Pages

Thursday, June 30, 2011

တရားမဝင်မီးစက်တွေ ဖယ်ရမယ်

မြို့လယ်က မီးစက်ကြီးတလုံး (ဓာတ်ပုံ - ပေါ်ပြူလာ သတင်း ဂျာနယ်)

မြန်မာပြည်မှာ သတင်းစာဖတ်ရင် ဓာတ်လိုက်မှာ ကြောက်ရပေမယ့် အပြင်မှာတော့ မီးက မမှန်တာ အထူးပြောဖို့ မရှိပါဘူး။ မီးမမှန်တော့လည်း မီးစက် ဝယ်သုံးကြပေါ့။ ပေါ်ပြူလာသတင်းဂျာနယ်မှာ ဖတ်လိုက်ရတာကတော့ ပလက်ဖောင်းပေါ်က တရားမဝင် မီးစက်တွေ ဖယ်ရှားရမယ်လို့ ဆိုပါတယ်။

မြို့တွင်းက ပလက်ဖောင်းတွေမှာ ကြီးကြီးငယ်ငယ် တွေ့ရတတ်တဲ့ မီးစက်တွေထဲက ၉၀ ရာခိုင်နှုန်းဟာ တရားမဝင် နေရာ ယူထားတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တရားဝင် ခွင့်ပြုတာက မီးစက် ၁၀ လုံးပေမယ့် တရားမဝင် နေရာယူထားတာက အလုံး ၁၀၀ ရှိပါသတဲ့။ အဲသလို ရှိနေတာကိုလည်း မသိခဲ့ဘူးတဲ့၊ အခု ပလက်ဖောင်းဈေးသည် စစ်ဆင်ရေးလုပ်မှပဲ သိလာရပါသတဲ့။ (အရင် မြို့တော်ဝန် ဦးအောင်သိန်းလင်း ဘယ်လို စီမံခန့်ခွဲသွားတယ်တော့ မသိပါ။)

ရန်ကုန်မြို့မှာ လုပ်ငန်းတခုစာ လည်ပတ်ဖို့ မီးစက်ကြီးတွေဆိုတာကလည်း လူတရပ်စာမက မြင့်တဲ့ အကြီးကြီးတွေပါ။ ပလက်ဖောင်းပေါ် လမ်းလျှောက်ရင် မီးစက်ကြီးတွေနားကျ လမ်းကကျဉ်းလို့ တိုးဝှေ့ သွားနေရတာပါ။ ဒါကြီးတွေ တရားမဝင်လို့ ဖယ်ရမယ်ဆို ဘယ်နေရာများ သွားထားကြမလဲဆိုတာ မတွေးတတ်အောင်ပါပဲ။

8 comments:

  1. ဒါများ လွယ်လွယ်လေးပါ ဧရာဝတီရာ။
    မြို့တော်ခန်းမ ခေါင်မိုးပေါ်တင်ထားလိုက်။

    ReplyDelete
  2. ဦးသိန်းစိန် နဖူးပေါ်ဆိုရင်ပိုမကောင်းပေဘူးလား

    ReplyDelete
  3. i wanna to talk about of Ministry of Electricity (Insein township)staffs bribery case..they are very bad and persecute for applied new meter used on home..so many step and so many gave bribe that is legally or offically..please investigate for that..i will be upload again if i know with their name...

    ReplyDelete
  4. မြို့တော်ဝန်နဲ့စည်ပင်အတွက်ဂွင်ကောင်းကောင်း တခုပါ၊ပေးချင်သူကိုပေး၊မပေးချင်သူကိုညစ်၊ သာရေကွင်းဥပဒေမဟုတ်လား

    ReplyDelete
  5. ဒီမီးစက့်ကီးတွေကိုစဆင်ထဲကဆင်ပြီးရင်ဘယ်မှာထားရ မယ်ဆိုတာစဉ်းစားထာရမှာပေါ့.။ပလက်ဖောင်းဆိုတာလူ တွေလမ်းလျှောက်ဖို.ထားတာ။ဒီလိုပစ္စည်းတွေထားဖို.ထားတဲ့နေရာမဟုတ်ဘူး။အဲတော့အရားမ၀င်လို.ဖယ်ရမယ်ဆို ရင်ကိုယ်ပိုင်တဲ့အဆောက်အအုံထဲပြန်ထည့်ထားပေါ့။ဒါမှ
    မဟုတ်ရင်ဖျက်ဆီးပစ်လိုက်ပေါ့။

    ReplyDelete
  6. မြို့လည်ခေါင်မှာဒီမီးစက်ကြီးတွေကိုအလကားချထားလို့ရမယ်ထင်လို့လား။ ဗန်းတဗန်းစာချရင်တောင် ဘယ်လောက်ပေးရမယ်ထင်လဲ။
    အရင်ထဲကအဲဒီဂွင်တွေကရှိပြီးသား။အခုမှဂွင်အသစ်လာဖန်မနေနဲ့။ ဘယ်သူကမှငွေကုန်ကြေးကျခံပြီးချမထားဘူး။
    တိုင်းပြည်မီးမလင်းနိုင်လို့ ကိုယ့်အားကိုယ်ကိုးပြီး
    သူတို့တွေကိုလိုင်းကြေးပေးထားပြီးချတားတာ။အပျော်လုပ်ပြီးချထားမဟုတ်ဘူးကွ။

    ReplyDelete
  7. ဟုတ်တယ်။မှန်တယ်။
    (ဒီမီးစက့်ကီးတွေကိုစဆင်ထဲကဆင်ပြီးရင်ဘယ်မှာထားရ မယ်ဆိုတာစဉ်းစားထာရမှာပေါ့.။ပလက်ဖောင်းဆိုတာလူ တွေလမ်းလျှောက်ဖို.ထားတာ။ဒီလိုပစ္စည်းတွေထားဖို.ထားတဲ့နေရာမဟုတ်ဘူး။အဲတော့အရားမ၀င်လို.ဖယ်ရမယ်ဆို ရင်ကိုယ်ပိုင်တဲ့အဆောက်အအုံထဲပြန်ထည့်ထားပေါ့။ဒါမှ
    မဟုတ်ရင်ဖျက်ဆီးပစ်လိုက်ပေါ့။)
    လူတွေ အန္တရာယ်ကင်းအောင် လုပ်ပေးတော့လည်း တစ်မျိုး မလုပ်ပေးတော့လဲ တစ်မျိုး

    ReplyDelete
  8. The service to distribute the electric power to the public has to be done by the Myanmar Government Electric Power Corporation. When the Myanmar Government cannot do it the public solve their problem by keeping personal generators at their residences which caused a lot of problem to the public and environment. This proved the incompetence and mismanagement of the Tatmadaw Government.

    ReplyDelete