Pages

Monday, August 15, 2011

မန္တလေးမှာ အင်တာနက်ဆိုင် ၁၀၀ လောက် ပိတ်လိုက်ရ


မန္တလေးမြို့မှာ အခုနှစ်ထဲ အင်တာနက်ဆိုင် ၁၀၀ လောက် ပိတ်သိမ်း ရပ်နားသွားတယ်လို့ Eleven Media Group ဝက်ဘ်ဆိုဒ်မှာ ရေးထားတာ ဖတ်လိုက်ရပါတယ်။ အဲလိုရပ်နားတဲ့ အထဲမှာ တကယ့်ဆိုင်ကြီးတွေလည်း ပါတယ်လို့ သိရပါတယ်။

ပိတ်ရတဲ့ အကြောင်းရင်းကတော့ ဆိုင်ခန်းခတွေ ဈေးမြင့်တာရယ်၊ ကော်နက်ရှင်က နှေးလွန်းတာရယ်ကြောင့် ဖြစ်တယ်လို့ သတင်းမှာ ရေးထားပါတယ်။

တနှစ်စာ နင့်နေအောင် ပေးရတဲ့ ဆိုင်ခန်းခ၊ ခဏခဏ ကျနေတဲ့ အင်တာနက် ကော်နက်ရှင်၊ မီးမလာလို့ မီးစက်နှိုးရတဲ့ လောင်စာဆီဖိုး၊ ဝန်ထမ်းငှားခတွေနဲ့မို့ ဆိုင်တွေ ပိတ်ကုန်တာလို့ ဆိုပါတယ်။

မန္တလေးမှာ အင်တာနက်ဆိုင် ၁၀၀၀ ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ (အသေးစိတ် ဖတ်ရန်)


No comments:

Post a Comment