Pages
▼
Tuesday, May 31, 2011
၁၂ နှစ်ပြည့်ရင် စစ်ထဲဝင်
ဝင့်နဒီ
ခင်ဗျားရဲ့သား အသက် ၁၂ နှစ်ပြည့်ပြီလား။ ဒါဆိုရင် မြန်မာ့တပ်မတော်မှာ အမှုထမ်းလို့ ရပါပြီ။
ဧရာဝတီတိုင်း၊ မော်လမြိုင်ကျွန်းမြို့နယ် ဒလင်းလှည်းဆိပ် ကျေးရွာက ညီအစ်ကိုနှစ်ယောက် သထုံမြို့ တပ်ရင်း ၉ မှာ ရောက်နေပါတယ်။ ဟုတ်ကဲ့ - တပ်မတော်ထဲရောက်ပြီမို့ ကိုယ်ပိုင်နံပါတ် ရှိတာပေါ့။
၁၅ နှစ်သား မောင်အောင်ကိုက ကိုယ်ပိုင်နံပါတ် တ/၄၄၉ ၇၀၂
၁၂ နှစ်သား မောင်သိန်းမင်းထိုက်က ကိုယ်ပိုင်နံပါတ် တ/၄၄၉ ၇၀၁
သူတို့ ၂ယောက် ရန်ကုန်တက်သွားတုန်းကတော့ တခြားရည်ရွယ်ချက်နဲ့ပါလို့ ဖခင်ဖြစ်သူ ဦးစိန်ကြိုင်က ပြောပါတယ်။
“ရန်ကုန်ကို အလုပ်လုပ်မယ်ဆိုပြီး ထွက်သွားကြတာ၊ ကျနော်က စိတ်ပူလို့နောက်က လိုက်သွားတော့ သားတို့ကို ရှာမတွေ့တော့ဘူး၊ နောက်မှ ၃လလောက် ကြာမှ ဖုန်းလာလို့ သူတို့ စစ်တပ်ထဲ ၀င်ဖို့ သထုံ တပ်ရင်း ၉ ထဲ ရောက်နေပြီ ဆိုတာ သိလိုက်ရတာပါ” တဲ့။
၂၀၁၁၊ ဇန်န၀ါရီ ၂၂ ရက်နေ့က ရန်ကုန်မြို့ ၁၄လမ်းထိပ် ဘုန်းကြီးလမ်းသင်္ဘောဆိပ်နားမှာ တပ်ကြပ်ကြီးတယောက်က သူ့ကလေး ၂ယောက်ကို “မ” သွားတာလို့ ဖခင်ဖြစ်သူက ဆိုတယ်။
“ကျနော့်သားတွေနဲ့ ဖုန်းပြောတော့ ဘေးနားကနေ ပြောပေးနေတဲ့ အသံတွေ ကြားနေရတယ်။ သားတို့ အဆင်ပြေပါတယ်၊ စားဝတ်နေရေးလည်း ပြေတယ်၊ ဖေကြီး ဘာလုပ်နေလဲ လို့ မေးတော့ ဖေကြီး ဆန်ထမ်းနေတယ်။ ဖေကြီး တောမပြန်ဘူးလား တဲ့ မေးတယ်။ အဖေ သားတို့နဲ့ လာတွေ့မယ် ပြောတော့ လာမတွေ့ပါနဲ့ တဲ့၊ ဖေကြီး လာတွေ့ရင် ကျနော်တို့ကို ဖုန်းဆက်သွယ်ခွင့် မပေးတော့ဘူးလို့ ပြောပြီး နောက်တော့ ဖုန်းချသွားတယ်” လို့ ဦးစိန်ကြိုင်က ရှင်းပြတယ်။
တပ်သား မောင်အောင်ကို၊ တပ်သား မောင်သိန်းထိုက်ဦးတို့ ညီအစ်ကို တပ်ထဲမှာ ငွေလိုတာမို့ ငွေ ငါးသောင်း လှမ်းမှာထားတယ်၊ တပ်လိပ်စာနဲ့ ပို့ပေးရမယ် တဲ့။
အခုတော့ မော်ကျွန်းက လယ်သမား ဦးစိန်ကြိုင် ရန်ကုန်မှာ အထမ်းသမား ဖြစ်နေတယ်။
ဟုတ်ပါတယ်၊ သားတွေနဲ့ တွေ့ဖို့ လှိုင်သာယာမှာ ဆန်အိတ်ထမ်းရင်း ခရီးစရိတ် ရှာနေရတာပါ။
(မှတ်ချက် - သားတွေ ပြန်လွတ်ဖို့ ILO ကို တိုင်ထားတယ်လို့ ဆိုတယ်။
အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ဆိုတာ အတင်းအကျပ် စေခိုင်းခံနေရသူတွေအရေး ဆောင်ရွက်နေတဲ့ ကုလသမဂ္ဂရဲ့ အေဂျင်စီတခုပါ)
thanks for the good report.
ReplyDeletewe need to know about it.
Ms. Burmese
How do we know ILO 's phone number and address.?
ReplyDeletePls mention if possible for every one.
Why don't you google it?
ReplyDelete