Pages
▼
Thursday, July 14, 2011
ဝါရင့်မြန်မာသံတဦး US မှာ ခိုလှုံခွင့်တောင်း
ဝါရှင်တန် မြန်မာသံရုံးက နောက်ထပ် သံအရာရှိတယောက် မနေ့ကပဲ အဲဒီမှာ ခုန်ချလိုက်ပါပြီ။ သူကတော့ ပထမအတွင်းဝန် ဦးစိုးအောင် ဖြစ်ပါတယ်လို့ ဗွီအိုအေ အသံလွှင့်ဌာနက ဆိုပါတယ်။
ဒုသံမှူးကြီး ဦးကျော်ဝင်း ခုန်ကျအပြီး တပတ်အကြာမှာ သူ ခုန်ချတာ ဖြစ်ပါတယ်။
ဦးကျော်ဝင်းအမှုနဲ့ ပတ်သက်ပြီး စစ်ကြောစရာရှိလို့ ၂၄ နာရီအတွင်း လာခဲ့ဖို့ နေပြည်တော်က ဆင့်ခေါ်တာကြောင့် အမေရိကန်မှာ နိုင်ငံရေးခိုလှုံခွင့် ရုတ်တရက် တောင်းလိုက်တာလို့ ဆိုပါတယ်။
ဦးစိုးအောင်ဟာ နိုင်ငံခြားရေး ဌာနမှာ လုပ်သက် အနှစ် ၃၀ ကျော်ပြီလို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရာထူးက ပထမအတွင်းဝန် အဆင့်ပဲ ရောက်နေပါသေးတယ်။
သူတို့ဌာနမှာ “အကောင်” ဖြစ်နေသူတွေကတော့ ထုံးစံအတိုင်း စစ်ဗိုလ်တွေပါ။ လွှတ်တော်မှာက အခုမှ စစ်ဗိုလ် တမတ်သား ဖြစ်နေတာ၊ နိုင်ငံခြားရေး ဌာနမှာ၊ သံရုံးတွေမှာတော့ ဒီလိုဖြစ်နေတာ ကြာပါပြီ။
“တပ်ကလူတွေ ၀င်လို့ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ၀န်ထမ်းအဖွဲ့အစည်း အားလုံးက ပျက်တာပဲ” လို့ ဒုသံမှူးကြီး ဦးကျော်ဝင်းက ဗွီအိုအေကို ပြောလိုက်ပါတယ်။
ဒီအတိုင်းဆို - မြန်မာသံတမန်တွေ ဒီမိုကရေစီနိုင်ငံတွေမှာ ခုန်ချကြတဲ့ သတင်းတွေ ထွက်လာအုံးမယ် ထင်ပါရဲ့။
အမေရိကန်မှာနေချင်တာနဲ.ဘဲအကြောင်းအမျိုးမျိုးပြနေ တယ်။ ဒုက္ခသယ်လုပ်လိုက်ပါလား။
ReplyDeleteအရပ်သားဝန်ထမ်းစစ်စစ်တွေကိုရာထူးတိုးပေးဖို့ကိုကျ
ReplyDeleteတော့တီကိုဆားနဲ့တို့သလိုတွန့်တြိုကတယ်..ရာထူးတိုးပေးတဲ့အခါလဲ..လြူကီးဝေယျာဝစလုပ်ပေးတဲ့သူတွေ..
ပိုက်ဆံပေးနိုင်တဲ့သူတွေကိုတိုးပေးတယ်..စစ်တပ်ကဝင်လာတဲ့သူတွေဆိုအလကားနေရင်းတဆင်ြ့ပီးတဆင့်ရာထူးတက်နေတော့တာဘဲ..နေရာတိုင်း၊ဌာနတိုင်းမှာဒီလိုအဖြစ်မျိုးတွေရှိနေမှတော့..သာတဲ့ဘက်ကိုကူးကုန်ကြတာမဆန်းပါဘူး..ဒီအတိုင်းကြပ်ကြပ်လုပ်..နောက်ဆိုရင်ဒီ့ထက်ပိုဆိုးလာလိမ့်မယ်...။
absolutely right, Admin DG from MOFA U Tin Soe ask money to send the good assignment. Nobody take care of him.Carrier diplomats difficult to get the senior position.
ReplyDeleteHi Guy,
ReplyDeleteGood Job!
လတ်တလောဒုသံမှူး၊သံတမန်များခိုလှုံခွင်းတောင်းကြောင်းကျယ်ကျယ်လောင်လောင်သိရှိရသည်။ဘယ်အကြောင်းကြောင်းကြောင့်ခိုလှုံခွင့်တောင်းတောင်းအများပြည်သူများအနေဖြင့်သံသယရှိနေမည်မှာဖြစ်သည်။နိုင်ငံတကာရှိသံရုံးသံတမန်များအဆိုပါနိုင်ငံရောက်မြန်မာနိုင်ငံသားများအပေါ်မည်သို့ပြုမူဆက်ဆံသည်။နိုင်ငံသားများအကျိုးမည်မျှဆောင်ရွက်ပေးသည်ဆိုသည်ကိုသက်ဆိုင်ရာနိုင်ငံတွင်ရောက်ရှိနေသောမြန်မာနိုင်ငံသားများအသိပင်ဖြစ်သည်။နိုင်ငံခြားရောက်မြန်မာနိုင်ငံသားတစ်ယောက်အနေဖြင့်အဆိုပါနိုင်ငံရှိမြန်မာသံရုံဆိုသည်မှာဝင်ငွေခွန်ပေးဆောင်ရာ၊ပတ်စပို့နှင့်ဆက်စပ်သည့်ကိစ္စဆောင်ရွက်စရာနေရာဟုသာသာမန်သိထားပြီးအခက်အခဲရှိပါကမြန်မာသံရုံးတွင်အကူအညီတောင်းမည်ဟူသောအတွေးလားလားမျှမရှိအောင်စိမ်းကားထားသောနေရာဖြစ်သည်။ထိုနေရာတွင်ရှိသောသက်ဆိုင်ရာအရာရှိအမှုထမ်းများသည်စစ်ဗိုလ်နောက်ခံဖြစ်စေ၊သာမန်အရပ်သားဝန်ထမ်းဖြစ်စေမြန်မာနိုင်ငံသားများအဖို့နှစ်သက်ရိုသေစရာရှိလောက်သူများမဟုတ်ပါ။မြန်မာနိုင်ငံတွင်းကဲ့သို့ပင်ပွဲစားများနှင့်ပေါင်းစားကပ်စားလုပ်နေသူများသာဖြစ်သည်။တကယ့်နိုင်ငံအကျိုးအတွက်ဆိုလျှင်ဗိုလ်ချုပ်မှူးကြီးလက်ထက်ကဘာကြောင့်ခိုလှုံခွင့်မတောင်းကြပါသလဲ။အမှန်ပြောရလျှင်ထိုခေတ်ကပိုစားကောင်းသောက်ကောင်းရှိပြီးယခုအခါအနည်းနှင့်အများအပိုဝင်ငွေများထိခိုက်လာသောကြောင့်လူအများအကြားကောင်းအောင်ဆင်ခြေပြချော်လဲရောထိုင်လုပ်ပြီးနိုင်ငံရေးခိုလှုံခွင့်တောင်းခံကြသောသာကူးများသာဖြစ်သည်ဟုကျွန်တော့်အနေနှင့်မှတ်ယူရမည်သာဖြစ်သည်။လူတိုင်းတွင်မတူညီကွဲပြားသောအမြင်ရှိသည့်အလျောက်အခြားသူများမည်သို့မှတ်ယူသည်ဆိုသည်မှာလွတ်လပ်စွာယူဆနိုင်ခွင့်အခွင့်ရေးသာဖြစ်သည်။နောက်ဆုံးထိုခိုလှုံသူများကိုမေးချင်သည်မှာခိုလှုံခွင့်တောင်းသည်မှာအရေးမကြီးပဲနောက်နောင်ပြည်ပမှနေ၍မြန်မာနိုင်ငံသားများအကျိုးမည်သို့တစ်ဘက်တစ်လမ်းကအကူအညီပေးရမည့်အရေးကသာအရေးကြီးကြောင်းရေးသားအပ်ပေသည်။
ReplyDeleteAny spy matter
ReplyDeletehe is a spy...betray our country..
ReplyDeleteဒါပါပဲ။ အမေရိကန်မှာနေချင်လို့ ခါတော်မီ ခွင်ဆင်လိုက်တာပါပဲ။ ရှေ့သွားဆရာကြီးတွေရှိတော့ လမ်းပေါက်သွားပီပေါ့။အဲဒီလူတွေ အကုန်လုံးဟာ တချိန်က နိုင်ငံရေးလှုပ်ရှားသူတွေကို ရန်သူလိုသဘောထားကြသူတွေပါပဲ။ ဒုက္ခတွေဘယ်လိုပေးခဲ့လဲဆိုမေ့မနေကြပါနဲ့။ တော်ယုံတန်ယုံအကပ်နဲ့ အမေရိကန်သံရုံးကို မရောက်ကြပါဘူး။ ချီးကြူးမစောကြပါနဲ့။
ReplyDelete