ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် အကြား နွေးထွေးသော ဆက်ဆံရေးကို မတွေ့ရဘဲ နှစ်ဦးစလုံးရဲ့ မျက်နှာမှာ (ဓာတ်ပုံပါအတိုင်း) အများအားဖြင့် အနည်းငယ်တင်းမာနေပြီး ပြုံးရွင်သည့် အမူအယာများ မတွေ့ရကြောင်း သတင်းစာရှင်းလင်းပွဲ တက်ရောက်သည့် သတင်းထောက်များက ဆိုကြပါတယ်တဲ့။ သတင်းအပြည့်အစုံကိုတော့ ဒီနေရာမှာ ဖတ်ပါ။
၂၀၀၇ ကနေ အခုအထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်တို့ ၁၀ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။

ဒေါ်စု မျက်နှာ ကို ဖတ်ရသလောက်တော့ (ဓာတ်ပုံတွေ မှာဖော်ပြသလောက်ပေါ့လေ) တခုခု အဖုအထစ် တွေ့ ခဲ့ပုံလား ဘဲ။
ReplyDeleteပူးတွဲ ကြေငြာချက် က လဲ အလွန်အမင်း သံတမန် ဆန်နေတယ်။
လာရောက်တွေ့ ဆုံခဲ့ပါသည် ---ဆိုတာလဲ သိပ်ဘ၀င်မကျဘူး ဗျ။
အလိမ်ခံရဖန်များလွန်းလို့  သံသယတွေများနေတာလားလို့ လဲ ကိုယ့်ဘာသာ ကိုယ် ဆန်းစစ်နေမိပါတယ်။
ကောင်းသောနိဒါန်း၏ အစ ဖြစ်ပါစေလို့ ဘဲ ဆုတောင်းနေမိကြောင်းပါ ခင်ဗျာ။
စိမ်းလဲ့ ကန်သာမှာအစဉ်သဖြင့်စိမ်းကားသွားမှာကတော့ အားလုံးအတွက်မကောင်းပါဘူး၊ငြိမ်းချမ်းရေးမှာအဖြေရှိပါတယ်၊လုပ်ဆောင်သွားကြဖို့ ကတော့နှစ်ဖက်စလုံးမှာတာဝန်ရှိပါတယ်။
ReplyDeleteတိုင်းပြည်နဲ့လူမျိုးအပေါ်မှာ တကယ်စေတနာအစစ်(အမှန်) ရှိနေမှတော့ဖြင့်ဗျာ - စစ်ဘိုချုပ်တွေ ညှိနှိုင်းဆောင်ရွက်သင့်တာကြာလှပေါ့၊ အခုမှ ကလင်တန်အော်မှ အာစီယံသို့လောသို့လောဖြစ်မှ ပြယုတ်လေး ဓါတ်ပုံရိုက်ယုံလေး တွေ့တာတော့ဗျာ၊ အာဏာရှင်နဲ့ အချိန်ဆွဲဗျူဟာ က ခုထိလက်သုံးနေတုန်းပါပဲ၊ NLD ရော ဒေါ်စုရော ကျနော်တို့ ပြည်သူပြည်သားတွေပါ စုပေါင်းပြီး ကိုယ့်သမိုင်းကိုယ်ရေးလိုက်ကြတာပိုမြန်ဆန်ပါလိမ့်မယ်။
ReplyDeleteတခြားဘာအကြောင်းတွေ ဆွေးနွေးတယ်ဆိုတာ မသိရပေမဲ့ အစိုးရဆီက clear message ဖြစ်တဲ့ လူမှုရေးအဖွဲအစည်း တစ်ခု အဖြစ်ဖြစ်.. ဒါမှမဟုတ် နိုင်ငံရေးပါတီ တစ်ခုခုအဖြစ် မှတ်ပုံတင်ပြီးမှပဲ တရားဝင်အဖွဲ့အစည်း အဖြစ်ဆက်လက်လှုပ်ရှားခွင့် ရမယ်ဆိုတဲ့ အကြောင်းကတော့ အဓိကဆွေးနွေးတဲ့ ခေါင်းစဉ် တစ်ခု ဖြစ်ခဲ့မှာ သေချာပါတယ်.. အစိုးရဘက်က ဒါကို ဘယ်လိုဖြေရှင်းမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ဒေါ်စုကို တိုက်ရိုက် အသိပေးတာဖြစ်နိုင်ပြီး အဲဒါကို ဘယ်လို ရှောင်ရှားကြမယ်ဆိုတာကို ဆွေးနွေးကြတာ ဖြစ်နိုင်ပါတယ်.. ဒါကပဲ ဒေါ်စုကို မကြည်မလင်မျက်နှာ ဖြစ်နေစေခဲ့သလားလို့ ခန့်မှန်းမိတာပါပဲဗျာ.. ဘာပဲပြောပြော လူကြီးတွေ အဆင်ပြေပြေ လက်တွဲလုပ်သွားစေချင်တာတော့ တကယ့်ဆုတောင်းပါပဲလေ.. သူတို့တဲ့မှ ကျွန်တော့်နိုင်ငံလဲ အသက်ရှုချောင်မယ် မဟုတ်လားဗျာ..
ReplyDeleteမောင်သတိ
ကျွန်တော်တို့အားလုံး အထူးသတိပြုကြရမှာက “သတိ” ပါဘဲ။
ReplyDelete(ကိုသစ္စာ)