
မြန်မာသံရုံးနဲ့ မဖြစ်မနေ ဆက်သွယ် ဆောင်ရွက်ရမယ့် မြန်မာနိုင်ငံသားတွေ သံရုံးရဲ့ အဓိက ကျတဲ့ အချက်အလက်တွေကို http://myanmar-embassy.info မှာ ကြိုတင် သွားရောက် လေ့လာနိုင်ဖို့ ဘလော့ပြောင်တခုဖြစ်တဲ့ BSN က လက်တို့ထားတယ်။
ဒီ တမျက်နှာဝက်ဆိုက် ဖြစ်မြောက်ရေးအတွက် သံရုံးသွားပြီး အခွန်ဆောင်ရသူတချို့က ၀ါယမစိုက်ထားတာလို့ ယူဆရပါတယ်။
ဒါကြီးက ဘလော့ပြောင်မမဟုတ်တာ
ReplyDeleteလာကြည့်သမျှလူအကုန်လုံးကို ဆဲထားတဲ့ page
သက်သက်ကြီးမဟုတ်ဘူးလား.. မြန်မာမိန်းခလေးတွေနဲ့ သံဃာတွေ ဝင်မကြည့်သင့်ဘူး။ အဲ့လို မြန်မာပြည်သူတစ်ဦးတစ်ယောက်ကိုမှ အကျိုးမရှိစေတဲ့ မိုက်ရိုင်းမှုသက်သက်တွေကိုလည်း အားမပေးသင့်ဘူး
မစ္စတာ အိုပါးရဲ့ "ဒါကြီးက ဘလော့ပြောင်မှ မဟုတ်တာ" ဆိုတဲ့ ရေးသားချက်အရ -http://myanmar-embassy.info ကို "မိုက်ရိုင်းမှု သက်သက်တွေ" လို့ ဆိုလိုရာ မရောက်တော့ဘဲ - ဧရာဝတီက "ဘလော့ပြောင်" လို့ ရည်ညွှန်းထားတဲ့ BSN ခေါ် Burma Strange News ကို "မိုက်ရိုင်းမှု သက်သက်၊ အကုန်လုံးကို ဆဲထားတဲ့" လို့ ရေးသားဖော်ပြရာ ရောက်နေပါတယ်။
ReplyDeleteဒါကြောင့် ဘလော့ပြောင် (BSN) နဲ့ မရင်းနှီးသူတွေ ဒီကွန်မင့်ကို ဖတ်မိရင် BSN (ဘလော့ပြောင်) ကို အထင်အမြင် လွဲမှား သွားစေနိုင်ပါတယ်။ ဒါကြောင့် အိုပါး အနေနဲ့ စာရေးရင် လိုရင်းရောက်အောင် ရေးသင့်ပါတယ်။ ကိုယ်ရေးလိုက်တဲ့ ဆိုလိုရင်း လွဲချော်သွားတာ မကောင်းသလို ကွန်မင့် ဖတ်သူတွေ အထင်အမြင် လွဲမှားမှု ဖြစ်စေတတ်တဲ့ ရေးသားချက်မျိုးကိုလဲ ရှောင်ကြည်သင့်ပါတယ်။
ဘလော့ပြောင် (BSN) ဟာ သရော်စာနဲ့ ဟာသတွေကို ယဉ်ကျေးစွာ ဖော်ပြတဲ့ ဘလော့ တစ်ခု ဖြစ်တာကိုပဲ တွေ့ရပြီး မူရင်း သတင်း အချက်အလက်များကို ပို့စ်တိုင်း လိုလိုမှာ လင့်ခ်တစ်ခုစီ ပေးတတ်တဲ့ ဘလော့ တစ်ခု ဖြစ်တာကိုလည်း တွေ့ရပါတယ်။ (www.burmastrangenews.com)။
ဘလော့ပြောင် (BSN) ရဲ့ ပို့စ် အသီးသီးမှာ ပေးထားတဲ့ မူရင်း သတင်း အချက်အလက် ကို ညွှန်ပြတဲ့ လင့်ခ်တွေထဲမှာ ပါတဲ့ အကြောင်းအရာများဟာ သက်ဆိုင်ရာ ၀က်ဆိုက်များရဲ့ ကိစ္စသာ ဖြစ်ပါတယ်း
အိုပါး အနေဲ့ လင့်ခ်ထဲက အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရေးသားမယ်ဆိုရင် သက်ဆိုင်ရာ web များကိုပဲ ရည်ညွှန်းသင့်ပါတယ်။ ဘလော့ပြောင် (BSN) ကို ရည်ညွှန်းပြိး စာဖတ်သူတွေ နားလည်မှု လွဲမှားအောင် မရေးသား သင့်ပါဘူး။
ဟုတ်ပါတယ်
ReplyDeleteကျွန်တော်တို့ သတိတစ်ချက် လွတ်သွားတာပါ