Pages

Sunday, April 3, 2011

ရယ်စရာ ပဟေဠိ အမှတ် ဝ၁၀

“မဲ့ - မာမားမူ မီမိုင်”
“မာမားမူ မိုက်မီ၊ မွတ်”

အဲဒါ ထိုင်းစကား။ ဘာသာပြန်ရရင် -
“အမေ - မာမားခေါက်ဆွဲ ၀က်သားနဲ့ ရှိလား”
“မာမားခေါက်ဆွဲ ၀က်သားနဲ့ မရှိဘူးကွဲ့၊ ကုန်သွားပြီ”

“မ” ကို သုံးပြီး ၀ါကျ ၂ ကြောင်းဖွဲ့ထားတာပါ။ ထိုင်းတွေ ထွင်သလား မြန်မာပြည်သားတွေ ထွင်ထားတာလားတော့ မသိဘူး။

ကဲ - မြန်မာပြည်သားတွေထွင်ထားတာ သေချာတဲ့ ၀ါကျ တခု ပြန်ဖော်ကြည့်ရအောင်။
“သ” ကို သုံးပြီး ဖွဲ့ထားတဲ့ ၀ါကျတခု ရှိတယ်။ ကြားဖူးမှာပါ။

သ သ သ သ (၄ လုံး)
သ ဿ သ (၃ လုံး)
သ သ သ သ (၄ လုံး)
သ သ သ (၃ လုံး)
စုစုပေါင်း ၁၄ လုံး

မေးခွန်း ၁ - “သ” ကို သုံးပြီး ၀ါကျ ဘယ်လောက်ရှည်ရှည် ဖွဲ့နိုင်သလဲ။ ၁၄ လုံးပဲလား။
သဲလွန်စ - “ဿ” တလုံး ပါတယ်။
အဖြေ - ???

-----------------

မေးခွန်း ၂ - ကမ္ဘာ့ သက်တမ်းအရင့်ဆုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်း ၂ ခုက ဘာလဲ။
(သဲလွန်စ - အတောင်မပါသည့်ကြက်၊ နိုင်ငံတကာ)
အဖြေ - ???

-----------------

(အဖြေတွေ ဘယ်လောက်အထိ ဆင်တူမလဲ၊ ရယ်ရမလဲ ဆိုတာ မနက်ဖြန် တိုက်ကြည့်ကြမယ်လေ။)



13 comments:

  1. ကိုမိုးApril 3, 2011 at 2:55 PM

    ၁။ သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသေသည်။
    ၂။ ဖာ၊ အရက်

    ReplyDelete
  2. ၁။ ။ သေသောသူသည်သုဿန်သို့သက်သက်သာသာသွားသေသည်။
    ၂။ ။ ပြည့်တန်ဆာ(_ာ )

    ReplyDelete
  3. အဖြေ ၂ - လေထီးခုန်တာ သက်တမ်း နှစ် ၁၀၀ ပြည့်ပြီလားဟင်

    ReplyDelete
  4. သေသောသူသန်းသန်းသည်သုက်သန် သို့ သက်သက်သာသာသွားသည်

    ReplyDelete
  5. ၁. သေသောသူသည် သုသာန်သို့ သက်သက်သာသာ သွားသေသင့်သည်။
    ၂. အတောင် မပါတဲ့ ကြက်ဆိုတော့.. ဟို ဖိနပ်စီးတဲ့ကြက်လား မသိဘူး..

    ReplyDelete
  6. အဖြေ.၁။ပြည့်တန်ဆာ...။
    အဖြေ.၂။သံတမန်..။ ဖြေရတာလွယ်ပေမယ့်၊သိချင်လို့မေးမယ်၊အဲ့ဒီ၂ခုကဆက်စပ်နေလို့လားသိချင်မိတယ်။

    ReplyDelete
  7. အဖြေ ၁ -
    သေသော သူသည်
    သုဿန်သို့
    သက်သက်သာသာ
    သွားသေသည်။

    အဖြေ ၂ -
    ပြည့်တန်ဆာလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး ခရီးသွားလုပ်ငန်း။ ကဲ ဘယ်နှယ်လဲ။

    ReplyDelete
  8. သ (၁၄) လုံးက သေသောသူသည်သုဿာန်သို့ သက်သက် သာသာသွားသည်။

    ReplyDelete
  9. သေသော သူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည်။

    ဖိနပ်စီးသော ကြက် မွေးမြူရေး လုပ်ငန်း။

    ReplyDelete
  10. ၁) သေသောသူသည်သုသန်သို့သွားသည်။ (သုသန်က သကြီးနဲ့ပေါင်းတာ)
    ၂) သိဘူး.. စဉ်းစားချင်ဘူး..။ အမဲလိုက်ဖို့တော့ လိုမယ် ထင်တယ် သို့သော်ပေးထားတဲ့ သဲလွန်စနဲ့ ကိုက်ဘူး။

    ReplyDelete
  11. (၂) နွားစားကျက်၊ ဒါဆိုတော့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပေါ့။

    ReplyDelete
  12. ၁။ သေသောသူသည် သုဿာန်သို့ သက်သက်သာသာ သွားသင့်သည် ။
    ၂။ ကြိုက်ကုံး ၊ စိုက်ပျိုးရေး

    ReplyDelete
  13. ဖွားဖွားဖင်ဖြူဖြူဖွေး ဖိုးဖိုး -ိုက် လည်းရှိသေးတယ် (ဖ) ကိုးလုံးပြောပါတယ်။

    ReplyDelete