Pages

Friday, June 24, 2011

မြန်မာပြည်နဲ့  ဆက်သွယ်ရေး ပစ္စည်းပေါက်စ

တယ်လီဖုန်း သုံးနေသော ရန်ကုန်သားတဦး။
လက်ကိုင်ဖုန်း သုံးနိုင်တယ်ကွ လူမြင်ကွင်းထွက်ပြီး ကြွားလိုက်အုံးမှ ဆိုတဲ့သဘောနဲ့ လမ်းဘေးမှာ ဆက်နေခြင်း မဟုတ်ပါ။ အိမ်ထဲ ဆိုင်ထဲမှာ ဆက်ရင် အသံ ပိုဆိုးလို့၊ မကြည်လို့ အပြင်ထွက် ဆက်ရတာပါ။ (ဓာတ်ပုံ - ဧရာဝတီ)

ဧရာဝတီက စင်္ကာပူ မြန်မာ
i pad တွေ i pod တွေ အကြောင်း တို့ ထိ ထားတယ်။ ဆိုတော့
အခု ရန်ကုန်မှာ မြင်ရသမျှ ကြုံရသမျှ ပြောပြရရင် -

"ဟယ်လို ကြားရလား" တယ်လီဖုန်း
တယ်လီဖုန်းတွေကတော့ စပြီး အမြောက်အမြား ချပေးနေပါပြီ.. သူတို့ ဦးစားပေးတဲ့ အလွမ်းသင့်တဲ့ ကော်မရှင် ကောင်းကောင်းရတဲ့ ကုမ္ပဏီတွေက တဆင့်ပေါ့။

ခက်နေတာက bandwidth ပါ..။ ၁၀ လုံး သုံးနိုင်တဲ့ capacity ကို အလုံးပေါင်း ၁၀၀၀ သုံးခိုင်းတာလေ..။ လိုင်းတွေ ကြပ်တာ.. ခေါ်ရခက်တာ.. စသည်ဖြင့် ထပ်ထပ်ကို ကြမ်းလို့ .. ဒုက္ခတွေကပြောပါတယ်။

သော့ခတ်ထားတဲ့ အင်တာနက်
တခါ ထပ်ဆင့်တဲ့ ပြီး အင်တာနက် သုံးခွ င့်ပေးပြန်ပါပြီ .. မြန်နှုန်းက နိမ့်တဲ့ကြား တောင်ပိတ် မြောက်ပိတ်..။ ဘယ်ဆိုဒ် လူဝင်များပြီလဲ .. အဲ..access denied က ထက်ချပ်မကွာ လိုက်လာပြန်ရော..။

gmail တက်ဖို့ တခါတရံ တမနက်ခင်း ကုန်တယ်။
ပိုက်ဆံ အတောင်းကတော့ ရက်စက်တယ်ဗျ.. တမိနစ်ကို ၄ ကျပ် ပါတဲ့.. မ၀င်လည်းပေး ၀င်လဲပေး..။
မွဲဆေးကတော့ အဟု တ်ဖေါ်ပေးနေတာ.. အစိုးရ ကိုယ်တိုင်ပါပဲ..။

ဝေးပါသေးတယ်
ကဲ.. i pad တွေ i pod တွေကို ဘယ်လို လူတန်းစားတွေများ သုံးနိုင်မလဲ.. ကျနော်တို့နဲ့တော့ အဝေးကြီး ရှိပါသေးတယ် ခင်ဗျာ..။

No comments:

Post a Comment