Pages

Sunday, July 3, 2011

ရန်ကုန် ဗုံးလန့်

(ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း မှာ ဗုံးတွေ့တယ်ဆိုပြီး ဒီနေ့ နေ့လယ်မှာ ဗုံးလန့်ပါတယ်။ ဒါပေမယ့် စိုးရိမ်စရာမရှိကြောင်းနဲ့ သာမာန် အထုတ်တွေသာ ဖြစ်ကြောင်း ဖေ့စ်ဘုတ်မှာ ဘလော်ဂါတယောက်က ရေးထားတာ ပြန်မျှလိုက်ပါတယ်။)

ဗိုလ်အောင်ကျော်လမ်း အာလာဒင် (ကလေး ကစားကွင်း) အရှေ့မှာ ဗုံးလို့ယူဆရတဲ့ အထုပ်နှစ်ထုပ်ကို ဒီနေ့ နေ့လည် (ဂျူလှိုင် ၃ ရက်) ၁၂ နာရီမှာ တွေ့ရှိခဲ့ပါတယ်။ အဲဒီ အထုပ်နှစ်ထုပ်က စစ်တပ်က နေ့လည် တစ်နာရီလောက်မှာ လာဖွင့်သွားပါတယ်။ အထဲမှာ ပါတာတွေကတော့ မီးအိမ်တစ်ခု၊ တိုင်ကပ်နာရီတစ်လုံး၊ ဓာတ်ပုံအယ်ဘဏ် အသစ်တစ်အုပ်ဖြစ်ပါတယ်။ မိုင်းရှင်းတဲ့ အင်ဂျင်နီယာကို သွားမေးကြည့်တော့ ပေါက်ကွဲနိုင်တဲ့ ပစ္စည်းမပါဘူးလို့ ပြောပါတယ်။ (Credit - Soe ZeyaTun/Facebook)

No comments:

Post a Comment