Pages

Thursday, August 11, 2011

၁ ဒေါ်လာကို မြန်မာငွေ ဘယ်လောက် ဖြစ်သင့်သလဲ

~




Acceptable dollar vs acceptable kyat bill, Yangon (Rangoon), Myanmar

တဒေါ်လာ ခြောက်ကျပ် ငွေလဲလှယ်နှုန်းကို ခေတ်စနစ်နဲ့ လျော်ညီအောင် ပြင်ဆင်မယ်၊ လုပ်ငန်းရှင် ပညာရှင်တွေကလည်း ဦးသိန်းစိန်တို့ကို အကြံ အမျိုးမျိုးပေးနေကြတယ်လို့ ဆိုတယ်။

ဦးသိန်းစိန်တို့ အိုင်ဒီယာ ထပ်ရအောင် ဧရာဝတီက ဗျူးထားတာလေးတွေ ဖော်ပြပေးလိုက်ပါတယ်။
မြန်မာပြည်သွားပြီး ဆွေးနွေးမယ့် IMF ဆရာတချို့လည်း ဒီအဖြေတွေ ဖတ်ထားတော့ အိမ်စာလုပ်ပြီးသား ဖြစ်ပြီပေါ့။ ကဲ -

ပထမဆုံး ဖြေဆိုသူက နိုင်ငံတော်ကိုချစ်သူတဦး ဖြစ်ပါတယ်။

"နိုင်ငံတော်က နိုင်ငံနဲ့ ပြည်သူတွေအပေါ်မှာ စေတနာထားပြီး လုပ်နေတာပဲ။ နိုင်ငံတော်က သတ်မှတ်ထားတဲ့ ၁ ဒေါ်လာ ၆ ကျပ်ဆိုတာ သင့်တော်ပြီးသားပါ။ ငွေကြေးကိစ္စနဲ့ ပတ်သက်ပြီး သတင်းသမားတွေ လျှောက်ရေးနေတာတွေကို နိုင်ငံတော်က သောက်ဂရု စိုက်မယ် မထင်ပါဘူး။
ထပ်ပြောမယ် - ငွေလဲနှုန်းကို ပြောင်းစရာ မလိုဘူး။ ပြောင်းလဲချင်သူဟာ အဖျက်သမားပဲ"

ဟောဒါက ရန်ကုန်မြို့က ဒေါ်လာစား ကုလသမဂ္ဂ၀န်ထမ်းတဦးရဲ့ အဖြေပါ။
"တဒေါ်လာကို ကျပ် တထောင် ပြန်ဖြစ်ရင် ကောင်းတာပေါ့။ တွက်ရ လွယ်တယ်လေ။ --- အဟိ"

အမည်မဖော်လိုသူ ဧရာဝတီသတင်းထောက် ကိုထွေးရဲ့ အဖြေက မလန်းဘူးလား။
"ကျနော်က စာနယ်ဇင်းသမား ဆိုတော့ ကြိုးစားပြီး မျှမျှတတ ရေးလေ့ရှိတယ်။ အရာရာကို မျှမျှတတလုပ်တာတောင် အကျင့် ပါနေပြီ။ နေ့တိုင်း နေ့တိုင်း ကျနော့်အိပ်ချိန်က ၁၂ နာရီ ရှိတယ်၊ ဒီလို အိပ်မှ မျှတမယ်လေ - ဟီးဟီး။
အခု အဗျူးခံရတော့လည်း မျှမျှတတ ဖြစ်အောင်ဖြေရမယ်။
ကဲ - ဘာမေးမှာလဲ။ ငွေလဲနှုန်းအကြောင်း - ဟုတ်လား။ လွယ်ပါတယ်လေ။
အင်း - အစိုးရပေါက်ဈေးက ၆ ကျပ်။ ပြင်ပပေါက်ဈေးက ၈၀၀ နီးပါး ဆိုတော့ကာ ဒီငွေလဲနှုန်း ၂ ခု ကြားထဲက ဂဏန်းတခုကို ယူလိုက်တာ ပိုသင့်တော်မယ်လို့ ထင်ပါတယ်။ ၄၀၀ ပေါ့ဗျာ၊ တဒေါ်လာကို ကျပ် ၄၀၀ ပေါ့။ ဟဲဟဲ"

ရန်ကုန်က အူကြောင်ကျားသင်တန်းဆင်းတဦးကတော့ ဟောသလို ဖြေလိုက်ပါတယ်။
"မြန်မာပြည်ရဲ့၂၀၀၈ အခြေခံဥပဒေက အမေရိကန်ရဲ့ အခြေခံဥပဒေနဲ့ တူတယ်လေ။ ဟုတ်လား။ တူနေတယ် ဆိုတော့ကာ၊ ဟုတ်လား၊ မြန်မာငွေဟာလည်း အမေရိကန်ငွေနဲ့ တူရမှာပေါ့။ ဟုတ်လား။
ဒါကြောင့် တဒေါ်လာဟာ တကျပ် ဖြစ်သင့်ပါတယ်"


း)


-

12 comments:

  1. ဟာသလုပ်တာလားဗျာ။တကယ်မှတ်လို့ လာဖတ်တာ။ဘာပဲဖြစ်ဖြစ် တစ်ဒေါ်လာ အနည်းဆုံး ၉၀၀လောက်ရှိရင်ကောင်းတာပေါ့။အဲဒါမှ မိသားစုကို ပိုက်ဆံပို့ရင် ပိုရမှာ -- ဟီး

    ReplyDelete
  2. ဟာသ လုပ်တာ မဟုတ်ပါဘူး ... တစ်ဒေါ်လာကို ၂၅၀ ကျပ်ဖြစ်သင့်ပါတယ် .. ရေရှည်ကြည့်ရမဲ့ ကိစ္စမို့ပါ ... ပြည်တွင်းကျပ်ငွေရဲ့ အနေထား ပြီးတော့ နိုင်ငံတကာနဲ့ယှဉ်လိုက်ရင်လဲ မြန်မာငွေ တန်ဖိုး မရော့အောင်လို့ပါ ..အရေးကြီးဆုံးက ဘယ်နိုင်ငံကိုဘဲ ရောက်ရောက်မြန်မာငွေကို လဲလှယ် အသုံးပြုနိုင်အောင်လုပ်ဖို့ကလဲ လိုပါသေးတယ် ... ခုတော့ မြန်မာငွေက ထိုင်း တရုတ် ဘင်္ဂလားဒေ့ရှ် ငွေတွေနဲ့ဘဲ ပြေးလွားနေရတယ် .. မကောင်းပါဘူး ..

    ReplyDelete
  3. သတ်မှတ်ထားတဲ့ဈေးနှုန်း ငြိမ်အောင်ထိန်းဖို့ မျှတတဲ့စီးပွါးရေးလုပ်ပိုင်ခွင့်နဲ့ တည်ငြိမ်တဲ့ပေါ်လစီလိုမယ်၊ မော်တော်ယဉ်၊ လောင်စာ၊ ဆက်သွယ်ရေးစနစ်တွေကို သူများနိုင်ငံမှာလို လွတ်လွတ်လပ်လပ်ရောင်းဝယ်တင်သွင်းဖို့၊ ဈေးနှုန်းကြပ်မတ်ထိန်းသိမ်းဖို့၊ ငွေမဲတွေဈေးကွက်ထဲမရောက်ဖို့ စတာတွေကို အရင်ဆောင်ရွက်ဖို့လိုမယ်၊ ဒီလိုမှမဟုတ်ရင် ဘယ်လောက်ပဲသတ်မှတ်မှတ် အတက်အဆင်းကြမ်းပြီး ဈေးကွက်လဲဖရိုဖရဲ ဖြစ်အုန်းမှာပဲ။

    ReplyDelete
  4.့ မြန်မာငွေ ၁ ကျပ် ကို အမေရိကန်ဒေါ်လာ၇၅၀ ဖြစ်သင့် တာပေါ့ ၊အစိုးရအသစ်ဆိုတော့မျှော်မှန်းချက်ကြီးကြီးထား၇မယ်

    ReplyDelete
  5. အဲလိုသတ်မှတ်လို့ ရလို့လားဗျာ... ကိုယ့် နိုင်ငံငွေကြေး အခြေအနေ နဲ့ အခြားသက်ဆိုင်တဲ့ ငွေကြေးဆိုင်ရာ အချက်အလက်တွေကို ချိန်ထိုးပြီးမှ ငွေလဲလှယ်နှုန်း သတ်မှတ်ရတာမဟုတ်လား... ဥပမာ-တစ်ဒေါ်လာနဲ့ ဆန်တစ်အိတ်ဝယ်လို့ရရင်၊ ကျပ်ငွေ တစ်ကျပ်နဲ့လည်း ဆန်တစ်အိတ်ဝယ်လို့ရနေရင် တစ်ဒေါ်လာ ဟာ တစ်ကျပ်နဲ့ ညီသွားမယ်... (ဒါ ဥပမာ ပြောတာပါ၊ ကျွန်တော်လဲ လူတတ် မဟုတ်ပါဘူးဗျာ...) အဲလို ကိုယ်ကြိုက်သလိုသာ နှုန်းသတ်မှတ်မယ်ဆို ကိုယ်ပဲ အရူးဖြစ်သွားမယ်...

    ReplyDelete
  6. ဟုတ်ပါ့ အပေါ်က Anonymous ဆန်အိတ်နဲ့ ဥပမာပေး ပြောတာဟုတ်သလိုဘဲ ဒါမှမျှတမှာပေါ့။ ၈၀၀ နဲ့ ၉၀၀ ကြားဖြစ်သင့်ပါတယ်။

    ReplyDelete
  7. အကောင်းဆုံးက ကျပ်ငွေကိုဆွဲတင်နည်းပါ။ ကျွန်တော်က လူတတ်မဟုတ်ပါဘူး။ ဆယ်တန်းတုန်းက ဘောဂဗေဒနဲ့ ကျွန်တော်ကျခဲ့ပြီး အပြင်ရောက်သွားတာ။ မြန်မာငွေ ၁ ကျပ်ကို ဒေါ်လာ ၆၀၀ နဲ့ညီမျှအောင်လုပ်မယ်ဆိုရင်အရမ်းကောင်းမှာပဲ။ ဒါဆို အနောက်နိုင်ငံကလူတွေ မြန်မာပြည်ကိုလာပြီး အလုပ်လုပ်ကြမယ်လေ။ ပျော်စရာကြီး။

    ReplyDelete
  8. ဒေါ်လာတွေဘယ်လောက်ဈေးကျကျ မြန်မာနိုင်ငံမှာဘယ်တော့မှ မကျတာကကုန်ဈေးနုန်းပဲ....
    တစ်ဒေါ်လာ ၆ကျပ်ဆိုလို့ကတော့ ....၆ကျပ်ပေးမယ်လေ တစ်ဒေါ်လာပေးမလား???????
    Think nicely before u do.....

    ReplyDelete
  9. ငွေလဲနှုန်းကို သတ်မှတ်ဖို့  စဉ်းစားနေတာကိုက မှားနေပါတယ်။ ဖြစ်သင့်တာက ငွေလဲနှုန်းကို အရှင်လွှတ်ထားရပါ့မယ်။ ဈေးကွက်က ဆုံးဖြတ်ပါလိမ့်မယ်။ တစ်ဒေါ်လာ ကျပ်ငွေ ဘယ်လောက် ရှိသင့်တယ် ဆိုတာထက် ငွေလဲနှုန်း တည်ငြိမ်ဖို့  ပိုအရေုးကီးပါတယ်။ ဒါမှသာ စီးပွားရေး ပုံမှန်လည်ပတ်ပြီး နိုင်ငံတကာနဲ့  အလုပ်လုပ်နိုင်မှာပါ။

    ReplyDelete
  10. တဒေါ်လာကိုဘယ်လောက်လို့သတ်မှတ်စရာမလိုဘူး။
    ဒီနေ့ လက်ရှိ ပေါက်နေတဲ့ နှုံးကိုဘဲ တန်ဘိုးသတ်မှတ်ရမှာဘဲ။
    နောင်ကိုလဲ ဒီလိုဘဲ နေ့စဉ်နှုံးရှင် ( Floating ) ထားရမှာဘဲ။
    လိုအပ်ချက်က သူ့ဟာသူ ပြင်သွားလိမ္မယ်။
    ဘဒင်။

    ReplyDelete
  11. Government must stay out of currency value. It's not government's responsibility to valuate currency. The free market will decide the currency. The government's role is to secure the currency by reducing inflation and stabilize it.

    ReplyDelete
  12. all friends, the gov: offical usd price is updated in everyday. can not simply say 1 usd is 6 kyats. 6.25 ks ,6.5 ks or 6.** something like that ( you can ask to bank officers ). this figure is very important for The Central bank of Myanmar. to fix the exchange rates of usd and kyats is not so simple and easy.IMF experts will come and give suggestion about that but ,not so easy ,it is very complicated.

    ReplyDelete