Pages

Wednesday, May 25, 2011

နေပြည်တော်က သီဟာသန ပလ္လင်


နေပြည်တော် သမ္မတရုံး ဧည့်ခန်းမဆောင်ဟာ ပလ္လင်ကြီးနဲ့ အရမ်း အရမ်း လန်းနေပါတယ်။
အမျိုးသားပြတိုက်က သီဟာသန ပလ္လင်ကြီးနဲ့ တပုံစံတည်းပါပဲ။ နေရာ ရွှေ့ထားသလား မသိပါ။

ဒီနေ့သတင်းစာမျက်နှာဖုံးက ဓာတ်ပုံ

ဒီအကြောင်းကို ဇန်န၀ါရီလတုန်းက ဒီဘလော့မှာ ဖော်ပြဖူးပါတယ်။ လင့်က -

http://www.irrawaddyblog.com/2011_01_11_archive.html


အမျိုးသားပြတိုက်ကပလ္လင်ကြီး

သမ္မတရုံးကို ပလ္လင်ကြီးနဲ့ အလှဆင်ထားတာ ဘယ်သူ့စိတ်ကူးလဲ၊ ဘာသဘောလဲ၊ ဘယ်လို ရည်ရွယ်သလဲ ဆိုပြီး မေးစရာ ပြောစရာ ဖြစ်နေပါပြီ။ ဒီပလ္လင်ကြီးကို "နိုင်ငံတော်"က ကြိုက်သလို ကာတွန်းဆရာ၊ စာပြောင်ဆရာတို့လည်း ကြိုက်ကြမှာ အသေအချာပါပဲ။

ပို့စ်မော်ဒန်သတင်းဌာကတော့ ဒီအခင်းအကျင်းကို ခပ်သွက်သွက် သုံးသပ်ထားပါတယ်။
http://www.burmastrangenews.com/2011/05/blog-post_7667.html မှာ ဖတ်ပါ။



တရုတ်ပြည်က ဆရာတယောက် နေပြည်တော်လာတုန်းကလည်း ဒီပလ္လင်ကြီးရှေ့ စကားပြောတာပါပဲ။

အဲဒီဆရာ လာတဲ့ သတင်း ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ တင်တော့ စာဖတ်သူတွေပေးတဲ့မှတ်ချက်တွေထဲမှာ ပလ္လင်အကြောင်း ဟောသလို တွေ့ရပါတယ်။

Prozac Wrote: 18/05/2011
It is obvious that Thein Sein is supposed to stand in front of the famous Lion Throne alluding to be King of Burma, high and mighty. Unfortunately, he is shorter, and the Chinese general is much taller and stronger and seems to be about to push him away. thein Sein's small, bald head is already off-center from the Throne. (which, by the way, used to belong to the last real King Thibaw, who was weak and easily pushed put of power by the British colonialists.) this whole picture bodes an evil symbolic omen for Burma, that for all their efforts to hold power and oppress their own Burmese people, Thein Sein and his generals are, in reality, beholden and subservient to their Chinese masters.

Myanmar Patriots Wrote: 17/05/2011

Throne behind the power.This is 21st century.
Don't wait too long for the return of His Majesty, Guardian and Protector of the Royal Myanmar Peacock.

10 comments:

  1. ဒါက နိုင်ငံရဲ့ရိုးရာအမွေနှစ် လက္ခဏာတွေလေ။ဒီခေတ်မှာ ဘိုးဘွားခေတ်ကအရာတွေကို ၀တ်ဆင် ထိန်းသိမ်းရမှာ ရှက်ကြောက်နေကြတာလေ။ဒါမျိုးတွေကို ထိန်းသိမ်းဝတ်ဆင်တာဆိုလို့ စစ်တပ်က လူတွေပဲရှိတာ။တောင်ရှည်နဲ့စလွယ်ကို ဘယ်သူတွေဝတ်ကြတော့လို့လဲ။စစ်တပ်က လူတွေပဲ ဦးဆောင်ဝတ်ပြတာ။ဒါတွေက ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်က ပုံစံတိုင်းပါပဲ။ဒီလိုတွေ ပြန်လည်ဝတ်ပြမှ ငါတို့မြန်မာတွေရဲ့အစဉ်လာတွေဆိုတာ ဒါမျိုးပဲဆိုတာ လူငယ်မျိုးဆက်တွေ သိမှာပေါ့။ပင်နီတိုက်ပုံကြီးနဲ့ပဲဝတ်နေလို့ ဘယ်ဖြစ်မလဲ။


    မောင်

    ReplyDelete
  2. တောင်ရှည်နဲ့စလွယ် နဲ့သီဟာသန ပလင် ကတို့မြန်မာ တွေရဲ့ အဓိကအရေးကြီးတဲ့အမှတ်အသားလေ။ထိန်းသိမ်းရမှာပေါ့။ နိုင်ငံ ကိုဦး
    ဆောင်မဲ့ သူတွေဝတ်ရမယ် လေးစားရမယ်။ အဲဒါကို ပျက်ရယ်ပြုရင် တော့ မင်းဟာမြန်မာ မဟုတ်လို့ပဲ။ aunty စု လဲ အခုဘာဝတ်နေ
    လဲဆိုတာ သေသေခြာခြာ ကြည့် ပီး မှ ပြောပါ။ ကို နဲ့ မတည့်တဲ့သူ ကိုကြန်ဖန်အပြစ် ရှာ ပြောနေရင်တော့ မကောင်းတော့ဘူး
    ကိုနဲ့မတည့် တိုင်း ကိုမကြိုက်တိုင်း ကောင်းတာကောမကောင်း တာကောကို အပြစ် ပြော နေ ပီး ဒါ နိုင်ငံ ရေးကွ ဆိုရင်တော့
    မှားမယ်

    ReplyDelete
  3. This comment has been removed by a blog administrator.

    ReplyDelete
  4. လူဆိုတာ တန်ရာတန်ရာ လုပ်ရတယ်။ xxxxxxxxxxxxxx သူခိုးတွေက အဲလို ဟာမျိုးနဲ့ မထိုက်တန်ဘူးကွ။ အဲလို သီဟာသနပလ္လင်လိုဟာမျိုးက ကိုယ်ကျင့်တရား ကောင်းတဲ့ သူတွေနဲ့မှ ထိုက်တန်တာလေ။

    ReplyDelete
  5. သီဟာသနပလင်ကိုခန်းမမှာထားတာကို‌တော့ဘာမှမ‌ပြောလိုပါဘူး..ဒါ‌ပေ
    မဲ့လွှတ်‌တော်မှာဥဣဌဝင်လာရင်‌..လူတ‌ယောက်ကရှေ့က‌နေဒုတ်တ‌ချောင်းထမ်း
    ဝင်လာတာတို့...ထွက်တဲ့အခါမှာလဲဒုတ်ထမ်းတဲ့သူက‌ရှေ့ကထွက်တာတို့..
    ဘာ‌ကြောင်တာလဲမသိဘူး...ဘုရင်ရူးသန်း‌ရွှေအလိုကျလိုက်လုပ်‌နေတဲ့..င‌ပေါကြီး‌တွေ...။

    ReplyDelete
  6. ဗြိတိန်လွှတ်တော်မှာ ဘုရင်မကြီးရဲ့ကိုယ်စား သဘာပတိခုံရုံးရှေ့မှာ 'ကျိုင်း' ကိုထားတယ်။ခေတ်သစ်မြန်မာပြည်ရဲ့ကြံ့ဖွံ့လွှတ်တော်မှာ သဘာပတိခုံရှေ့က ကျိုင်း သမ္မတ ရုံးခန်းက ပလ္လင် ဒါတွေဟာ......။နောက်တစ်ခုကျန်နေသေးတာက အရင်ကဗိုလ်ချုပ်မှူးကြီးရုံးခန်းမှာ နောက်ခံပန်းချီကားကို ကာလကြာမြင့်စွာစံနေလို့တဲ့အထိမ်းအမှတ်နဲ့ ကြာပန်းပုံပန်းချီကားကိုထားလေ့ရှိတယ်။ဗေဒင်ဆရာတွေရဲ့ ပြောင်းရမယ်ဆိုတဲ့အတိတ်ကို ယတြာခြေတဲ့အနေနဲ့ ရန်ကုန်ကနေ နေပြည်တော်ကို ပြောင်းလာပြီးတဲ့နောက်ပိုင်းမှာအဲဒီကြာပန်းပုံကိုလည်းမတွေ့ရတော့ဘူး။အဲဒီကစပြီးတိုက်ဆိုင်တာဘဲလားဖြစ်ချိန်တန်လို့ဖြစ်လာတာဘဲလားတော့မပြောတတ်ဘူး ။၂၀၀၇ အရေးအခင်းဖြစ်လာတော့ တပ်ချုပ်ကြီးလည်း ၂၀၁၀ မှာရွေးကောက်ပွဲအတုလုပ်ပေးပြီး........... ခုချိန်မှာတော့သိတဲ့အတိုင်းပါဘဲ။တပ်ချုပ်ကြီးလုပ်ခဲ့တဲ့ယတြာတွေထဲမှာ ဟာသဆန်ဆန်ယတြာတစ်ခုက ၂၀၀၄ ၂၀၀၅ ခုနှစ်လောက်တုန်းက တပ်ချုပ်ကြီးကသူဟာတိုင်းပြည်ကိုကောင်းရာကောင်းကြောင်းစေတနာထားပြီးလုပ်နေပါသော်လည်း တိုင်းပြည်ဟာ တိုးတက်မလာပါဘဲ ပိုပိုပြီးဆင်းရဲလာတာ ဘာကြောင့်ပါလဲဆိုပြီး သူတို့ကိုးကွယ်နေကြ ဆရာတော်ကိုဗေဒင်ယတြာမေးသတဲ့။ဆရာတော်က တိုင်းပြည်တကယ်တိုးတက်ချင်ရင် တေဇသမီးကိုပေးလိုက်လို့မိန့်ပါသတဲ့။ဒါကိုတပ်ချုပ်ကြီးက တေဇကိုသမီးပေးလိုက်တာနဲ့ တေဇသမီးကိုပေးလိုက်တာနဲ့ ဟာစကားချင်းအတူတူဘဲဆိုပြီး......မြင်တွေ့ကြားသိခဲ့ကြရတဲ့အတိုင်းပါဘဲဗျာ။အဲဒီတော့လက်ရှိသမ္မတကြီးကိုလည်း.............ခင်ဗျားတို့ဘဲဆက်ပြီးပြောကြတော့ဗျာ။

    ReplyDelete
  7. မြန်မာ့ ယဉ်ကျေးမှု ရိုးရာ အမွေ ကို ထိန်းသိမ်းချင်တယ် ဆိုရင် ပလ္လင်ပေါ် တက်ပြီး တင်ပျဉ်ခွေ စံပါယ်တော်မူပါလား။
    ကုလားထိုင် ဆိုတာ မြန်မာ့ ယဉ်ကျေးမှု မဟုတ်ဘူးလေ။ ကုလားဖြူတွေ ထိုင်လို့ ကုလားထိုင်ခေါ်တာ။ ကုလားထိုင်ပေါ်မှာ ထိုင်တာ မြန်မာ့ယဉ်ကျေးမှု မဟုတ်ဘူး။
    သမ္မတကြီးက ရိုးရာအမွေကို ထိန်းရင် ဓာတ်ပုံထဲမှာ တွေ့ရသလို ကုလားထိုင်ပေါ် လုံးဝ မထိုင်သင့်ပါဘူး။ ဒါက အနောက် ဥရောပ ယဉ်ကျေးမှုကို လက်ခံကျင့်သုံးရာ ရောက်သလို၊ တိုင်းတပါး ယဉ်ကျေးမှုကို အထင်ကြီးရာ ရောက်ပါတယ်။
    ရိုးရာ အမွေ ထိန်းသိမ်းတဲ့ အနေနဲ့ ဖျာပေါ် ထိုင်သင့်တယ်။ (ဘုန်းကံ မရှိလို့ ပလ္လင်ပေါ် မထိုင်ရဲဘူး ဆိုရင်ပေါ့လေ။ အီးစိမ်း ပန်းမှာ ကြောက်ရင်ပေါ့လေ)။
    ဒါမှ ရိုးရာ အမွေ ထိန်းသိမ်းရာ ရောက်မပေါ့။ ကုလားထိုင်ပေါ်ထိုင်တာ အနောက်တိုင်းကို အထင်ကြီးရာ ရောက်ပါတယ်။ မထိုင်ပါနဲ့လားဗျာ။

    ReplyDelete
  8. သိန်းစိန်ရဲ့ စလွယ်က ရွှေအစစ်လား။ ပိတ်စလား သိတဲ့လူရှိရင် ပြောပေးကြပါလား။

    ReplyDelete
  9. ပြည်ချစ်သားကောင်းMay 26, 2011 at 10:18 PM

    စစ်အစိုးရကိုဆန့် ကျင်ခဲ့ တဲ့ သူပေမယ့် ကျွန်တော်ကတော့ ပုလ္လင်ကြီးကို ဒီလိုတစ်မြတ်တစ်နိုးထားတာအပြစ်မလို့ မမြင်ပါဘူး။ အထက်မှာဆိုခဲ့ သလို သူခိုးကြမ်းပိုးတွေနဲ့ ပုလ္လင်နဲ့ မထိုက်တန်ဘူးဆိုတော့ မိန်းမထောင်ချီပြီး တဏှာရူးရုံကလွဲလို့ ဘာမှမသိတဲ့ မင်းတုန်းမင်းနဲ့  ဆိုက္ကားသမားလောက်မှ အသိဥာဏ်မှရှိတဲ့ သီပေါမင်းတို့ ကျတော့ ငါတို့ တုံးလှပါတယ် အလှပါတယ် အသုံးမကျပါဘူးဆိုပြီး ခွေးကတက်ပေါ် ထိုင်ခဲ့ ကြလို့ လား။ သူတို့ လည်းပုလ္လင်ပေါ်မှာပဲထိုင်ခဲ့ ကြတာပဲ။ နအဖအုပ်စုဟာ အာဏာရူးတွေဆိုတာတော့မှန်တယ်ပဲထားဦး။ မင်းတုန်းမင်းတို့ လိုတော့ တွေ့ သမျှမိန်းမ F*** ပြီး D*** အလိုပဲလိုက်ခဲ့ တာမဟုတ်တာတော့သေချာပါတယ်။ အစိုးရမကောင်းဘူးဆိုရင် အစိုးရအလုပ်တွေနဲ့ ပါတ်သတ်ပြီးတော့ပဲဝေဖန်ပါ။ ဘယ်သူမှ ဘ၀တစ်လျှောက်လုံး မကောင်းတာချည်းပဲမလုပ်နိုင်ပါဘူး။ မကောင်းတာကို ဘယ်လိုမကောင်းတာလဲဆိုတာ သုံးသပ်ပါ။ ဘယ်သူက ဘယ်နေရာမှာအားနည်းတာလည်း၊ ဘယ်လိုကလိမ်ကျတာလဲ ဘယ်လိုယုတ်မာတာလဲ ထောက်ပြပါ။ ဒါမီဒီယာကောင်းတွေရဲ့ တာဝန်ပါ။ ဘယ်နေရာမှာ ဘယ်လိုလာဘ်စားတယ် ဘယ်လိုအမျိုးတော်လို့ ဘယ်လိုမြှောက်စားတယ် ဘယ်သူ့ ကိုဖြင့်မလိုလားလို့  မတရားဖမ်းဆီးတယ် ဒါမျိုးတွေရေးပါ။ ကြိုဆိုပါတယ်။ အားလည်းအားပေးပါတယ်။ ပြည်ပမီဒီယာမို့ လို့  ငါတို့ ရေးချင်တာရေးလို့ ၇တယ်ဆိုပြီးတော့ မလုပ်ပါနဲ့ ။ ဘယ်တိုင်းပြည်ခေါင်းဆောင်မှ ငါသောက်သုံးမကျလေခြင်းဆိုပြီး ခြေနင်းဖတ်မှာ ဆောင့်ဆောင့်ထိုင်ပြီး သံအမတ်တွေကို တွေ့ ဆုံလေ့မရှိပါဘူး။ နိုင်ငံတော်အဆင့်ခေါင်းဆောင်တစ်ယောက်တွေ့ ဆုံတဲ့  ဧည့်ခန်းမဆောင်တစ်ခု ဒီလိုမျိုးခမ်းနားထည်ဝါနေလို့  ဘယ်တိုင်းပြည်မှ သိက္ခာမကျပါဘူး။ နိုင်ငံကတော့ဆင်းရဲနေပြီး သူတို့ ခန်းမကြီးတွေကတော့ ဟီးလို့  ဟိန်းလို့ လို့ စောဒကတက်မယ်ဆိုရင် ငါတို့ နိုင်ငံက မချမ်းသာသေးလို့ ဆင်းရဲနေသေးလို့  နိုင်ငံတော်အဆင့်အဆောက်အအုံခန်းမတွေကို တော်ရိေ၇ာ်ရိလေး ၀ါးဓနိကာလေးပဲလုပ်ကြတာပေါ့လို့ များတွေးထားကြသလား။ နိုင်ငံတော်တည်ဆောက်တယ်ဆိုတာ ရှေ့ ကခေါင်းဆောင်လုပ်သမျှ မဟုတ်ဘူးချည်းထိုင်ပြောနေလို့ ပြီးတာမဟုတ်ဘူး။ ပြုတ်သင့်တဲ့ သူကိုပြုတ်အောင်လုပ်။ မပြုတ်သင့်တဲ့ လူ ခေါင်းဆောင်နိုင်တဲ့ သူဆိုရင် လမ်းမမှားအောင် အမြင်မလွဲအောင် ထိန်းပေးဖို့ မီဒီယာရဲ့ တာဝန်ပဲ။ စစ်မှန်သော အမှားများကို ရဲရဲဝံ၀ံဝေဖန်ထောက်ပြနိုင်သော ဘလော့တစ်ခုဖြစ်ပါစေလို့ ဆုတောင်းပါတယ်။

    ReplyDelete
  10. အင်း ... ဒီလို လူတွေ အငြင်းပွားဖွယ်ဖြစ်အောင် ဟုတ်တာတွေရော မဟုတ်တာတွေရောတင် ... ကွန့်မန့် များများတက်အောင်လုပ် ... ဒါမှ Irrawaddy long live ဖြစ်ပြီး အလုပ်အကိုင်လေးများ အဆင်ပြေကြဦးမှာ ကိုယ့်လူတို့ ...

    ReplyDelete