Pages

Tuesday, June 28, 2011

ဂျာမနီရောက် ဦးရဲမြင့် ကွယ်လွန်

ဂျာမနီမှာ နေထိုင်ပြီး မြန်မာ့ အရေး ဆောင်ရွက်တဲ့ ရှမ်းတိုင်းရင်းသား တဦး ဖြစ်တဲ့ ဦးရဲမြင့် သောကြာနေ့က ကွယ်လွန်သွားပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၀ ရှိပါပြီ။



၂၀၀၈ ခုနှစ်က ဘာလင်မှာ တွေ့ရတဲ့ ဦးရဲမြင့်  (ဓာတ်ပုံ - S.H.A.N.)

ဦးရဲမြင့်ဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ကင်ဆာရောဂါ စတင် ဖြစ်ပွားခဲ့တယ်လို့ သူ့ မိတ်ဆွေ Sai Wansai (Shan Democratic Union ရဲ့ အထွေထွေ အတွင်းရေးမှူး)က ပြောပါတယ်။ 

ဦးရဲမြင့်ဟာ ၁၉၆၀ နောက်ပိုင်း ရိုမေးနီးယားမှာ  ကျောင်းသွားတက်တယ်၊ နောက်ပိုင်း  ဂျာမနီကို ရောက်သွားတယ်။ အစားအစာ စစ်ဆေးရေး ကျွမ်းကျင်သူ အဖြစ် ပင်စင်ယူတဲ့အထိ လုပ်ကိုင်တယ်။


မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကျန်းမာရေး ပညာရေးဆိုင်ရာ အကူအညီပေးတဲ့ ကဏ္ဍမှာ အာရုံစိုက် ဆောင်ရွက်ခဲ့တယ်။ 

ဦးရဲမြင့်ဟာ ၁၉၉၃ ခုနှစ်တုန်းက ဂျာမနီမှာ ပြုလုပ်ခဲ့တဲ့    Berlin Conference on Burma အစည်းအဝေး ဖြစ်မြောက်ရေးကို ဆောင်ရွက်ခဲ့သူ၊ ၂၀၀၇ သံဃာ့လှုပ်ရှားမှုကို ထောက်ခံ ကူညီတဲ့ Burma Action Group ထူထောင်တဲ့သူလည်း ဖြစ်ပါတယ်။


ကွယ်လွန်ချိန်မှာ ဂျပန်အမျိုးသမီး ဇနီးသည် နဲ့ သမီးဖြစ်သူ Mary တို့ ကျန်ရစ်ပါတယ်။


ဇူလိုင် ၁၀ ရက်နေ့မှာတော့ ဦးရဲမြင့် နာရေး နဲ့ အောက်မေ့ဖွယ် အခမ်းအနားကို ဘာလင်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။

မူရင်း - shanland.org

No comments:

Post a Comment