Pages

Wednesday, July 20, 2011

ဟင်္သာတ ရေကြီး

ဂျူလိုင်လ ၉ ရက်နေ့ညကတည်းက သည်းသည်းမည်းမည်း အဆက်မပြတ်ရွာတဲ့မိုးကြောင့် ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ နှစ် ၂၀ အတွင်း ထူးထူးခြားခြား ရေကြီးနေတယ်လို့ သတင်းရပါတယ်။ ဆင်ခြေဖုံး ရပ်ကွက် ၃ ခုနဲ့ မြို့ပေါ်က ရပ်ကွက်၂ ခုမှာ အိမ်တွေတော်တော်များများ ရေမြုပ်ကုန်ပြီး လူသေဆုံးမှု၊ နေအိမ်တွေပျက်စီးမှုတော့မရှိဘူးလို့ ဟင်္သာတမြို့ခံတွေက ပြောပါတယ်။ ရေမြောင်းတွေပိတ်နေတာကြောင့် မိုးကြီးတော့ ရေဆင်းမကောင်းတော့ပဲ ရေမြုပ်တာလို့ ဆိုပါတယ်။ ဟင်္သာတမြို့ ပဒေသာဈေးကို ပိတ်လိုက်ရပြီး မြ၀တီ၊ ပင်လုံနဲ့ အေးမြသာယာ ရပ်ကွက်တွေမှာ ရေက ၄ ပေကျော်တက်နေတာကြောင့် ရေလွတ်ရာကို ရွှေ့ပြောင်းနေကြတယ်လို့ ဆိုပါတယ်။ ပန်းဘဲတန်းနဲ့ ဘုရားကြီးရပ်ကွက်မှာကတော့ ကားလမ်းပေါ်အထိ ရေမြုပ်နေတယ်လို့ သိရပါတယ်။

4 comments:

  1. အဲတော့ပြသနာဘဲအိမ်ကိုဖုန်းဆက်ကြည့်အုံးမှဘဲလွတ်ရဲ့လားမသိဘူး။

    ReplyDelete
  2. ဟင်္သာတအမတ်မင်း ဦးဌေးဦးက ဘာလုပ်နေသတုံး။

    ReplyDelete
  3. ဟင်္သာတာ ဆို တာ ငါတို့ကျောင်းတက်ခဲ့တဲ့မြို့ ပဲ.ပျော်စရာ အရမ်းကောင်း..ရှင်းရှင်းလေးပဲ..အိုး..ဖုန်းဆက်ဦးမှပဲ

    ReplyDelete
  4. ကျွန်တော့်ဇာတိမြို့ရေကြီးတာတွေ့လို့၊ စိတ်ထိခိုက်လို့ ထမင်း ၃ ၇က် မစားနိုင်ဖြစ်ရပါတယ်။
    မြန်မာနိုင်ငံသားများ အားလုံး၊ နီးစပ်ရာ မြန်မာသံရုံးတွေကို ဒေါ်လာ လာလှူဖို့ မေတာရပ်ခံပါတယ်၊


    ဦးသောင်းထွှန်း
    သံအမတ်ကြီး
    မြန်မာသံရုံး၊ဘလဂျီယန်

    ReplyDelete