Pages

Monday, April 18, 2011

မြောက်ကယ်ရိုလိုင်းနားက နှစ်သစ်ကူးကန်တော့ပွဲတခု


အမေရိကန်ပြည်ထောင်စု၊ မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ နယူးဘန်မြို့ ရှိ မြန်မာမိသားစုများက မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ သက်ကြီးပူဇော်ပွဲ လုပ်ကြပါတယ်။ 
 


 
Glenburnie Park မှာ လုပ်တဲ့ ဒီပွဲကို နယူးဘန်းမြို့ မှာရှိတဲ့ အသက် ၆၅ နှစ်နဲ့ အထက် မြန်မာပြည်သား  ၉ ကို ဂါရ၀ပြုကြတာပါ။
 
မြန်မာမိသားစုများက မျက်နှာသုတ်ပုဝါ၊ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည် စသဖြင့်တို့ကို လှူဒါန်းကြတယ်လို့ သိရပါတယ်။
 
 နယူးဘန်းမြို့ရောက် ကရင်၊ မွန်၊ ရခိုင်၊ ရှမ်း စသဖြင့် မြန်မာပြည်သား ၁၀၀ ၀န်းကျင် တက်ရောက်တဲ့ ဒီပွဲမှာ စတုဒီသာ ကျွေးတဲ့ အစီအစဉ်လည်း ပါဝင်ပါတယ်။  
စားသောက်ဖွယ်တွေကတော့ မုန့်ဟင်းခါး၊ မုန့်လုံးရေပေါ်၊ သင်္ကြန် ထမင်း၊ ဟင်း၊ ကြာဇံကြော်၊ ရွှေရင်အေး တို့ ဖြစ်ပါတယ်။

 


No comments:

Post a Comment