
ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ဇူလိုင်လ ၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပတဲ့ ဖက်ရှင်ပြပွဲပါ။ ပြည်တွင်း ဒီဇိုင်နာတွေရဲ့ လက်ရာ ဝတ်စုံတွေနဲ့ ဆံပင်ရှည်ရှည် အမျိုးသမီးများ မော်ဒယ် ပြနေပုံဖြစ်ပါတယ်။ (ဓာတ်ပုံ - AP)
ဟိုရှေးခေတ်ကတော့ မိန်းမတို့ဘုန်း ဆံထုံးလို့ ဆိုခဲ့ကြပါတယ်။ ဒီခေတ်မှာတော့ ဒီလို အဆိုတွေကို သိပ် အရေးတယူ မရှိကြတော့ပါဘူး။ ဒိုင်ယာနာဆံပင်ပုံစံ၊ ဒီမီမိုး ဆံပင်ပုံစံ တွေကနေ တိုသည်တို၊ ဂုတ်ဝဲတွေပဲ ခေတ်စားနေတာ ကြာပါပြီ။ ကိုရီးယားပုံစံ အတိုတွေလည်း သတိထားမိပါတယ်။
ဒီကြားထဲ ဆံပင်ဖြတ်ရောင်းရင် ဈေးကောင်းရတာ၊ ဆံပင်ရောင်းရတဲ့ ငွေနဲ့ လမ်းခမ်း အလှူထဲ ထည့်တာ စတာတွေ ပေါ်လာတော့ ဆံပင်တွေလည်း အရှည်နည်းကုန်တယ် ထင်ပါရဲ့။
ခုခေတ်မှာ ဆံပင်တော်တော်ရှည်တဲ့ အမျိုးသမီးတယောက် လမ်းလျှောက်သွားရင်ပဲ အထူးအဆန်းလို ကြည့်ရတဲ့ခေတ် ရောက်သွားပါပြီ။
အဆိုတော် မာရဇ္ဇက ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး ဆိုပြီး သီချင်းစပ်လိုက်တာနဲ့ တခေတ်ထသွားပါသေးတယ်။
အဆန်း အင်မတန်ထွင်တဲ့ လေဒီဂါဂါကတော့ ဟိုတလောက သူ့သီချင်းသစ် မိတ်ဆက်ပွဲကို ကတုံးနဲ့ ဖျော်ဖြေသွားတာ တွေ့မိပါတယ်။

How did they wash their hair??
ReplyDeleteI hope the hair should be so smelly.
Why Burmese ladies so proud for having such kind of hair.Actually,it is bad idea from the point of view of health.
မြန်မာအမျိုးသမီးများ နေ့ကပီးသွားပီလေ .. ဘာလာကြောင်နေကြတာလဲ
ReplyDelete