Pages

Monday, May 16, 2011

ပြည်သူ့ဂုဏ်ရည်ဆု ဒေါ်ရှု ရ

(ဓာတ်ပုံ - Moe Kyaw/Facebook)

ပြည်တွင်းရှိ စေတနာ့ လူမှုဝန်ထမ်း လုပ်ဆောင်နေသူများအတွက် ရွေးချယ် ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင် ၅ ဦးအနက် အကျဉ်းကျ သံဃာတော်နဲ့ သီလရှင်များကို ထောင်ဝင်စာ တွေ့ပေးနေတဲ့ ဒေါ်ရှုကို မဲအများဆုံးနဲ့ မနေ့က ရွေးချယ်လိုက်ပါတယ်။ နိုင်ငံပေါင်း ၄၀ က မဲဆန္ဒရှင် ၂ သိန်းခွဲကျော်က မဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

ဧရာဝတီ ဝက်ဘ်ဆိုဒ်မှာ ဆောင်းပါးရှင် မင်းနိုင်သူ ရေးခဲ့တဲ့ ဒေါ်ရှုအကြောင်းကို ဒီနေရာမှာ ဖတ်နိုင်ပါတယ် ။ မနှစ်တုန်းကတော့ ပြည်သူ့ဂုဏ်ရည်ဆိုကို နာရေးကူညီမှု အသင်း (ရန်ကုန်) က ဦးကျော်သူက ရရှိခဲ့ပါတယ်။

မဲပေးခဲ့ကြတဲ့ စာရင်းဇယားများကို ပြည်သူ့ဂုဏ်ဆိုဒ်မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
ပထမ မဲအများဆုံး ရရှိသူ - စုစုပေါင်းမဲ၏ ၄၃.၉၁ %
ဒုတိယ မဲအများဆုံး ရရှိသူ - ၂၅.၇၅ %
တတိယ မဲအများဆုံး - ၁၅.၃၆ %
စတုတ္ထ မဲအများဆုံး - ၁၀.၃၇ %
ပဉ္စမ မဲအများဆုံး - ၀.၃၉ % ဖြစ်ပါသည်။

ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ -

၁။ အမေရိကန်ပြည်ထောင်စု - စုစုပေါင်းမဲ၏ ၄၁.၁၀ %
၂။ စင်ကာပူ - ၂၁.၈၆ %
၃။ ထိုင်းနိုင်ငံ - ၆.၄၆ %
၎။ ဂျပန် - ၃.၁၆%
၅။ ၾသစေၾတးလ် - ၃.၀၈ %
၆။ မြန်မာနိုင်ငံ - ၁.၁၃ %

8 comments:

  1. မဲကောက်နေမယ့်အစား အလှည့်ကျ ပေးလိုက်တာ ပိုမကောင်းဘူးလား။ဘာလို့လည်းဆိုတော့ အားလုံးက ကောင်းတဲ့အလုပ်လုပ်နေကြတဲ့သူတွေဆိုတော့ ဘယ်သူသာတယ် မသာဘူးဆိုတာ ဆုံးဖြတ်လို့မရဘူး။အားလုံးအတူတူပဲ။ဒီတော့ အားလုံးကို အလှည့်ကျစနစ်ပေးလိုက်တာ အကောင်းဆုံးပါပဲ။ဒီလူတစ်ယောက်တည်းကြည့်ပဲ မဲပေးရွေးချယ်နေရင်လည်း ကျန်တဲ့ အနစ်နာခံလုပ်နေတဲ့သူတွေတွက်လည်း နစ်နာတယ်မဟုတ်လား။ဒီတော့ အလှည့်ကျစနစ်သာ အကောင်းဆုံးပါ။

    မောင်

    ReplyDelete
  2. သူ သူ ကိုယ်ကိုယ်..အရင် လိုချင်ကြမှာ ချည်း ဘဲ ..
    ဒါ ဆို..မောင် ..နောက်ဆုံး မှ ယူ...

    ReplyDelete
  3. မဖြူဖြူသင်းလိုလူကျတော.ဒီဆုမရပဲဒေါ်ရှုလိုမနေ.တစ်နေ.ကမှပေါ်လာတဲ.
    လူမှုဝန်ထမ်းကရတာတော.နည်းနည်းဆန်းနေသလိုပဲ။ ဒေါ်ရှုအကြောင်းဖတ်
    ရတာနဲ.လုပ်ဆောင်မှုတွေကမီဒီယာတွေမှာဒီလောက်ကြီးလည်းမတွေ.ခဲ.ရပါဘူး။

    ReplyDelete
  4. ဒီဆုကိုမျှော်ကိုးပြီးလုပ်တဲ့လူမရှိလောက်ဘူးထင်ပါတယ်...
    ကိုယ်ကျိုးစွန့်ပြီးတကယ်လုပ်တဲ့သူတွေက အလိုလိုထင်ရှားလာမှာဘဲလေ..
    လျှပ်စစ်မီးလိုအလည့်ကျပေးတာတော့ မကောင်းဘူးလို့မြင်ပါတယ်..
    ဘာလိုလဲဆိုတော့...အားနာပြီးပေးရတာမျိုးမရှိတော့ဘူးပေါ့...

    ReplyDelete
  5. အင်း.မောင်ပြောတာမှန်တယ်လို့ ဘဲထောက်ခံတော့မယ်နော်

    ReplyDelete
  6. အခုလိုကိုယ်ကျိုးမဖက်ပဲအနှစ်နာခံပြီးတော့တတ်နိုင်သမျှလိုက်လံ
    ကူညီပေးခဲ့တဲ့ အန်တီရှုလိုလူတွေများများရှိရင်သိပ်ကောင်းမှာပဲခင်
    ဗျာ...ယုံကြည်ချက်ကြောင့်နိုင်ငံရေးလှုပ်ရှားသူသံဃာတော်၊သီလ
    ရှင်၊လူအများကိုယ် တတ်နိုင်သမျှလိုက်လံကူညီပေးနေတဲ့အန်တီ
    ရှုအား လေးစားဂုဏ်ယူမိပါတယ်..ဒီထက်မကကူညီပေးနိုင်ပါစေ
    လိုဆုတောင်းပေးလိုက်ပါတယ်...............

    ReplyDelete
  7. attention: "Maung"

    Please obey voting, democracy, fair and square order.
    Do not submit SPDC's idea

    ReplyDelete
  8. ဘယ်က ဒေါ်ရှုလည်း မကြားဘူးဖူး။ ဆုဆိုရင် ဒေါ်စုပဲ ရတယ်ထင်ရတယ်။ သတင်းခေါင်းစဉ်ရိုက်တာများ မှားသလားလို့။

    ReplyDelete