မေးခွန်း - ၁။ သာဓုသုံးကြိမ်ခ်ါတာ ဘာကြောင့်လဲ။
(သဲလွန်စ - ဗီယာနသာမြို့ဟောင်း)
အဖြေ - ဗီယာနသာမြို့ဟောင်း တူးဖော်ချက် နောက်ဆုံး အစီရင်ခံစာ အရ ထိုခေတ်က ကိုသာဓု အမည်ရှိ နားလေးသူတဦး ရှိသည်။ သူ၏ အမည်ကို တကြိမ်ခေါ်ရုံဖြင့် ကြားလေ့မရှိဟု ဆိုသည်။ သုံးကြိမ်ခန့် ခေါ်မှသာ ကြားသည်။ ထိုခေတ်မှ အစပြုပြီး သာဓု သုံးကြိမ် ခေါ်ကြခြင်း ဖြစ်သည်ဟု သိရသည်။
အင်္ဂလိပ် ကိုလိုနီခေတ်မှာ နိုင်ငံရေးသမား ၃၀ ၀န်းကျင်ရဲ့ဂျပန်စစ်ပညာသင်ခရီးအကြောင်းကို စာနယ်ဇင်းသမားတချို့က သိထားပေမယ့် ထုတ်ဖော် ရေးသားခဲ့ခြင်း မရှိပါဘူး။ သတင်း ထိန်ချန်လိုက်ကြပါတယ်။ ပညာသင်တဲ့ အစီအစဉ် အောင်မြင် ပြီးဆုံးခဲ့ပါတယ်။ အဲဒီအုပ်စုဟာ ရဲဘော်သုံးကျိပ် ဆိုပြီး နာမည်ကြီးပါတယ်။
မေးခွန်း - ၂။ ဒီဖြစ်ရပ်မှာ စာနယ်ဇင်းသမားတွေရဲ့ လုပ်ရပ် မှားသလား၊ မှန်သလား။ ဘာကြောင့်လဲ။
(သဲလွန်စ - မှား၏)
အဖြေ - စာနယ်ဇင်းသမားများ အကြီးအကျယ် မှားသည်။ ဘက်လိုက်ပြီး သတင်းထိန်ချန်ခြင်းသည် စာနယ်ဇင်း အာပတ်သင့်၏း)
ဘက်လိုက်လိုပါက ဗြိတိသျှအစိုးရဘက်ကို လိုက်သင့်သည်။ ဗြိတိသျှတို့ မြန်မာပြည်ကို ဆက်လက် အုပ်ချုပ်မည် ဆိုပါက မြန်မာပြည်သားတို့ လူလို နေရဦးမည်။ ယခုသော် ထိုသို့ မဟုတ်မူဘဲ ဗိုလ်ချုပ်နေ၀င်း၏ ၂၆ နှစ်ကြာ ကျွန်ပြုမှု၊ ဗိုလ်ချုပ်စောမောင် ဗိုလ်ချုပ်သန်းရွှေတို့၏ ၂၂ နှစ်တာ ကျွန်ပြုမူအောက်တွင် မြန်မာပြည်သားတို့ ဖွတ်ဖွတ်ကြေလျက်ရှိသည်။ စာနယ်ဇင်းသမားတို့ အမှားကြီး မှားခဲ့သည်။ သင်ခန်းစာယူစရာပင်း)
မေးခွန်း - ၃။ ဒီဖြစ်ရပ်မှာ နိုင်ငံရေးသမားတွေကရော မှားသလား။ ဘာမှားသလဲ။
(သဲလွန်စ - နိုင်ငံရေးသမားတွေက ဒီလိုပါပဲလေ)
အဖြေ - နိုင်ငံရေးသမားတို့ မှားပါ၏။ သခင်လူငယ် ၃၀ ၀န်းကျင် စစ်ပညာသင်ယူခြင်းသည် ထိပ်တန်းလျှို့ဝှက်ထားရမည့် စီမံကိန်း မဟုတ်လော။ နိုင်ငံအတွက် ထိုမျှ အရေးကြီးသည့် အချက်ကို စာနယ်ဇင်းသမားတို့အား အသိပေးခြင်းသည် နိုင်ငံရေးသမားတို့၏ မဟာအမှားတော်ပုံပင်။

------------------

း)
ဘာသာရေးမှာ သုံးတဲ့ စကားလုံးတွေကို ဟာသ အဖြစ်နဲ့ မထည့်စေလိုပါ။
ReplyDeleteသင်တို့သည် ဗုဒ္ဓဘာသာဖြစ်လျှင် ပို၍ပင် မဖြစ်သင့်ပေ။
သင့်ကြောင့် ဘာသာ မပျက်စီးစေနဲ့။
သာဓု နဲ.ပတ်သတ်ပီးဟာသလုပ်ထားတာမရယ်ရပါ။ ပေါကြောင်ကြောင်နိုင်ပါသည်။ဘာသာရေးကိုစော်ကားသည်ဟုမြင်ပါသည်။နောက်ရှေင်ကျဉ်သင်.သည်။
ReplyDeleteတပတ်ကို၂ခါ၃ခါလောက်၇ယ်ချင်ပါသည်၊
ReplyDeleteNumber one answer is not that bad.
ReplyDeleteNumber three answer is also not bad.
The best one is number two answer.
တော်ပါတောာ့---
ReplyDeleteအရင်က ဗုဒ္ဓံသရဏံ ဂစ္ဆာမိ (ဆာမိ) နဲ့  ဂစ်မူတူး အငြင်းပွါးကြတဲ့ ဟာသလေးကို ဖတ်ရတုန်းက၊ ဘာသာရေးကို ထိခိုက်စေတဲ့၊ သဘောမျိုးလို့  ထင်စရာ မရှိပဲ၊ လွတ်လွတ်လပ်လပ် ရယ်ခဲ့ဖူးပါတယ်။ အခုဟာက ဟာသမမြောက်ပါဘူး။ ဟာသမြောက်တာ မမြောက်တာကတော့၊ ရေးတဲ့သူရဲ့ လက်ရာပြောင်မြောက်မှုအပြင်၊ ဖတ်တဲ့သူရဲ့ ဟာဒယကို ထိုးဆွနိုင်ရမှာ ဖြစ်ပါတယ်။ ကလိထိုးပြီး ရယ်စေချင်နေသလို ဖြစ်နေပါတယ်။ ကျနော့်အမြင်ပါ။ ကျေးဇူးပဲ။
ReplyDeleteအဲဒီလိုဘာသာရေးကိုဟာသမလုပ်စေချင်ပါ...လူငယ်တွေအမြင်မှားသွားနှိင်ပါတယ်.........
ReplyDelete