.

သြစတြေးလျကို တပတ်အတွင်း သွားတော့မယ့် Kham Kap Thang Taithoul တို့လင်မယား နဲ့ ကလေး ၂ ယောက်
ဒီမိသားစုက မလေးရှားရောက် မြန်မာပြည်သားတွေပါ။
မလေးမှာရှိတဲ့ UNHCR အသိအမှတ်ပြု ဒုက္ခသည် အများအပြားကို သြစတြေးလျက လက်ခံမယ့် အစီအစဉ်အရ သြစတြေးလျကို သွားမယ့် ပထမအသုတ်ထဲ ဒီမိသားစု ပါဝင်တယ် လို့ www.smh.com.au ၀က်ဆိုက်မှာ ရေးထားပါတယ်။
သူတို့ရဲ့ ဒေသသစ်၊ ဘ၀သစ် ခရီးအကြောင်း အတည်ပြုချက်ကို သိရတာ ၂ ပတ်ပဲ ရှိပါသေးတယ် တဲ့။
ဒီအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်မိတယ်၊ သို့ပေမယ့် မလေးမှာ သောင်တင်ပြီးကျန်ခဲ့မယ့် ဒုက္ခသည်များအတွက်တော့ စိတ်မကောင်းဖြစ်မိပါတယ် တဲ့။
သူ့ကလေးများရဲ့ အနာဂတ်ပညာရေးအတွက်လည်း အင်မတန် ၀မ်းသာနေပါတယ် လို့ ဖခင်ဖြစ်သူက ဆိုပါတယ်။
ဇနီးရဲ့ အမည်က Niang Lam Cing
သမီးကြီး Cing San Lun က အသက် ၄ နှစ် ရှိပါပြီ။
သား Hau Muon Khai က ၂ နှစ်။
သတင်းရဲ့ အစပိုင်းမှာတော့ Kham Kap Thang Taithoul မြန်မာပြည်မှာတုန်းက စစ်တပ်ရဲ့ မတရားမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်၊ စစ်တပ်အတွက် လုပ်အားပေးခဲ့ရတယ်လို့ ဆိုပါတယ်။ ဘယ်လိုဘယ်ပုံ လုပ်အားပေးခဲ့ရတယ်ဆိုတာ ဖော်ပြမထားပါ။
.
useless
ReplyDeleteဘာဘဲပြော်ပြော်မိသားစုဝမ်းသာနေတဲ့ပုံလေးကြည့်ပြီးထပ်တူကြည်းနူးမိပါတယ်
ReplyDeleteအလကားလူလိမ်တွေ။unရုံးကကောင်တွေကလည်းလူလိမ်တွေ။အလကားလုပ်စားတွေ။
ReplyDeleteအလကားလူလိမ်တွေ။unရုံးကကောင်တွေကလည်းလူလိမ်တွေ။အလကားလုပ်စားတွေ။
ReplyDeleteအထက်ပါပို့ကို ဖြုတ်သင့်ပါသည်..မနာလိုစိတ်မမွေးကြပါနဲ့သူများအဆင်ပြေတာ ၀မ်းသာုကပါ...ဗြမဟာစိုးတရား
ထာုးကပါ..ဗမာပြည်က သာမန်ပြည်သူမှန်သမျှဟာ အားလုံးဒုက္ခသည်တွေဖြစ်ပါတယ်..အားလုံးဟာဆင်းရဲဒုက္ခရောက်ပြီး ငတ်မွတ်ခေါင်းပါးဆင်းရဲတဲ့ဒုက္ခ .လုပ်အားပေးဒုက္ခ..ဧည့်စာရင်းတိုင်ရတဲ့ဒုက္ခ..ပေါ်တာလိုက်ရတဲ့ဒုက္ခ..အိုး ဒုက္ခသောင်းခြောက်တောင်ရင်ဆိုင်နေကြရတယ်...အဲဒါတွေ ဘာမှမလုပ်ရတဲ့လူက ဒုက္ခသည်မဟုတ်သလို..နွားအဖွဲ့ အစိုးရဟောင်းနဲ့.လက်ရှိုကံ့ဖွတ် အစိုးရရဲ့ ဘက်တော်သား လူတွေ ..အခွင့်ထူခံတွေ..လူလိမ်တွေသာဖြစ်တယ်...ပြည်သူဘဏ္ဍာတွေကိုလိမ်စားနေတဲ့လူတွေဖြစ်ပါတယ်...
တကယ်လုပ်တဲ့လူတွေအရမ်းနစ်နာပါတယ်။ ကိုမှန်လား လုပ်စားတာလားကိုဘာကိုသိပါတယ်။
ReplyDeleteလုပ်စားတာလားဘာလားမဝေဖန်လိုပါဘူး၊
ReplyDeleteဒါပေမဲ့သေချာတာကတော့၊
လူတိုင်းဟာကိုယ့်နိုင်ငံမှာသခင်လိုပဲနေခြင်
ကြမှာပါ၊သူများနိုင်ငံမှာကျွန်လိုတမျီုး၊ဒုက္ခသည်
အဖြစ်တဖုံနေနေရတာကတော့ဗျာ၊
ကိုယ့်နိုင်ငံချမ်းသာရင်၊လုပ်ခတွေကောင်းကောင်း
ရနေရင်၊လူနေမူမြင့်မားနေရင်၊ဒီမိုကရေစီ
အခွင့်အရေးတွေ၊လူ့အခွင့်အရေးတွေအပြည့်
အ၀ခံစားနေရရင်သွားပါ့မလား၊
ဒါကြောင့်ဒီလူတွေလုပ်စားနေတာပါလို့ကျုပ်
မပြောရက်ဘူး၊ဒီလိုပြောတာကိုကျုပ်တော့ကြား
ထဲကအားနာသလိုခံစားရတယ်။
Anonymous Anonymous said...
ReplyDeleteတကယ်လုပ်တဲ့လူတွေအရမ်းနစ်နာပါတယ်။ ကိုမှန်လား လုပ်စားတာလားကိုဘာကိုသိပါတယ်။
August 8, 2011 7:34 AM
Anonymous said...
အလကားလူလိမ်တွေ။unရုံးကကောင်တွေကလည်းလူလိမ်တွေ။အလကားလုပ်စားတွေ။
August 7, 2011 1:21 PM
တိုင်းရင်းသားတွေအကုန်လုံးဟာဒုက္ခသည်တွေပါ.
အကုန်လုံးဟာ ဗမာ အစိုးရရဲ့နှစ်ပေါင်း၆၀ကျော်နှိပ်စက်လို့ဒုက္ခရောက်နေကြတာ..သူတို့ကောင်းစားတဲ့အလှည့်ကျ ရင် မနာလို
မဖြစ်ကြပါနဲ့..သူတို့အကုန်ဒုက္ခသည်ဟုတ်မဟုတ်
ချင်းတောင်မှာဖြစ်ဖြစ်..ကရင်ဒေသမှာဖြစ်ဖြစ်..ရခိုင်မှာဖြစ်ဖြစ်..ရှမ်းပြည်မှာဖြစ်ဖြစ်..တစ်ပတ်လောက်သွားလည်ကြည့်ပါ..ပေါ်တာ ဒါမှမဟုတ် လုပ်အားပေး..ဒါမှမဟုတ် ဧည့်စာရင်း..ဒါမှမဟုတ် အတင်းအကျပ် ငွေကောက်တာ..ဒါမှမဟုတ်..လူမျိုးရေး အရ ရန်စောင်နေတဲ့ဗမာစစ်သားတွေ..စတာစတာတွေ ဒုက္ခ
ပေါင်းစုံကို မျက်ဝါးထင်ထင်တွေ့ရမှာပါ...