Pages

Monday, August 15, 2011

လူထုကြားထဲက သူတို့ နှစ်ဦး

ဆယ်စုနှစ် နှစ်ခုကြာ ဒီမိုကရေစီအရေး ဆောင်ရွက်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်နဲ့ အိမ်နီးချင်းက အမျိုးသမီးဝန်ကြီးချုပ် အသစ်စက်စက်တို့ရဲ့ လှုပ်ရှားမှုပုံတွေပါ။

ထိုင်းဝန်ကြီးချုပ် အသစ်စက်စက် ယင့်လပ် ရှင်နာဝပ်ကို မနေ့က ချင်းမိုင်မြို့ ဈေးတခုထဲမှာ မြင်ရပုံပါ (ဓာတ်ပုံ - EPA)။ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မိုးများပြီး ရေကြီးတာကို လာရောက်ကြည့်ရှုစစ်ဆေးရင်း ဒေသခံတွေနဲ့ ရင်းနှီးမှု ယူတာ ဖြစ်ပါတယ်။ သူတို့ ထိုင်းပါတီတွေ မဲဆွယ်တုန်းက ဝန်ကြီးချုပ်လောင်းတွေ ဒေသခံလူထုထဲ ဆင်းပြီး အသားကင်တာ၊ လက်ဖက်ရည်ဖျော်တာတွေကို ပုံတွေ ဒီဘလော့ဂ်မှာ တင်ဖူးပါတယ်။

အောက်ကပုံကတော့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ယမန်နေ့က ပဲခူးမြို့ ခရီးစဉ်အတွင်း စာကြည့်တိုက်ဖွင့်ပွဲမှာ မြင်ရပုံပါ (ဓာတ်ပုံ - AP)။ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်မြောက်ပြီးနောက် ပထမဆုံး နိုင်ငံရေး ခရီးစဉ်ဖြစ်ပြီး ပြည်သူတွေက သောင်းသောင်းဖျဖျ ကြိုဆိုကြသလို အာဏာပိုင်တွေဘက်ကလည်း အကူအညီပေးတယ်လို့ သိရပါတယ်။




5 comments:

  1. Irrawaddyေ၇

    ယှဉ်မပေးပါနဲ့
    နိုင်ငံအတွက်ပေးဆပ်နေတဲ့ အမေနဲ့ ထိုတယောက်နဲ့ မယှဉ်သင့်ပါဘူး

    ReplyDelete
  2. ဟုတ်ပါတယ်။ ယင်လပ်နဲ့အမေစု လုံးဝမနှိုင်းယှဉ်ကောင်းပါဘူး။ ယင်လတ်က နိုင်ငံရေးလောကထဲကို ၀င်လာတာ လပိုင်းပဲရှိသေးတယ်။ သူတော်တာကို အများကလက်ခံလို့ ၀န်ကြီးချုပ်ဖြစ်လာပေမယ့် သူက အများအတွက် ဘာလုပ်ပေးမလဲဆိုတာကို အခုအထိမသိရသေးပါဘူး။ အမေစုက အများအတွက် ပေးဆပ်လာတာ ဆယ်စုနှစ် ၂ ခုကျော်နေပြီး။ ယင်လတ်လို မိန်းမမျိုးနဲ့နှိုင်းယှဉ်မဖော်ပြသင့်ပါဘူး။

    ReplyDelete
  3. forget about Su Kyi. just a useless idol.

    ReplyDelete
  4. To nw said.
    I am Dr. Thaung Htike.
    You dare not mention even your name.
    If you say to other you better show and prove how much you are useful.

    ReplyDelete
  5. ဟုတ်တယ် တို့အမေစုနဲ့နှိုင်းယှဉ်စရာ ပုဂ္ဂိုလ် မပေါ်သေးဘူး။

    ReplyDelete