Pages

Friday, July 1, 2011

ပုဂံခရီး

photo by Dennis Walton

ဒေါ်အောင်ဆန်းစုကြည် ပုဂံသွားမည်၊ ခရီးဝေးသောကြောင့် လေကြောင်းဖြင့် သွားမည်ဟု ဧရာဝတီ သတင်းဌာနက ရေးလိုက်သည်။

ရန်ကုန်မှ ထောက်လှမ်းရေးများ အလုပ်ရှုပ်သွားသည်။

ဘယ်တော့ သွားမှာလဲ၊ ဘယ်သူတွေ ပါသလဲ၊ ဘယ်တော့ ပြန်လာမလဲ၊ ဘယ်လေကြောင်းလိုင်းလဲ၊ အင်္ကျီ ဘာအရောင် ၀တ်သွားမှာလဲ ဆိုတာတွေ အထက်ကို အမြန်ဆုံး အစီရင်ခံနိုင်ရေး၊ သူ့ထက်ငါဦးရေး အသည်းအသန် လှုပ်ရှားတော့သည်။

ရန်ကုန်တခွင် လေယာဉ်လက်မှတ် အရောင်းဆိုင်များကို တဆိုင်ဝင် တဆိုင်ထွက် သွားမေးကြလေသည်။

လေယာဉ် လက်မှတ်ရောင်း ဧဂျင့်တွေ မြွေကိုက်တော့သည်။

"ဒေါ်အောင်ဆန်းစုကြည်ကို လက်မှတ်ရောင်းလိုက်သလား" ဟူသော မေးခွန်းကို နေ့စဉ် အမေးခံနေရသည်။

နောက်ဆုံးတွင် ထောက်လှမ်းရေးတဦးက ခရီးသွားအေဂျင်စီတခုထံမှ ၎င်းတို့ လိုချင်သည့် အချက်အလက်များ ရသွားလေသည်။

အချက်အလက်များယူပြီးနောက် ထောက်လှမ်းရေးက အရောင်းစားရေးကို ဟောက်စား လုပ်လိုက်သည်။

"ခင်ဗျား ဒီလို လက်မှတ်ရောင်းလိုက်တာ အပြစ်ကြီးတယ်နော်။ သူ ဘယ်သူလဲ ဆိုတာ ခင်ဗျား မသိဘူးလား" ဟု ဆိုသည်။

အရောင်းစာရေး ပြန်ပြောလိုက်ပုံက ဤသို့ ဖြစ်လေသည်။

"ကျုပ်တို့က သာမန်ပြည်သူဆို လက်မှတ် ရောင်းရမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်က သာမန်ပြည်သူလို့ သတင်းစာထဲ ရေးထားတာပဲ၊ မဟုတ်ဖူးလား"

;)

2 comments:

  1. ဖြေလိုက်တာ ပိုင်တယ်ဗျာ။
    ချက်ကျလက်ကျပဲ။ ဖြေလိုက်တဲ့လူကို ရွှေတံဆိပ်တောင်ပေးချင်စိတ်ပေါက်တယ်

    ReplyDelete
  2. ကောင်းလိုက်တဲ့ တင်ပြချက်၊၊ လေးစားပါတယ်

    ReplyDelete