Pages

Sunday, June 26, 2011

ရယ်စရာ ပဟေဠိ အမှတ် ဝ၁၉ အဖြေများ


မေးခွန်း

၁။ သောကြာနေ့ (၂၄-၆-၂၀၁၁) မြို့၃မြို့ ဗုံးကွဲမှု ဘယ်အဖွဲ့ လက်ချက်လဲ။

၂။ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည် ဘယ်သူက နိုင်ငံရေးသမား ပီသသလဲ။ ဘာကြောင့်လဲ။

၃။ ထိုင်းဝန်ကြီးချုပ် အဖိဆစ်က ရှေ့တပတ် ရွေးကောက်ပွဲမှာ သူတို့ပါတီ နိုင်ဖို့ အသည်းအသန် ကြိုးပမ်းနေရတယ်။ နိုင်ငံတကာမဟာမိတ်ရှာနေတဲ့ ကြံ့ဖွံ့ပါတီက အဖိဆစ်တို့ကို ကူညီတဲ့အနေနဲ့ ကုန်တင်ကားတစီး ပို့ထားတယ် တဲ့။ အင်း - အဲဒီ ကားကြီးထဲ ဘာတွေ ပါပါလိမ့်။



သဲလွန်စ

၁။ ဗုံးရှိသူ
၂။ ဦးသိန်းစိန် ဖြစ်မယ် ထင်တယ်
၃။ ကိုယ်တွေ့

အဖြေ

၁။ ဗုံးထောင်တာတွေဟာ ဗုံးရှိတဲ့အဖွဲ့အစည်းတွေရဲ့ လက်ချက်ပေါ့။

၂။ ဦးသိန်းစိန်က နိုင်ငံရေးသမား ပီသသူပါ။ ရွှေပြည်အေးတရားဟောပြီး မကြာခင်ပဲ KIA ကို ၀င်ဆော်ပါလေရော။ အပြောတမျိုး အလုပ်တမျိုး ပုဂ္ဂိုလ်၊ မုသာဝါဒ မြတ်နိုးတဲ့ ပုဂ္ဂိုလ်၊ လူထု ချွတ်ခြုံကျနေပေမယ့် ခပ်တည်တည် နေနိုင်တဲ့ ပုဂ္ဂိုလ် ဆိုတော့ နိုင်ငံရေးသမား ပီသသူပေါ့။

၃။ ကြံ့ဖွံ့ပါတီက မစ္စတာအဖိဆစ်တို့အတွက် ကြိုတင်မဲတွေ ကားတစီးတိုက် ပို့ထားပါတယ်။ မလောက်ရင် ပြောပါ ထပ်ပို့မယ်လို့ ဆိုပါတယ်။ "၂၀၁၀ မြန်မာပြည်ရွေးကောက်ပွဲမှာ ငါတို့ တောင်ပြိုကမ်းပြို (landslide) နိုင်သွားတာ ဒီ ကြိုတင်မဲတွေကြောင့်ပေါ့ ခွန်အဖိဆစ်ရေ၊ ကဲ - မဲဆွယ်ခရီး ထွက်မနေနဲ့တော့၊ အိပ်ရေး၀၀အိပ်" လို့ ကြံ့ဖွံ့ပါတီက ပြောလိုက်ပါသေးတယ်။

း)

No comments:

Post a Comment