Pages

Monday, July 4, 2011

ရယ်စရာ ပဟေဠိ အမှတ် ဝ၂၀ အဖြေများ





မေးခွန်း ၁။ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ဖူးတဲ့ မီရှဲယိုး မြန်မာပြည် ၀င်ခွင့် မရှိတော့ပါဘူး။
သူ့ကို ဘာကြောင့် ပြည်ဝင်ခွင့် ပိတ်လိုက်တာလဲ။

သဲလွန်စ ၁ - အန်ကယ်ကြီးတို့က စိုးရိမ်လို့ပါ။

အဖြေ = ဒေါ်အောင်ဆန်းစုကြည်က သူ ပုဂံသွားနေတုန်း မီရှဲယိုးကို စည်းရုံးရေးခရီး ဆင်းခိုင်းမယ်၊ အဲဒီအချိန်ကျရင် ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေက လက်စွမ်းပြကြမယ်၊ မလေးရှားနိုင်ငံက သူ့နိုင်ငံသူ မီရှဲယိုးကို ထိလို့ ဒေါသထွက်မယ်၊ မြန်မာပြည် အာဆီယံ ငှက္ကဥ ဖြစ်ရေး သေချာပေါက် ကန့်ကွက်မယ် ဆိုပြီး အန်ကယ်ကြီးတို့က တွက်ချက် စိုးရိမ်နေလို့ပါ။


မေးခွန်း ၂။ မြန်မာပြည်သား အမျိုးသားတချို့က သူတို့ သတ္တိရှိတယ်ဆိုတာ အများသူငါ သိသွားအောင် ဘယ်လို လုပ်ကြသလဲ။

သဲလွန်စ - ဟောသမှာ!

အဖြေ = သတ္တိ ဆိုတဲ့ စာလုံးကို ဆေးမင်ကြောင် ထိုးလိုက်တာပါ။ ဒီတော့ သတ္တိ ရှိသွားဘီပေါ့။


မေးခွန်း ၃။ ရေဒီယိုကနေ မကြာခဏ ကြားရလေ့ ရှိတာက -
မြန်မာတွေ သတ္တိပြဖို့ တချက်ပဲ လိုပါတော့တယ် တဲ့။
ဘာလုပ်ဖို့ လိုနေတာလဲ၊ ဘာကို ဆိုလိုတာလဲ။

သဲလွန်စ - ကြည့်သောသူ မြင်၏။

အဖြေ = ဆေးမင်ကြောင် သတ္တိကို တပါးသူ မြင်အောင် လက်ထောင်ပြလိုက်ပါ။ ဖုံးနေရင်လည်း အင်္ကျီလက်မောင်း တချက် ပင့်တင်လိုက်ပါလေ။

း)


3 comments:

  1. ဧရာဝတီဘလော့က ယခုဥာဏ်စမ်းဗဟေဠိ အစီအစဉ်က သိပ်ဆွဲဆောင်မှုမရှိဘူးခင်ဗျ ဖြေသူလဲသိပ်မတွေ့ရသလို အစအနည်းငယ်ဖေါ်ပေးထားတာနဲ့ အဖြေတွေကလဲ တော်တော်ကိုကွာနေတယ် အခြားဥာဏ်စမ်းအစီအစဉ်လေးတခုလောက်ပြောင်း စီစဉ်ကြည့်ပါလားဗျာ

    ReplyDelete
  2. သဲလွန်စလွယ်လွယ်လေးပေး၇င် ဖြေလို့ ပိုကောင်းမယ်

    ReplyDelete
  3. yangonthu is correct, i guess.

    the answer should be easy to answer.

    on the other hand, it's fun to answer the difficult questions.

    ReplyDelete