မြန်မာအစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အစိုးရအလိုကျ ဖော်လံဖားခဲ့ကြတဲ့ သူတွေ နောက်ထပ် ၄၂ ဦးကို အမေရိကန်နိုင်ငံက ဘဏ္ဍာရေးဆိုင်ရာ ပစ်မှတ်ထား အရေးယူဖို့ မြန်မာ့အရေး လှုပ်ရှားနေတဲ့ U.S Campaign for Burma (USCB) အဖွဲ့ က အမေရိကန် ဘဏ္ဍာရေး ၀န်ကြီး မစ္စတာ တင်မ် ဂိသ်နာ (Mr. Tim Geithner) ထံ စာပေးပို့ တိုက်တွန်းလိုက်ပါတယ်။ (သတင်းအပြည့်အစုံ ဖတ်ရန်)
ဘယ်သူတွေများလဲ သိချင်သူတွေအတွက် နာမည် စဉ်ပေးလိုက်ပါတယ်။ ၄၂ ယောက် အတိအကျ မဟုတ်ပါဘူး။ စာရင်းထဲ မပါဘဲ ကျန်တာလည်း ရှိပါတယ်။
စီးပွားရေး သမားတွေကတော့ အောင်ကိုဝင်း (ခ) ဆရာကျောင်း၊ ရွှေသံလွင် ကျော်ဝင်း၊ မြန်ဂုဏ်မြင့် မောင်မောင်မြင့်၊ ထာဝရ သတ္ထုတူးဖော်ရေး ကုမ္ပဏီက မောင်ကို၊ အောင်ထွေး၊ ကျော်မြင့်၊ နေဝင်းထွန်း၊ ဦးအိုက်ထွန်း၊ အောင်မြတ်၊ ဝင်းလွင်၊ ဒေါက်တာ စိုင်းဆမ်ထွန်း၊ စန်းစန်းရီ၊ အောင်ဇော်ရဲမြင့်၊ သစ်တောဝန်ကြီးဟောင်း ဦးအောင်ဖုန်း သားများဖြစ်သည့် စစ်တိုင်းအောင်နှင့် စစ်သွေးအောင်၊ နေစိုး၊ သရုပ်ဆောင် လွင်မိုး (သတ္ထုတူးဖော်ရေး ပိုင်ရှင်)၊ ဦးနေအောင် (IGE)၊ ပြည်အောင် (IGE)၊ UMFCCI ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်၊ ဥဿာ ယူနိုက်တက်ပိုင်ရှင် ဦးအောင်ကျော်မိုး၊ ဦးခိုင်စိုး၊ ထွန်းနိုင်ရွှေ (တပ်ချုပ်ကြီးရဲ့ သား)၊ နေလင်းအောင်၊ အောင်ဇော်နိုင်၊ ဇော်ဝင်းထွန်း၊ ဇော်လေး၊ တိုးနိုင်မန်း (ရွှေမန်းရဲ့သား)၊ နေရွှေသွေးအောင် (မျောက်မူးလဲ)၊ ဇော်ဝင်းရှိန် (ဒယ်လ်တာ ယူနိုက်တက် ပိုင်ရှင်၊ ပန်းဖြူနှင့် ကာမလိမ်လည်မှု ကိစ္စ တရားစွဲခံရသူ)
အစိုးရအလို ဝါဒဖြန့်ပေးနေတယ် ဆိုပြီး စာရင်းသွင်းခံရသူတွေကတော့ သုတစွယ်စုံက ဒေါက်တာ တင်ထွန်းဦး၊ Living Color က ဒေါက်တာ နေဝင်းမောင်၊ မြတ်ခိုင်၊ ဇင်ယော်မောင်မောင်၊ ဇော်မင်းအေး (ဒု ဗိုလ်ချုပ်ကြီး တင်အေးရဲ့ သား)၊ ကလျာ (ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့် သမီး)၊ မျိုးအောင် (Northern Star ဂျာနယ်)
သရုပ်ဆောင်လွင်မိုးကိုလုပ်သင့်ပါတယ် ထောက်လဲထောက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်တို့ရဲ့မြို့လေး ပေါ့နော် မြို့နာမည်ကပင်လည်ဘူးမြို့မှာ သူလုပ်ငန်းတွေတိုးချဲ့နေပါတယ် ဦးမောင်အေးသမီး
ReplyDeleteဒေါ်အေးအေးခိုင်နဲ့ပေါင်းပြီးတော့ပေါ့နော် တောင်တွေဖြိုတယ်။ ပြီးကျွန်တော်တို့ နယ်သားတွေလုပ်တဲ့နေရာကိုလဲ လုတယ် နယ်သားတွေကိုစစ်တပ်နဲ့မောင်းထုတ်တယ်။ လမ်းတွေကိုလဲပျက်စီးစေတယ် နဂိုလမ်းကမကောင်းရတဲ့ကြားထဲပေါ့နော်...လုံးဝထောက်ခံပါတယ်...ခင်ဗျာ
ထောက်ခံပါတယ်။ လုပ်သင့်ပါတယ် လုံးဝဘဲ ပြည်သူတွေ
ReplyDeleteဒီလောက်ဆင်းရဲဒါကိုတောင် သူတို့က အမြတ်ကြီးစားနေနိုင်တယ် သူ့ကိုအားပေးတဲ့သူတွေကိုတောင်အားမနာ တတ်ဘူးထင်ပါဂရဲ့ဗျာ။ ပြီးတော့ ဒေါ်အေးအေးခိုင်နဲ့ ပေါင်းပြီးတော့ ကျွန်တော်တို့မြို့ကို မြေလန်ဦးမှာတဲ့ဗျ အခုတော့တောင် ဖြိုယုံဘဲရှိသေးတယ်ဗျ။ ပြီူးတော့ ကျွန်တော်တို့ နယ်သားတွေလုပ်တဲ့အကွက်ကိုလဲ လုသေးတယ်ဗျ ရိုးရိုးမဟုတ်ဘူး စစ်တပ်နဲ့မောင်းထုတ်တာ။ လမ်းကမကောင်းပါဘူးဆို ကားကြီးတွေကမောင်းသေးတယ် ကျွန်တော်တို့မြို့ကသစ်ပင်(ကျွန်း)တွေကို ဖြတ်လို့မ၀လို့ နောက်ထပ်တိုးတဲ့သဘောထင်တယ် အဲ့ဒီသစ်ပင်တွေကလဲ ကျွန်တော်မမွေးခင်ကတည်းကနဲ့ ဖြတ်တာနော်အားလုံးက ကျွန်းတွေများတယ် မကောင်းတဲ့သစ်မပါဘူး သစ်ပင်ကလူသုံးယောက်ဖက်တောင်မိတာမဟုတ်ဘူး စဉ်းစားသာကြည့်ပေတော့ ဒါပေမဲ့ ကျွန်တော်တို့မြိုကိုမဖော်ထုတ်ဘူးဗျ သူများတွေသူတို့အကြောင်းသိမှာစိုးလို့ထင်တယ် ကျွန်တော်တို့မြို့ ကလည်းပညာတတ်သိပ်မရှိတော့ဘယ်သူ့ကိုပြောရမလဲမသိဘူး သူများခြောက်ရင်ကြောက်တတ်ကြတယ်ဗျ။ ပြီးတော့ပြောရဦးမယ် ရေနံတူးတယ်တဲ့ ဟုတ်လားမဟုတ်လားတော့မသိဘူး မြို့နာမည်က ပင်လည်ဘူးတဲ့ ကောလင်းအနောက်ပေါ့နော်...သတင်းလေးကိုဖြန့်ပေးပါဦး ဗျ....
မင်းခန့်.....
where's my name in dal list?
ReplyDeleteAdd my name too..

ပိတ်ဆို့ တဲ့သူတွေစာရင်းမှာ အလဲဗင်းမီဒီယာပိုင်ရှင်
ReplyDeleteဒေါက်တာသန်းထွဍ်အောင်ကိုလဲထည့်သင့်တယ်။ သူလဲမီ
ဒီယာဘန်းပြပီးနောက်ကွယ်မှာဗိုလ်ချုပ်တွေနဲ့ ပေါင်းနေတာ။ နောက်တိုး၄၂ဦးထဲမှာပါတဲ့ ဥသာယူတိုက်ဘောလုံးအသင်းပိုင်ရှင်နာမယ်က အောင်ကျော်မိုးမဟုတ်ပါဘူး။အောင်မိုးကျော်ပါ။ သူကpepsiသိန်းထွန်းရဲ့ သမက်။
မြန်မာပြည်မှာအရောင်းရဆုံးဂရင်းရွိုင်ရယ်ဝီစကီထုတ်တဲ့
ှုIBTC ကုပ္မဏီပိုင်ရှင်ပါ။
သူများကောင်းစားတာ မနာလိုဖြစ်နေကြတယ် ...:(
ReplyDeleteဝင်းမြင့်သမီးအမည်က"နန်းကလျာဝင်း"ပါ..People
ReplyDeleteမဂဇင်းနဲ့ပေါ်ပြူလာဂျာနယ်ကိုထုတ်ပါတယ်..။