မြန်မာ ဒု သံမှူး အမေရိကန်မှာ နိုင်ငံရေး ခိုလှုံခွင့်တောင်း
နိုင်ငံရေး ခိုလှုံခွင့်တောင်းတဲ့ ဒုသံမှူး ဦးကျော်ဝင်း (ဓာတ်ပုံ - RFA)
အမေရိကန်ဆိုင်ရာ မြန်မာသံရုံးက ဒု သံမှူး ဦးကျော်ဝင်းဟာ ဒီကနေ့မှာပဲ အမေရိကန်နိုင်ငံမှာ နိုင်ငံရေး ခိုလှုံခွင့် တောင်းခံလိုက်ပါပြီ။ တန်ပြန်စစ်ထောက်လှမ်းရေးက ဗိုလ်မှူး အောင်လင်းထွဋ်ပြီးရင် ဒုတိယမြောက် နိုင်ငံရေး ခိုလှုံခွင့်တောင်းတဲ့ မြန်မာ အစိုးရအဖွဲ့ထဲက အဆင့်မြင့်အရာရှိဖြစ်ပါတယ်။
ဦးကျော်ဝင်းက RFA သတင်းဌာနကို ပြောကြားရာမှာ သူ့အနေနဲ့ မြန်မာအစိုးရအပေါ်မှာ ယုံကြည်မှု ကင်းမဲ့သွားတယ်၊ ရွေးကောက်ပွဲ ကျင်းပခဲ့တာမှန်ပေမယ့် အမှန်ပကတိမှာ ဒီမိုကရေစီ အရိပ်အယောင် မမြင်တွေ့ရဘူးလို့ ပြောဆိုထားပါတယ်။
ဦးကျော်ဝင်းဟာ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနမှာ ၃၁ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အခု ဇနီးနဲ့ သားသမီး သုံးယောက်ပါ အမေရိကန်နိုင်ငံမှာ ရှိနေပါတယ်။
တော်လိုက်တာ စားလို့သောက်လို့ဝပီးး
ReplyDeleteအခြေအနေမဟန်တော့ ဟိုဘက်ကိုကူးတယ်
ဗျူဟာမြောက်တယ် ဟီး
ဘာပဲ ပြောပြော အခုလို ပြည်သူ့ဘက်ကို ကူးပြောင်းလာကြတာ ကြိုဆိုတယ်။တစ်ယောက်ရလည်း မနည်းဘူး။ နောက်ထပ် ပြည်သူ့ဘက် လာမယ့်သူတွေကိုလည်း ကြိုဆိုနေပါ့မယ်။ လာသာလာခဲ့ကြ။
ReplyDeleteAshat ma shi tax u
ReplyDeleteTa yat si myat nar nae
fatty yae refugee tout ma ya woo
ho din pae ya mae...lat wa!!!
A comment copied from the main Irrawaddy site:
ReplyDelete"သူဟာ လာဘ်စားသူ၊ အကျင့်ပျက်သူဘဲဖြ စ်ဖြစ်၊ ဒီကိစ္စဟာ Personal ဘဲဖြစ်ဖြစ် တာဝန်ရှိ သံတမန်
တယောက် အတွက် ခုလို ခိုလှုံခွင့်ေ တာင်းရတယ် ဆိုတာ မလွယ်ပါဘူး။ ဘ၀နဲ့  ရင်းရတာပါ . . . ဘယ်အစိုးရ
မှလဲ ခိုလှုံခွင့်ေ တာင်းတိုင်း ရော့ . အင့် ဆိုပြီး အလွယ်တကူေ ပးတာ မဟုတ်ပါဘူး။"
I think the quoted comment says all. Such a case of a diplomat taking such a risk shows that life of common people in Burma has become like hell.
ဘ၀နဲ့ရင်းတယ်လို့တော့မထင်ဘူး။တစ်သက်လုံး နို့သက်ခံ စို့ခဲ့ပြီး ပင်စင်ယူပြီးရင်အလကားမနေချင်လို့နေမှာဗျ။ ဘာပဲပြော ပြော အမေရိကန်မှာ မြန်မာအစိုးရ မကောင်းကြောင်းပြောပေးမှ ထမင်းစားရမဲ့မိသားတစ်စု တိုးလာတာပေါ့ဗျာ။
ReplyDeleteAbove person, You means Burma junta very good, may be for your family only.Ha..Ha..Ha.....
ReplyDeleteင၇ဲနဲ့ တူတဲ့စစ်ဘီလူးတွေ၇ဲ့ အုပ်ချုပ်ေ၇းဝဲဂ၇က်ထဲကထွက်လာနိုင်တာကြိုဆို၇မှာပေါ့။
ReplyDeleteAnonymous Anonymous said...
ReplyDeleteဘ၀နဲ့ရင်းတယ်လို့တော့မထင်ဘူး။တစ်သက်လုံး နို့သက်ခံ စို့ခဲ့ပြီး ပင်စင်ယူပြီးရင်အလကားမနေချင်လို့နေမှာဗျ။ ဘာပဲပြော ပြော အမေရိကန်မှာ မြန်မာအစိုးရ မကောင်းကြောင်းပြောပေးမှ ထမင်းစားရမဲ့မိသားတစ်စု တိုးလာတာပေါ့ဗျာ။
အပေါ်ကသူ ရေးတာ ထာက်ခံတယ်ဗျို့ အပြည့်အ၀ကို ထောက်ခံတယ် စားလို့ဝမှ ပြန်ရတော့မယ်ဆိုမှ ပြေးတာပါ ၀ါရှင်တန်ကိုမသွားခင် တစ်ရုံးလုံး ဒုက္ခပတ်ပေးသွားတယ်လို့ ပြောကြတယ်ဗျ
အရင်တစ်ယောက်တုံးကလည်း(ထောက်လှမ်းရေးဗိုလ်မှူးဟောင်း)သူတို့ခေတ်ကောင်းတုံးက ပြည်သူကိုရော၊ ဇာတ်တူသားရောစားခဲ့ပြီး ခုမှကြီးကြီးကျယ်ကျယ်နဲ့သူပဲ တိုင်းပြည်ချစ်သလိုလိုနဲ့ သူများငယ်ကျိုးငယ်နာဖေါ်တဲ့ နိုင်ငံရေးသမားလို လုပ်နေတာ ပြည်တွင်းကတကယ် နိုင်ငံရေးလုပ်ပြီး ထောင်တဲမှာ ဒုက်ခမျိုးစုံခံနေရတဲ့သူတွေကိုတော့ အာမနာ အရှက်မရှိရှောက်ပြောနေတယ်။ခုနထောင်တဲမှာရှိတဲ့ နိုင်ငံရေးသမားတွေကို ထောင်တဲရောက်အောင် ထဲ့ခဲ့တဲ့သူတွေထဲမှာသူလဲပါပါတယ်။ ခုမှ အသံကောင်း ဟစ်နေတာပါ။ ခုလဲလာပြန်ပြီတစ်ယောက်။ ပင်စင်ယူခါနီးမှပဲ အစိုးရမကောင်းတာကိုသိတယ်။ တကယ်ဆို ခြေတစ်ဖက်လှမ်းမှသိသင့်တယ်။ ပြည်တွင်းက ကိုယ်ကျိုးစွန့်ပြီးလုပ်တဲ့သူတွေကိုအားနာပါအုံး။ တစ်သက်လုံး အခွင့်ထူးခံ သံတမန်ဘ၀ ကိုခံစားခဲ့ပြီး ပင်စင်ယူခါနီးမှ စားပေါက်ချောင်အောင် အစိုးရမကောင်းပြောပြီးနိုင်ငံရေးခိုလှုံခွင့်တောင်းတဲ့ သူမျိုးဟာ ဘယ်တော့မှ သစ္စာရှိတဲ့သူမျိုးမဖြစ်နိုင်ဘူး။ လူမိုက်ဂုဏ်းဝင်ရင်တောင် အင်္ဂါရုပ်မကောင်းလို့ ဘယ်သူမှလက်ခံမယ်မထင်ဘူး။
ReplyDeleteပင်စင်ယူခါနီးမှပဲ အစိုးရအပေါ်ယုံကြည်မှုကင်းမဲရတယ်လို့ဗျာ။ ပင်စင်လစာတွေလဲတိုးပေးပါပြီလို့။ တစ်သက်လုံး အစိုးရ၀န်ထမ်းလုပ်ခဲ့ပြီး ခုမှအစိုးရမကောင်းကြောင်းပြောမှ ထမင်းစားရမဲ့ဘ၀ကိုရွေးလိုက်တာကတော့ အင်း သနားစရာပါဗျာ... ကျွတ် ...ကျွတ်..ကျွတ်၊ ပြီးရင် မြန်မာတစ်နိုင်ငံလုံးကထောင်ထဲမှာ ဒုက္ခမျိုးစုံခံပြီး ပြည်သူ့အကျိုးအတွက် အလုပ်လုပ်နေတဲ့ နိုင်ငံရေး အကျဉ်းသမားတွေကိုမှ အားမနာ တစ်သက်လုံးအစိုးရလစာစားပြိး ပင်စင်ယူမှ အစိုးရအပေါ်အယုံ အကြည်မရှိလို့ပြောတာ တော်တော်ကို အရှက်ကင်းမဲ့ပြီး မျက်နှာ ပြောင်တိုက်ရမဲ့ကိစ္စပဲဗျ။သနားစရာပါဗျာ။ တောင်းစားစရာ နေရာတစ်နေရာလောက်တော့ပေးသနားလိုက်ကြပါဗျာ။
ReplyDeleteအသက် ၅၉ နှစ်ရှိပြီဆိုတော့ ပင်စင်ကလဲနီးနေပြီလေ။
ReplyDeleteဝါရှင်တန်ကနေတာဝန်ပြီးရင် ပင်စင်ယူဖို့နီးပြီဆိုတာ သူ
ကပိုပြီးသိမှာပါ။မိသားစု ကလဲ အမေရိကန် မှာရှိနေမယ်
ဆိုရင်တော့ ဒါဟာဗျူဟာ မြောက်တဲ့အကွက် ပဲ.....
သားသမီး တို့ရှေ့ ရေးက လဲရှိသေးတယ်မလား......
ဘယ်သူ ပဲဖြစ်ဖြစ် ကိုယ့်အတွက်ကိုယ် လုပ်ကြတာများ
ပါတယ်....
မြန်မာအစိုးရကောင်းကွက်ကလည်း ပြောခြင်လို့တောင်ရှာ
ReplyDeleteလို့တွေ့မယ်မထင်.. မှန်တာပြောမှာပဲဟာ..ဘယ်လိုရည်ရွယ်ချက်နဲ့ပဲပြောပြော
ပြည်သူဘက်က ဝိုင်းပြောမယ်လူ တယောက်တိုးတာ
ကောင်း၏..
(ကိုမိုး..)
ခိုလှုံခွင့်တောင်းပြီးရင် မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် ဘာဆက်လုပ်မှာလဲလို့ မေးချင်တယ်။ တထောင့်တနေရာက ပါတာမျိုး ပဲ ဖြစ်ဖြစ်ပေါ့။
ReplyDeleteအရင်တုန်းက မြန်မာအစိုးရအကျိုးအတွက် နဲ့ မိမိ ကိုယ်ကျိုးအတွက်လုပ်ခဲ့တယ်။ အမှားကို သိပြီး နိုင်ငံရေးခိုလှုံခွင့် တောင်းပြီး သကာလ အမှန်ဘက်ကရပ်တည်ပြီးတော့ ဘာတွေများ လုပ်မယ် စိတ်ကူးထားပါသလဲ။
ဘာမှ ဆက်မလုပ်ဖြစ်ဘူးဆိုရင်တော့ အဲဒါ အခွင့်အရေးသမားပဲ။ အရင်တုန်းကလည်း ကိုယ်ကျိုးအတွက်၊အခုလည်း ကိုယ်ကျိုးအတွက်ဆိုရင်တော့ အခွင့်အရေးသမားပဲ။
အခုလိုအချိန်မှာမှ ခိုလှုံခွင့်တောင်းတာဖြင့် ဦးကျော်ဝင်း နောက်ကျောင်းကို သေချာဆန်းစစ်ဖို့လိုမယ်ထင်တာပဲ။ ရာထူးကနေ ဖယ်ရှားခံရဖို့နီးလို့ပဲလား..ဒါမှမဟုတ် ၀န်ထမ်းသက်တန်းကုန်ခါနီးလို့လား..ဒါမှမဟုတ်ရင် နအဖနဲ့ပေါင်းပြီး စားပိုးနှင့်အောင် စား၊ စုဆောင်းပြီးမှ နောက်ဆုံး သားသမီးတွေ ကောင်းစားရေးအတွက် ကြည့်ပြီး ခိုလှုံဖို့ လုပ်သလားတော့ မသိ။ ဘာပဲဖြစ်ဖြစ် ခုချိန်မှ ခုန်ချတာတော့ အကျဉ်းတန်အရုပ်ဆိုးသလားပဲ...
ReplyDeleteအပြုသဘောဆောင်တဲ့အမြင်တွေနဲ့လက်ခံလိုက်ကြပါ။
ReplyDeleteWe welcome Myanmar Government Consul Officer to join the people.
ReplyDeleteMyanmar civil servant diplomats are very poor.
They cannot get the most senior posts in their Embassy which are only for military officers.
The cars they use are twenty years old.
The suits they wear are ten years old.
The houses they live in are old and small.
Their salaries are very low.
That’s why they always ask income tax from us.
ဘယ်သူတွေဘာဘဲ ပြောပြော။ သူကတော့ အေးရာအေးကြောင်း ဖြစ်နေပြီပေါ့။ အားလုံး တစ်ယောက်တစ်မျိုး အမြင်တစ်ခုစီနဲ့ဘဲပေါ့ဗျာ။ အင်း ၅၉ ဆိုတော့ နီးတော့နီးနေပြီပေါ့ဗျာ။ သေဖို့ပြောတာပါ။ ပြည်တော်ပြန်ခါနီးဆိုတော့ တစ်ခုခုတော့ တွေးကြောက်နေရပြီပေါ့။ စစ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်တုန်းကလဲ မဟုတ်တရုတ် တစ်ခုမကလုပ်ပြီးပြီ စစ်အစိုးရသစ် လက်အောက်ကျတော့ လဲ နာမည်ကောင်းလေးများရမလားဆိုပြီး မဟုတ်တရုတ် လုပ်နေတော့ အင်း သူ့ကိုယ်သူတော့ သိနေမှာပါဘဲဗျာ။
ReplyDelete