Pages

Wednesday, May 25, 2011

ဒန်ကလေ ရုံးချိန်း မေလ ၃၀ ရက်နေ့ ရွှေ့

မြန်မာတိုင်းမ် CEO ဟောင်း မစ္စတာ ရော့စ် ဒန်ကလေ မနေ့က ကမာရွတ် တရားရုံးကို ရုံးချိန်လာရောက်ပါတယ်။ ဒါပေမယ့် ရုံးချိန်းကို အခုလ ၃၀ ရက်နေ့ကို ထပ်ချိန်းလိုက်ပါတယ်။ မြန်မာပြည်ရဲ့ တခြားတခြားသော အရေးတွေနဲ့ အာရုံစိုက်စရာများနေချိန်မို့ မစ္စတာ ဒန်ကလေကို ဒီကနေ ပွဲထုတ်ပေးလိုက်ပါတယ်။

မေလ ၁၂ ရက်နေ့ ရုံးချိန်းတုန်းက တရားလို မခိုင်ဇာလင်းက အမှုကို ဆန္ဒအလျောက် ရုတ်သိမ်းကြောင်း တရားသူကြီးထံ လျှောက်ထားတာကို တရားသူကြီးက လက်ခံထားလိုက်ပါတယ်။

ယခုလက်ရှိ မြန်မာတိုင်းမ် ဂျာနယ်ရဲ့ CEO အဖြစ် လွှဲပြောင်း တာဝန်ယူလိုက်သူ ဒေါက်တာ တင်ထွန်းဦးနဲ့ မြန်မာတိုင်းမ် ဂျာနယ် မန်နေဂျာ ဦးဝေလင်းတို့က ကျပ်ငွေ သိန်း ၅၀ စီဖြင့် စုစုပေါင်း သိန်း ၁၀၀ ကို မစ္စတာ ဒန်ကလေအတွက် မတ်လ ၂၉ ရက်နေ့က အာမခံတင်ပေးခဲ့ကြပါတယ်။ (ဓာတ်ပုံ - ဧရာဝတီ)

ဧရာဝတီမှ ယခင်ဖော်ပြခဲ့သော မစ္စတာ ဒန်ကလေ သတင်းများ ကြည့်ရှုရန်









No comments:

Post a Comment