ့ ဟိုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ၊ ငယ်ငယ်ကတည်းက ပထမဆုံး ရတဲ့၊ စဆိုတဲ့ သီချင်း”
ခက်ထန်၊ စာတည်း

ပိာုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ သန်းဖေလေး
ပိာုအစ်ကိုကြီးရဲ့ မခင်နှင်းဆီ လွှမ်းမိုး



ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯



ကျားပေါက်ကို ကြိုက်တယ်၊
သီချင်းကတော့ နားလည်ပါ
ရန်ပိုင်၊ သတင်းထောက်

ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯



“အကြိုက်ဆုံး အဆိုတော်ကတော့ အငဲ ပါ။
သူကိုယ်တိုင်လည်း သီချင်းတွေ ရေးနိုင်တယ်။ ကော်ပီ ဆိုမယ် ဆိုလည်း ဖြစ်တယ်။
သီချင်းကတော့ အငဲ ဆိုထားတဲ့ အိမ် ကို ကြိုက်တယ်”
စိုင်းဇွမ်ဆိုင်း၊ သတင်းထောက်


ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯


ဝိုင်ဝိုင်း နဲ့ သူ ဆိုတဲ့ ဂျူးလီးယက်
သားကြီး၊ ရုံးအဖွဲ့ဝင်


ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯














ဒိုးလုံး နဲ့ သူ့ရဲ့ ဆုတောင်း
ဒိုးလုံးကို ကြိုက်ရတာက တခြားသူတွေနဲ့ မတူဘဲ ထူးခြားတဲ့ ဂီတ တခုကို မိတ်ဆက်ပေးလို့။
ကိုထွေး၊ သတင်းထောက်


ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯


ဦးအံ့ကြီးရဲ့ သီချင်းတွေ အကုန်ကြိုက်တယ်။
နိုင်ငံတကာ အဆိုတော်တွေထဲမှာတော့ Bob Marley ရဲ့ သီချင်း အားလုံးလိုလိုကို ကြိုက်တယ်။
၂ ယောက်လုံး ကိုယ်ပိုင်ဟန် ရှိကြတယ်၊ ခံစားချက်အပြည့်နဲ့ လှိုက်လှိုက်လှဲလှဲ ဆိုကြတယ်လို့ ထင်ပါတယ်”
ရဲနည်၊ သတင်းအယ်ဒီတာ


the end

ک!ñפӗɤ & کợИʛ ~ ♯ ♪ ҂♪♫¶♀♯


9 comments:

  1. ဟာ... မျိုးကြီး.ကတော့.အရွံဆုံး. သတ္တဝါ တကောင်ပါပဲ
    အသံကောင်းတဲ့ တခြားအဆိုတော်တွေ အများကြီးရှိတယ်
    ထွီ......

    ReplyDelete
  2. အဲ့ဒီလူတွေ အားလုံး အားလုံး ဆိုထားတဲ့ သီချင်းတွေက သူတို့ စိတ်ထဲက ဖြစ်လာတဲ့ ဖန်တီးမှုတွေ ပဲ .... အများအားဖြင့် နှစ်သက်ကျပါတယ်။
    ဒါပေမယ့် .... ဟိုဟာ ကြိုက်တယ် ဒီဟာ ကြိုက်တယ် ဆိုတာ တွေနဲ့ မြန်မာနိုင်ငံက အသံလွှင့် သတင်းဌာနတွေ မီဒီယာတွေက အာရုံပြောင်းနေတာပဲ
    သောကြာစကားဝိုင်းနဲ့ တော်တော် လုံလောက်နေပါပြီ။
    ဒါတွေတော့ လျှော့ စေချင်တယ်။
    (အကြံ ပြုခြင်း သက်သက်မျှသာ)

    ReplyDelete
  3. BSN makes joke on this song post.
    Have you guys read it?
    If not, go to http://www.burmastrangenews.com/2011/02/blog-post_13.html

    It's fun!

    ReplyDelete
  4. မျိုးကြီးဆိုတဲ့ကောင်တော့စစ်အဏာရှင်ရဲ့လောင်းရိပ်အောက်ရောက်သွားပြန်ပြီ တေဇရဲ့ဘောလုံးကလပ်သီးချင်းဆိုပေးလိုက်၊လွှတ်တော်သီချင်းဆိုပေးလိုက်နဲ့ သွားတော့မှာပါ ဒီကောင်တွေကပြည်သူတွေကိုနားမလည်ဘူးထင်နေလားမသိဘူး...

    ReplyDelete
  5. ထူးအိမ်သင်ရဲ့အမေ သီချင်းတွေကိုအရမ်းကြိုက်ပါတယ် သူရဲ့သီချင်းတော်တော်များများကို ကြိုက်ပါတယ်
    နောင်နောင် (ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့)

    ReplyDelete
  6. မျိုးကြီး ကိုရွှံတယ်ပြောတယ် မျိုးကြီးကမင်းကိုနားထောင်းပါပြောလို့လာ
    ကိုယ်သဘောနဲ့ ကိုယ်နားထောင်းပြီး ရွှံတယ်ပြောတဲ့ လူကို ပိုလို့ တောင်ရွှံတယ် (စိတ်ဓါတ်အောက်တန်းကျလို့ )

    ReplyDelete
  7. ကျွန်တော်ရဲ့အကြိုက်ဆုံးအဆိုတော်က စွယ်စုံရအဆိုတော်ကြီး ထူးအိမ်သင်ပါ
    ထူးအိမ်သင်ဟာ တေးရေး တေးဆို အပြင် တူရိယာတော်တော်များများကိုလဲ
    တီးမှုတ်နိုင်သူပါ..သူ့လိုအဆိုတော်မျိုး သူ့လိုအရည်အချင်းမျိုး မြန်မာပြည်မှာ
    နောက်တစ်ယောက် ထပ်မရှိနိုင်တော့ပါဘူး...သူ့အကြောင်းကတော့ ချီမွမ်းလို့မကုန်နိုင်အောင်ပါပဲ..အနုပညာကို တကယ်ချစ်မြတ်နိုးသူပါ..ငွေကိုကြည့်
    တတ်တဲ့ အဆိုတော်မဟုတ်ပါဘူး...သိပ်ကို တန်ဘိုးကြီးတဲ့အဆိုတော်ကြီးပါ...ဒီနေရာမှာ ကျွန်တော့်ရဲ့အကြိုက်နဲ့
    မအေးချမ်းမြေ့ကတော်တော်တူပါတယ်...သူ့သီချင်းအကုန်လုံးနီးပါးကိုကျွန်တော်ကြိုက်ပါတယ်..ဒါပေမယ့် ဝေးသွားတဲ့အခါကတော့ အင်မတန်ကောင်း
    တဲ့ သီချင်းတစ်ပုဒ်ဆိုတာ အပြည့်အဝထောက်ခံပါတယ်..အခုမြန်မာပြည်မှာ
    နာမည်အကြီးဆုံးဖြစ်တဲ့ လေးဖြူ..မျိုးကြီး. အာဇာနည်..အငဲ.စတဲ့အဆို
    တွေအားလုံးက တညီတညွတ်ထဲ အလေးစားရတဲ့ သူပါပဲ...

    ReplyDelete
  8. သီချင်းတွေ နားထောင်သွားပါတယ်။
    ဇော်လေး၊ နယူးယောက်

    ReplyDelete
  9. မောင်မောင်ဇော်လတ်၊ ဗဒင်၊ နော်နော်၊ သအို၊ ချမ်းချမ်း၊ ငဲငယ်(ဆရာချစ်သမီး)
    သူတို့အားလုံးကိုကြိုက်တယ်။ ကိုဇော်လတ်က သံစဉ်ကဆန်းတယ်၊ သီချင်းကရိုးရှင်းတယ်။ ကိုဗဒင်က ကိုယ်ပိုင်သံစဉ်နဲ့ရေးတယ်ဆိုတယ်(ခေတ်တ
    ခေတ်)ကိုပိုင်ဆိုင်ခဲ့ဘူးတယ်။ နော်နော်က တိုင်းရင်းသားဖြစ်ပေမဲ့ အရေးအသားကောင်းတယ်(ဘာသာရေးလိုက်စားတယ်)။ သအိုရဲ့ Vocal Power အရမ်းကောင်းလို့ကြိုက်တယ်။ ချမ်းချမ်းရဲ့အသံက စွဲဆောင်မှုရှိတယ်(ခံစားချက်ပါတယ်)။ ငဲငယ်လေးက လူကြီးသီချင်းတွေကိုတောင် သူ့ကိုယ်ပိုင်ဟန်လေးနဲ့ ဆိုနိုင်တယ်။ ကိုမျိုးကြီးကိုတော့ မကြိက်တော့ဘူး။ ကျနော်လက်မခံနိုင်တဲ့ သီချင်းတွေ သူဆိုနေပီလေ။
    ဆလိုင်း (နယူးဒေလီ)

    ReplyDelete